Pages
Monday, March 30, 2015
Focus (2015)
လူလိမ် တစ်ယောက်ဖြစ်တဲ့ နခ်ကီ ( Nicky ) က တညမှာ ကလပ်သွားရင်းနဲ့ အတွေ့အကြုံနုသေးတဲ့ ဂျက်စ် ( Jess ) ရဲ့ ဖျားယောင်းခြင်းကို ခံရပါတယ်။
    Focus-2015-Movie
ဂျက်စ် ရဲ့ အကြံက နခ်ကီနဲ့ အဆင်ပြေနေတုန်း သ၀န်တိုတတ်တဲ့ ဂျက်စ် ရဲ့ ယောကျာ်းရောက်လာ ၊ နခ်ကီ ကိုငွေညှစ် ဖို့ဖြစ်ပေမယ့် နခ်ကီက သူတို့အကြံကို ဦးစွာဖော်ထုတ်လိုက်နိုင်ပြီး ဂျက်စ်ကို သူတို့အလုပ်က အာရုံမထွေပြားဖို့အရေးကြီးကြောင်း သင်ပေးခဲ့ပါတယ်။ 
နောက်ရက်မှာတော့ ဂျက်စ်က နခ်ကီရှိတဲ့နေရာကို တွေ့အောင်ရှာပြီး သူ့ဆီမှာ တပည့်ခံလိုကြောင်း ပြောပါတယ်။ 
focus-movie-trailer-starring-wil
နခ်ကီက ဂျက်စ်ကို နယူးအော်ရီလန်မြို့ ( New Orleans) ကိုခေါ်သွားပြီး နခ်ကီတို့ အဖွဲ့လိုက်လှုပ်ရှားတဲ့ ခါးပိုက်နှိုက်ခြင်း ၊ လိမ်ခြင်းစတဲ့ အမှုသေးသေးလေးတွေမှာ ပါဝင်စေခဲ့ပါတယ်။ သူမရဲ့ အရည်အချင်းကို ပြသနိုင်ခဲ့တဲ့အတွက် ဂျက်စ်က နခ်ကီရဲ့ အဖွဲ့သားဖြစ်လာခဲ့ပြီး သူတို့ နှစ်ယောက်ကြားမှာလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။  လူလိမ်အချင်းချင်း ဘယ်တော့မှ သံယောဇဉ်မထားမိဖို့ သူ့အဖေရဲ့ ဆုံးမခဲ့တဲ့စကားကြောင့် နခ်ကီက သူနဲ့ ဂျက်စ်ရဲ့ အချစ်ရေးကို အမြဲစိတ်အနှောင့်အယှက်ဖြစ်မိပါတယ်။ 
focus-margot-robbie
တစ်ရက်မှာတော့ ဘောလုံးပွဲကြီးတစ်ခုမှာ နခ်ကီ နဲ့ ဂျက်စ်တို့ နှစ်ယောက်ပေါင်းပြီး လောင်းကစားသမား လီယူဝမ် ( Liyuan ) ကို ချွတ်ခြုံကျတဲ့အထိ လိမ်ခဲ့နိုင်ပါတယ် ။ ဘောလုံးပွဲကအပြန်မှာ နခ်ကီက ဂျက်စ်ရဲ့ ဝေစုကိုခွဲပေးရင်း သူမကိုလမ်းခွဲခဲ့တဲ့အတွက် ဂျက်စ်အသည်းတွေကွဲခဲ့ရပါတယ်။ 
50390446c90209bc2b867b01be6aba5a
နောက် သုံးနှစ်ကြာပြီးတဲ့နောက် နခ်ကီက အာဂျင်တီးနားမြို့တော် ဘွန်နိုစ်အိုင်းရရိစ် ( Buenos Aires) မှာ ပြိုင်ကားမောင်းတဲ့အသင်းပိုင်ရှင် သန်းကြွယ်သူဌေး ဂါရီဂါ (Garriga) ဆီက အလုပ်လက်ခံထားတဲ့အချိန်ဖြစ်ပါတယ်။  ဂါရီဂါက သူ့အသင်း ချန်ပီယံဖြစ်ဖို့အတွက် မက်ခ်အီဝင် ( McEwen) အသင်းကို အနိုင်ရချင်နေသူဖြစ်ပါတယ်။ နခ်ကီရဲ့ အလုပ်ကတော့ ဂါရီဂါအသင်းမှာ စက်ပြင်ဆရာအဖြစ်ဟန်ဆောင်ပြီး ဂါရီဂါကို မကျေနပ်တဲ့အတွက် မက်ခ်အီဝင်အသင်းကို ကူညီဟန်ဆောင်ကာ မက်ခ်အီဝင်အသင်းထံ အရည်အသွေးညံ့တဲ့ ကားပစ္စည်းအတုများကို ရောင်းနိုင်ဖို့ဖြစ်ပါတယ်။ ပြိုင်ပွဲအကြို ဂုဏ်ပြုပွဲပါတီမှာတော့  ဂျက်စ်ကို ဂါရီဂါရဲ့ ရည်းစားအဖြစ်နဲ့ ပြန်တွေ့လိုက်ရတဲ့အခါ နခ်ကီ စိတ်မထိန်းနိုင်ဖြစ်ခဲ့ရပါတယ်။
www.hdfinewallpapers.com
  အဲ့ဒီနောက် နခ်ကီက ဂျက်စ်ကို ပြန်သိမ်းသွင်းဖို့ကြိုးစားရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကလည်း ပြန်အဆင်ပြေလာခဲ့ပေမယ့် ဂါရီဂါရဲ့ လုံခြုံရေးအရာရှိက သူတို့အပေါ်သံသယ၀င်လာတဲ့အခါ 
  အခုရေးပြခဲ့တဲ့ဇာတ်လမ်းအကျဉ်းက ဇာတ်လမ်းရဲ့ သုံးပုံနှစ်ပုံပဲ ရှိပါသေးတယ်။ အမှောင်လောကမှာ ကျင်လည်တဲ့ နခ်ကီနဲ့ ဂျက်စ်တို့ ဇာတ်သိမ်းမှာ ဘာတွေထပ်ကြုံရမလဲ ဆိုတာ သိချင်ရင် တိုက်ရိုက်ကြည့်ရှု နိုင်မယ့် link ( http://g2g.fm/forum/showthread.php?5733-Focus-%282015%29-720p-HDRip-Download-Online-Streaming ) နဲ့ ရုပ်ရှင်အမြည်းကိုလည်း တခါထဲ တင်ဆက်လိုက်ပါတယ်။ 
ဒီဇာတ်ကားမှာ နခ်ကီအဖြစ် အားလုံးသိပြီးဖြစ်တဲ့ လူမည်းမင်းသား ၀ီလ်စမစ် ( WIll Smith ) နဲ့ ဂျက်စ်အဖြစ် The Wolf of Wall Street ဇာတ်ကားမှာ နာအိုမီ အဖြစ် နံမည်ရခဲ့တဲ့ အသက် ၂၅ သာရှိသေးတဲ့  သြစတေးလျမင်းသမီးချော မားဂေါ့ရော်ဘီ ( Margot Robbie) က ပါဝင်သရုပ်ဆောင်ထားပါတယ်။ 
 အသက် ၁၈ နှစ်အောက်မကြည့်ရသတ်မှတ်ထားတဲ့ Rating R အဆင့်ရှိတဲ့ ဒီဇာတ်ကားက IMDB rating မှာတော့ 6.8 ရရှိထားပါတယ်။  ၀ီလ်စမစ်ရဲ့ ဟာသနှောတဲ့ သရုပ်ဆောင်ဟန်ကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ဒီဇာတ်လမ်းက ကြည့်ပျော်တဲ့ သာမန်ဇာတ်လမ်းတစ်ပုဒ်လို့ ထင်မြင်မိပါတယ်။ ထူးခြားတာကတော့ အက်မင် ဒီ review ကိုရေးနေချိန် မိနစ်ပိုင်းအတွင်းမှာပဲ ကြည့်ရှုသူပေါင်း တစ်သောင်းခွဲကျော်မှပေးတဲ့ IMBD rating က 6.9 ဖြစ်သွားခဲ့ပါတယ်ဆိုတာလဲ တဆက်ထဲပြောခဲ့ပါရစေ ။ 
Full Movie ကို Okkalanet ရှိ အသစ်ကြိုက်သူများ Folder ထဲတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်
The series of Shocks I had ( အချစ်ဝတ္ထု ချိုချိုလေး ♠♠♠ )
အချိန်ကား ၁၉၉၂ ခုနှစ်၊ မတ်လ၊ ဆယ်တန်းစာမေးပွဲ ပြီးခါစ။ အဖြစ်အပျက်ကား ၂၄နာရီပင် မရှိ။ ဒါပေမယ့် ဘဝတစ်ခုအတွက် အမှတ်တရ။ သတိတော့မရ၊ သို့သော် မေ့ဖြောက်ကားမရ။ ကျွန်တော်က အုတ်ကျင်းမှာ နေပါတယ်။ နယ်က အဒေါ်တစ်ယောက်က လှည်းတန်းက အနော်ရထာအိမ်ရာမှာ အခန်းတစ်ခု ဝယ်ထားပါတယ်။ ပင်စင်ပြီးရင် သူတို့ မိသားစုတွေ ပြောင်းလာမှာပါ။ အိမ်ခန်းကို အသင့်နေနိုင်အောင် အားလုံးပြင် ထားပါတယ်။ အဒေါ်ကတော့ နယ်နဲ့ရန်ကုန် သွားလိုက်၊ ပြန်လိုက်ပါ။ သူတို့မရှိရင် ကျွန်တော်ကို ညဖက် အိမ်စောင့်ခိုင်းပါတယ်။ မုန့်ဖိုးလည်းရသလို ကိုယ်ကြည့်ချင်တဲ့ ဗီဒီယိုကား ကြည့်လို့ရတဲ့ မဟာအခွင့်အရေး ပါနေတော့ မငြင်းပါဘူး။ အမေကလည်း ညီမအိမ်မို့ သဘောတူပါတယ်။ တနေ့တော့ သူတို့ မိသားစု မြန်မာပြည် အနှံ့ဘုရားဖူးခရီး ထွက်ပါတယ်။ ၂၊ ၃ပတ်လောက် ကြာတဲ့ ခရီးပါ။ နေ့လည်လောက် အိမ်ကထွက်၊ ဦးဝင်းနိုင် သင်တန်းတက်။ ပြီးရင် ဗီဒီယိုခွေငှား၊ လှည်းတန်းဈေး ပတ်၊ ဂိုးရှိုးစတိုး ဝင်ကြည့်။ ကျူရှင်မရှိရင် ကန်ဘောင်တက်။ ဟိုကြည့် ဒီငှေး။ ပြီရင် အဒေါ်အိမ်ပေါ်တက်။ ခွေကြည့်။ အိပ်။ မနက်ကျမှ အိမ်ပြန်။ ကျွန်တော်က သူငယ်ချင်းနည်းတာရယ်၊ တစ်ယောက်တည်းနေ တတ်တာရယ်နဲ့ အပန်းမကြီးပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ကျူရှင်မရှိတာနဲ့ ကန်ဘောင်ဘက် လျှောက်သွားခဲ့ပါတယ်။ လက်ဘက်ရည်ဆိုင် ထိုင်ပြီးတော့ တစ်ယောက်တည်း ကန်ဘောင်မှာ နေစောင်းခါနီး လမ်းလျှောက်ထွက် လာတဲ့ အချိန် ခပ်လှမ်းလှမ်းမှာ သမီးရည်းစား နှစ်ယောက် ခွန်းကြီး ခွန်းငယ် စကားများနေကျပါတယ်။ ပြီးတော့ အမျိုးသားက ကန်ဘောင်ဘက်ကနေ ဘက်စ်ကား မှတ်တိုင်ဘက်ကို ဆင်းသွားပါတယ်။ အသက်လတ်တန်း အရွယ် အမျိုးသမီး တစ်ယောက်တည်း ရှိုက်ကြီးတငင် ငိုပြီးကျန်ခဲ့ပါတယ်။ ကျွန်တော်လည်း သူရဲကောင်းလိုလို၊ ကယ်တင်ရှင်လိုလို သူနားချဉ်းကပ်ပြီး လက်ကိုင်ပဝါလေးကမ်းရင်း … … … “အစ်မ၊ ကျွန်တော် ဘာကူညီရမလဲ“ ကျွန်တော့်အမေးကို ဘာမှ မတုန့်ပြန်သေးဘဲ သူ့ရည်းစားလိုက်ပါသွားတဲ့ ကားကို ငှေးကြည့်နေပါတယ်။ ပြီးတော့ ကျွန်တော်ကို တချက်ပြုံးပြပြီး သူလက်ထဲက လက်ကိုင်ပဝါကို ထုတ်ပြပါတယ်။ 
 ဆက်လက်ဖတ်ရှု့ရန်
I Like sexy women 3 (Korean 2015 Love Movie )
Sunday, March 29, 2015
ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ (မှော်ဝန်းသားဦးခင်ညွန့်)
မဖတ်ရသေးသော သူများအတွက်
ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ (မှော်ဝန်းသားဦးခင်ညွန့်)
အောက်ပါလင့်တွင် အားရပါးရ ဒေါင်းလုပ် ရယူနီုင်ပါသည်
http://pc.cd/MTQ7
ရင်ကို ၀ုန်းဆန်စေသာ မေပန်းချီ ၏ Photo များ
May Pan Che
May Pan Che
May Pan Che
May Pan Che
May Pan Che
Saturday, March 28, 2015
မတ်လ (၂၂) ရက်နေ့က ရန်ကုန်၊ ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ CLOSEUP လန်းလန်းဆန်းဆန်း စုံတွဲတေး ဂီတဖျော်ဖြေပွဲ
Download
ဟိုဘက်ဒီဘက်မှတ်စု zaypya နေတိုး မိုးဟေကို ခင်ဝင့်ဝါ
အယုဒ္ဓယက အပြန် ( မြန်မာ့ နန်းတွင်း အချစ်ဇာတ်လမ်းကြီး ♥♥♥)
ြ မြန်မာသက္ကရာဇ် ၉၂၅ ခုနှစ်။
ဟံသာဝတီ နေပြည်တော်။
ဘုရင့်နောင် မင်းတရားကြီးလက်ထက် ဟံသာဝတီ နေပြည်တော်ကြီးတွင် ဗမာ၊ မွန်၊ ရခိုင်၊ ကသည်း၊ ရှမ်း
လူမျိုးပေါင်းစုံ နေထိုင်ကာ ကြက်ပျံမကျ စည်ကားနေချိန်။ ဘုရင့်နောင်သည် ဒုတိယမြန်မာနိုင်ငံတော်ကို
စတင်တည်ထောင်ခဲ့သော တပင်ရွှေထီးမင်းရ္တွဲ နောက် နိုင်ငံတော်ကို အပြီးတည်ထောင်ခဲ့သောမင်းလို့
ထင်ရှားကျော်ကြားခဲ့သည်။ ဘုရင့်နောင်မင်း လက်ထက် ဟံသာဝတီ နေပြည်တော်ကြီးသည် ကျုံးမြ္တိွုရိုးနဲ့
စနစ်တကျ တည်ဆောက်ထားပြီး မင်းတရားကြီး၏ ရွှေနန်းတော်ကြီးမှာလဲ ရွှေရောင် မှန်ရောင်
ပြောင်ပြောင်လက်လက်နဲ့ ကြီးကျယ်ခမ်းနား တင့်တယ်လှသည်။ ဘုရင့်နောင်မင်း လက်ထက် မြန်မာတို့ရ္တွဲ
သြဇာအာဏာသည် အိမ်နီးနားချင်းနိုင်ငံများအထိ သက်ရောက်ပျံ္တွနှံ့ခဲ့ပြီး ယိုးဒယားနိုင်ငံမှာ မြန်မာတို့ရ္တွဲ
လက်အောက်ခံနိုင်ငံ ဖြစ်ခဲ့သည်။
ဆက်လက်ဖတ်ရှု့ရန်
Wyne Su Khine Thein's One Lady Show In Yangon
SHOW ပွဲ Video တခုလုံးကို okkalanet ရှိ အသစ်ကြိုက်သူများ folder ထဲတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်
Download
My Girlfriend is Robot (2008) မြန်မာစာတန်းထိုး
2008 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဂျပန် အချစ်ဇာတ်လမ်းကားတစ်ကားဖြစ်ပြီး IMDB Rate 7.1 ရရှိထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ အချိန်ခရီးသွားပြီး ပြန်လာတဲ့ စက်ရုပ်မလေးက ဂျီရိုကို လိုက်ကယ်ပြီးတော့ ဂျီရို အတွက်စိတ်ထိခိုက်စရာတွေ ဖြစ်လာနိုင်မယ့်အရာတွေကို မဖြစ်အောင် လိုက်လံတားဆီးတာပါ လှည့်ကွက်တွေပါဝင်သလို..ဇာတ်သိမ်းမှာလည်း ဘယ်လိုမှမထင်မှတ်ထားအောင် လှပစွာ ဇာတ်သိမ်းထားတဲ့ ဂျပန်အချစ်ဇာတ်ကားကောင်းလေးတစ်ကားပါ
ရိုမန့်ဆန်တဲ့သူတွေကြည့်ရတာပိုပြီး သဘောကျမယ်ထင်ပါတယ် နှစ်ပိုင်းခွဲတင်ထားပါတယ်
credit to channelmyanmar
https://docs.google.com/uc?id=0B3G6iXPuQZFXODRpandNRERWSGs&export=download
https://my.pcloud.com/publink/show?code=IBn
Friday, March 27, 2015
The Imitation Game (2014) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး
ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျှို့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ပဲဖြစ်ခဲ့ပါတယ်။ ဗြိတိန်စစ်တပ်ဟာ ဒီ enigma ကိုဖော်နိုင်ဖို့ နိုင်ငံအတွင်းရှိ သချာင်္ပညာရှင်တွေ၊ cryptanalyst တွေကို Bletchley Park မှာ စုစည်းခဲ့ကြပါတယ်။ Bletchley Park ကိုလာရောက်ကြသူတွေထဲမှာ Alan Turing လည်းအပါအဝင်ပေါ့။ Alan Turing ဟာ ညာဏ်အင်မတန်ကောင်းတယ်၊ cryptology ကိုထုံးလိုကြေရေလိုနှောက် ကျွမ်းကျင်တယ်။ သို့ပေမယ့် ပေါင်းသင်းဆက်ဆံရေးကတော့အလွန်ညံ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားဘူး။ သူတို့ဟာ သူ့အလုပ်ကိုနှောင့်နှေးစေတာသာရှိမယ်လို့ သူကယူဆတယ်။ ဒီတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်တွေက ဘယ်ကြည်ကြလိမ့်မလဲ။ အထက်လူကြီးကရောတဲ့..........Alan Turing ဆိုတဲ့ငနဲကို ထုတ်ပစ်ဖို့ အကြောင်းပြချက်ရှာမတွေ့သေးလို့သာ ငြိမ်နေကြရတာဖြစ်ပါတယ်။ Alan က enigma ကိုဖော်ဖို့ လူ့စွမ်းအားနဲ့မဖြစ်နိုင်မှန်းသိတယ်။ လူ့ဦးနှောက်ထက်သာလွန်တွက်ချက်နိုင်တဲ့ စက်တစ်ခုကိုတည်ထွင်ဖို့သူကကြိုးပမ်းခဲ့တယ်။ အစကတော့ သူ့စက်အတွက် ငွေထောက်ပံ့ဖို့ Commander Denniston ကငြင်းဆိုခဲ့တယ်။ ဒီတော့ Alan ဘာလုပ်သလဲ.......။ Winston Churchill ဆီ တိုက်ရိုက်စာရေးတောင်းဆိုလိုက်တော့တယ်။ ရလဒ်အဖြစ် funding ရလိုက်ရုံမက decipher team တစ်ခုလုံးရဲ့ခေါင်းဆောင်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့် ငွေကုန်ကြေးကျခံထားတဲ့ Alan ရဲ့စက်ကြီးက အလုပ်ဖြစ်မလာသေးလို့ အထက်လူကြီးတွေသည်းခံစိတ်ကုန်လာခဲ့ပြီ။ Bletchley Park မှာ ဆိုဗီယက်သူလျိုရှိတယ်ဆိုတဲ့ ကောလဟလထွက်လာတဲ့အခါမှာလည်း Alan ကသံသယရှိစရာအကောင်းဆုံးသူဖြစ်နေတယ်။ Alan ဟာ တကယ်ပဲသူလျိုလား........၊ သူ့ရဲ့စက်ကြီးကရော အချိန်မီပြီးစီးနိုင်မှာလား။ Alan မှာ အဲဒီခေတ်က လူသိခံလို့မရတဲ့ လျို့ဝှက်ချက်ကြီးတစ်ခုလည်းရှိနေခဲ့တယ်။ အဲဒီလျို့ဝှက်ချက်ကိုရော Alan ဘယ်အချိန်ထိဖုံးကွယ်ထားနိုင်မလဲဆိုတာ...........................................။
အလန်ကျူ ရင်းကို ယခင်က ကျွန်တော် မကြားဖူးခဲ့ပါဘူး။(ကျွန်တော်တော်တော်ညံ့ခဲ့တာပါ။)
အဲ့ဒီ အလန်ကျူ ရင်းဆိုတာ ကျွန်တော်တို့ ယနေ့ခေတ်ကွန်ပျူ တာခေတ်အတွက် အစကနဦး အိုင်ဒီယာချခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါတဲ့။ ဒီဇာတ်ကားက အဲ့ဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုရိုက်ထားတာပါ။
သူဟာ ကမ္ဘာ့သမိုင်းကို ဖန်တီးခဲ့တဲ့ လူသားတွေထဲပါဝင်ခဲ့ပြီးတော့ လူ့အသက်ပေါင်း သန်းချီကို ကယ်တင်ခဲ့တဲ့ မဟာလူသားတစ်ဦးဖြစ်ပါတယ်။
(မဟာလူသားဆိုပေမယ့် Perfect ဖြစ်ခဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး)
ဒီလို Perfect မဖြစ်ပေမယ့် လူသားဆန်လွန်းတဲ့ လူတစ်ယောက်အကြောင်းကို ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းနဲ့တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ ကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။
IMDb Rating(8.1/10) နဲ့ Rotten Tomatoes (89%) ရရှိထားပါတယ်။
ဒီကားအပြီးမှာနိုင်ငံအတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ??? ဘာတွေ ပေးဆပ်ရဦးမလဲ??? ဆိုတာ
တွေးရင်းနဲ့ "Ask not what your country can do for you, ask what you can do for your country" ဆိုတဲ့ မိန့်ခွန်းကိုတောင် ပြန်သတိရမိပါတယ်။
Full Movie ကိုတော့ အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=XZm4kXZcrCExQbqEESM9sRsKTcpIBqXiEFV
credit to channelmyanmar
Tuesday, March 24, 2015
တကယ်လိုအပ်တဲ့အရာ (စိုင်းစိုင်းခမ်းလှိုင် သူရိယ ခင်ဝင့်ဝါ ဆုမြတ်နိုးဦး )
credit to freemyanmarvcd
ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ် -ဇာတ်သိမ်းပိုင်း ( အခန်းဆက် အချစ်ဝထ္တု ရှည်ကြီး )♥♥♥
“သီဟ .. မေးနေတာ မကြာဘူးလား ..“ “ဟင် မမ .. ဘာမေးလိုက်တာလဲ ?? ..“ “သီဟကကွာ … ဘာတွေ တွေးနေရပြန်တာလဲ .. မမ မေးတာက သီဟတို့ လောကကရော ဘယ်လိုပုံစံ ရှိလဲလို့ ..“ “အော် .. ဒါလား ..“ ယမရာဇာဆီ အတွေးက ရောက်နေသဖြင့် အခုမှ ကလျာဏီ ဘာကိုမေးသည်ဆိုတာ သီဟ နားလည်သည်။ သူ ကလျာဏီကို ဘယ်လို ရှင်းပြရမည်နည်း။ အတတ်နိုင်ဆုံး ကလျာဏီ နားလည်အောင် ရှင်းပြဖို့ သူကြိုးစားသည်။ “ကျနော်တို့ဆီမှာလဲ မမတို့ဆီမှာလို နိုင်ငံတွေ၊ မြို့တွေရှိတယ် .. မြို့ကြီးတွေဆိုရင် လူဦးရေ သန်းနဲ့ချီပြီးတော့တောင် ရှိကြတယ် … အဲဒီမှာ မိုးထိအောင်ဆောက်ထားတဲ့ တိုက်တာအဆောက်အအုံတွေ ရှိတယ် .. မြို့ပြက လူတွေဟာ တစ်နေရာကတစ်နေရာကို သွားဖို့ဆိုရင် စက်တပ်ယာဉ်တွေကို သုံးကြတယ် .. လေယာဉ်ပျံလို့ခေါ်တဲ့ယာဉ်ဆိုရင် လူတွေအများကြီးကို ကောင်းကင်ထက်ကနေ သယ်သွားပေးနိုင်တယ် .. နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့အတွက် ဆက်သွယ်ရေးကိရိယာတွေရှိတယ် .. အခုနောက်ပိုင်းပေါ်နေတဲ့ အင်တာနက်ဆိုတာကို သုံးမယ်ဆိုရင် မိုင်ပေါင်းထောင်သောင်းချီနေပြီး ဝေးပါစေ .. တစ်ယောက်ကိုတစ်ယောက် အနားမှာမြင်တဲ့အထိ စွမ်းဆောင်ပေးနိုင်တယ် ..“ “ဟင် .. တကယ်လား .. အဲဒါ မမတို့ဆီက မှော်ကြေးမုံနဲ့ တူတာပေါ့ နော် .. အဲဒါကို ဘယ်လိုခေါ်လဲ ..“ “အဲဒါကို ချက်တင်လို့ ခေါ်တယ် … “ “ချက်တင် ??? … ချက်အပေါ်မှာ တင်ထားရလို့လား …“
Monday, March 23, 2015
Perfume (မြန်မာစာတန်းထိုး) HD
စမွေးဖွားလာကတည်းက ငါးစိမ်းတန်း ညစ်ပတ်စုတ်ပြတ် အနံ့ဆိုးရွားတဲ့ ငါးဈေးတန်းမှာ အမှိုက်ပုံထဲ မွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ် ဒါပေမယ့် သူ့မှာ ပါလာတဲ့ ပါရမီကတော့ အင်မတန် အနံ့ခံစွမ်းအားကောင်းတာရယ် အနံ့တွေကို ခွဲခြားနိုင်ခြင်း ရှိမှုပါပဲ... သူ့မှာ စဉ်းစားဆင်ခြင်နိုင်စွမ်းသိပ်မရှိပါဘူး လိုချင်တာကိုပဲ သိတဲ စိတ်ပဲရှိပါတယ် သူ့ကို သနားလို့ အလုပ်ခေါ်ခိုင်းတဲ့ မွှေးနံ့သာများ ဖော်စပ်တဲ့ ဆရာတစ်ယောက်ဆီ ရောက်ရှိပြီး နောက် ကိုယ်ပိုင်ရေမွှေးတစ်ခု ထွင်ချင်လာပါတယ်... ဒါပေမယ့် သူထွင်ချင်တာကတော့ အပျိုစစ်စစ်များ ရဲ့ ကိုယ်သင်းမွှေးရနံဖြစ်ပြီး ထိုမွှေးရနံတွေ ရဖို့ မိန်းကလေးတွေကို ပေါင်းတင်အဆီထုတ်ပြီး ဖော်စပ်ရတာပါ ဒီလိုနဲ့ မြို့တော်မှာ အပျိုလေးတွေ ကိုယ်တုံးလုံးနဲ့ အသတ်ခံရတာ များများလာလို့ လိုက်လံ ဖမ်းစီးပြီး ရေမွှေးဖော်စပ်တဲ့ ကောင်လေးကို ဖမ်းမိသွားတဲ့ အခါမှာတော့....  Share From Thitsankhant
 Download Link ===========http://pc.cd/3cL7
မာလာဆောင်ရဲ့ချစ်ပုံပြင် နေတိုး ဖွေးဖွေး
ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ် - အပိုင်း - ၁ ( အခန်းဆက် အချစ်ဝထ္တု ရှည်ကြီး )♥♥♥
အခန်း (၁)
“သီဟ !!! တဲနောက်ဘက်ကို တာဝန်ယူ .. မျက်စိကို ရှင်ရှင်ထား ..“
တပ်စိတ်မှုးစိုင်းဗလ၏ အမိန့်ပေးသံအဆုံးတွင် သီဟနှင့်တကွ တပ်သားလေးယောက်သည် ခပ်လှမ်းလှမ်းတွင် ရှိနေသော တဲငယ်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့သည်။ အထက်ကပေးသည့် တာဝန်ကြောင့် သီဟတို့၏ အထူးတပ်စိတ်သည် လိုင်ဇာ၏ တောင်ကုန်းအမှတ် ၁၁၀၂ တွင် ရှိသော ရန်သူ့စခန်းကို ရှင်းလင်းရန် လျှို့ဝှက်စွာ ရောက်ရှိလာခဲ့တာ ဖြစ်သည်။ သတင်းအရဆိုလျှင် သီဟတို့ရှေ့တွင် ရှိနေသော တဲငယ်သည် အကြမ်းဖက်သမားများ၏ လျှို့ဝှက်လက်နက်များကို သိမ်းဆည်းထားရာ နေရာဖြစ်သည်။ ထို့အပြင် ဒီနေ့ ဒီအချိန်တွင် ရန်သူ့ဘက်က ခေါင်းဆောင်ပိုင်းအချို့ တွေဆုံဖို့ ချိန်ထားသည်ဟုလည်း သိထားသည်။ သို့ရာတွင် သီဟတို့ တဲငယ်၏ အစွန်ရှိ တောတန်းသို့ ရောက်နေသည်မှာ နေ့တစ်ပိုင်းကုန်တော့မည်။ သူတို့ ပုန်းနေရာမှ မျက်စိရှင်ရှင်ထားကာ ကြည့်နေပေမယ့် လူသူ အရိပ်အယောင်ဆို၍ ဘာဆိုဘာမှ မတွေ့။ ထို့ကြောင့်ပင် အချိန်ကြာလာသည်နှင့်အမျှ စိတ်မရှည်တော့သည့် တပ်စိတ်မှုးဆီမှ တဲငယ်ကို ရှင်းလင်းဖို့ အမိန့်သံ ထွက်လာတာ ဖြစ်သည်။
ဆက်လက်ဖတ်ရှု့ရန်
Sunday, March 22, 2015
Who Slept with Her / Hot for Teacher မြန်မာစာတန်းထိုး
Korea ကျောင်းသားဟာသဇာတ်ကားဖြစ်ပါတယ်။
Adult Movie ဖြစ်ပြီး Censored Version ဖြစ်တဲ့ ရုပ်သံလိုင်းကနေထုတ်ပြီးတင်ပေးလိုက်တာပါ။
ဇာတ်လမ်းကတော့ စည်းကမ်းကြီးကြီး ကျောင်းအုပ်ကြီးရှိတဲ့ ဘုန်းတော်ကြီးစာသင်ကျောင်းကို
လွတ်လပ်ပွင့်လင်း အနောက်တိုင်းဆန်တဲ့ ညှို့အားပြင်း ပြင်သစ်ဆရာမလေးရောက်လာပြီးတော့
ခပ်ဆိုးဆိုး တပည့်တွေနဲ့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ဟာသဖောက်ထားတာပါ။
IMDb Rating(6.1/10) ရရှိထားပြီး အပျော်သက်သက်သာကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီးတော့
၁၈ နှစ်မပြည့်သူတွေ လုံးဝမကြည့်သင့်တဲ့ ဇာတ်ကားပါ။
ကြည့်ရှု့ရန်....https://my.pcloud.com/publink/show?code=XZ6CqkZ5tE12yXAjnjlnW9wz1YLRJhiY5M7
Saturday, March 21, 2015
The Flash Season 1 EP 1 English Subttile
 Flash ကတော့ Marvel Comics ထဲက Hero တစ်ကောင်ကို အသက်သွင်းထားတာပါ ကျနော်တို့ ကြည့်နေကြ TV Series တစ်ခုဖြစ်တဲ့ Arrow မှာ Season 2 EP 11 မှာ စတင် ပါဝင်လာပါတယ်... ဇတ်ကောင် ခွဲတဲ့ ပုံစံလေးကလဲ အတော် လန်းသဗျာ... သူ့ ပုံစံ ကတော့ မွေးရာပါ ဥာဏ်ကောင်းလွန်းတဲ့ ဘယ်ရီ ဟာ ရဲမူခင်းစုံထောက်ပါ မှုခင်းဖြစ်ပွားတဲ့ နေရာမှာ ဘယ်လို အသေးအဖွဲ့ အစနအန လေးမဆို မြင်ပါတယ် တစ်နေ့ Arrow ဖြစ်တဲ့ အိုလီဗာကွင်း တို့ မြို့ကို အမှု စုံစမ်းဖို့ သွားရင်းက အပြန် သူအလုပ်ခန်း ထဲ ၀င်တုန်း သူတို့ မြို့မှာ ကြီးမားတဲ့ စမ်းသပ်ခန်း ပေါက်ကွဲမှု ဖြစ်ပါတယ် သူ့ကိုလဲ မိုးကြိုးပစ်သွားပြီး လျပ်စီးတွေ သူ့ ကိုယ်ထဲ စီးဆင်းနေပြီး မသေပဲ ကိုးမား ရောဂါ ရခါ မေ့မျှောသွားပါတော့တယ်... ထိုမြို့က နာမည်ကြီး သိပ္ပံ ဌာန ဖြစ်တဲ့ Star Lab မှ ဘယ်ရီအား ပြန်လည်ဆေးကုသ ပေးပြီး ၉ လ ကြာမှ ဘယ်ရီ ပြန်လည်နိုးထ လာပါတယ် ရိုးရိုးသာမန်လူအနေနဲ့ မဟုတ်ပဲ လူစွမ်းကောင်း လျင်မြန်လှတဲ့ လျပ်စီးကြောင်း Flash အနေနဲ့ပါ... ဒီထဲက စကားပြောခန်း တစ်ခုပဲ ကြိုက်မိပါတယ်... ဘယ်ရီဟာ သူ့ရဲ့ အပြေးနှုန်းနဲ့ ပြေးရင်း ခဏအတွင်းဆိုသလို Arrow နေထိုင်ရာ Starlin City ကို ရောက်ရှိသွားပြီး သူ့အဖြစ်အပျက်ကို Arrow ကို ပြောပါတယ်.. Arrow ဖြစ်တဲ့ Queen ကတော့ တစ်ခုပဲ ပြောပါတယ်.. သွား.. ဘယ်ရီ မင်းမြို့ကို ပြန်ပါ... မျက်နှာဖုံး တစ်ခု စွပ်ပါ မင်း မြို့ကို ကာကွယ် ပါ ဆိုပြီး ပြောတယ်.. မင်း ရတဲ့ အစွမ်း နဲ့ မင်းမြို့ ကိုစောင့်ရှောက်ပါ ပြည်သူတွေကို ကာကွယ်ပါ တဲ့ အဲ့ဒီလို ပြောပြီး Arrow က မျှားပစ်ပြီး တိုက်တွေပေါ်က ခုန်သွားတော့ Flash က ပြောတယ် သောက်လန်းကြီး တဲ့ Flash လျပ်စီးကြောင်းတွေနဲ့ အပြေးပြန်သွားတာကို စောင့်ကြည့်နေတဲ့ Arrow ကလဲ တိတ်တစိတ်လေး ရေရွတ်လိုက်ပါတယ် အတော်လန်းတာပဲ တဲ့ ကဲ ကျနော် ညွှန်းတာ များပြီ သေချာကြည့်ကြပါ အဆင်ပြေရင် တစ်ခြားအပိုင်းတွေ UP LOADING လုပ်ပေးမယ်...
 Download Link ============
 http://pc.cd/OcL7 
အာရွှီးတဲ့ကိုကို လူမင်း Bobby Soxer
မတ်လ (၁၃) ရက်နေ့က ရန်ကုန်၊ Junction Square Mall မှာ ကျင်းပခဲ့တဲ့ BSC Cosmetology ရဲ့ SUN CUT နေလောင်ခံ မိတ်ကပ် မိတ်ဆက်ပွဲ
Download
Thursday, March 19, 2015
Dead Sign 2013 (မြန်မာစာတန်းထိုး) Mobile Version
တရုတ်သရဲကားလေးတော့ တင်ပေးလိုက်ပြီနော် ကြည့်ကြပါ...
အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်
============
http://pc.cd/8FL7
Monday, March 16, 2015
ကျမချစ်သူဟာ မင်းသား ( ပညာပေး ဇာတ်လမ်းလေးပါ )
ဒီညနေ ဆိုင်ကို ရောက်တော့ လူတွေ တဆိုင်လုံး အပြည့် ဖြစ်နေသည် ။
သူဇာအောင် စိတ်ညစ်သွားသည် ။ အရင်လိုနေပါတယ် ဆိုမှ စက်တလုံးမှ မအားဘူး ..။
ဒီဆိုင် က အိမ်နဲ့ နီးလို့ သူဇာအောင် ပို သဘောကျ သည် ။ အရေးအကြောင်းဆို ဒီဆိုင်မှာ ရှိနေတယ် ဆိုတာ အမ မခင်သန်း လဲ သိလို့ ပြေးလာခေါ်နိုင် သည်လေ ။ အရေးအကြောင်းဆိုတာက အမေက သိပ်စိတ်ချရတာ မဟုတ်ဘူး ..။ ရောဂါ ဖေါက်ဖေါက်လာတတ်သည် ။
သူဇာအောင် ခေတ်မှီရောဂါ ရနေသည် ..။ ဘိန်းစွဲသလို စွဲနေသည် ..။ ညနေတိုင်း အင်တာနက်ဆိုင်ကို မထိုင်ရရင် နေလို့ထိုင်လို့ မကောင်းဘူး ။ အခု ပိုဆိုးတာက အွန်လိုင်းမှာကိုသားထွေး ဆိုတဲ့ လူနဲ့ ညိနေတော့ အင်တာနက် မ၀င်ရရင် သူဇာအောင် ရူးမတတ်ဘဲ ။
ဆက်လက်ဖတ်ရှု့ရန်
Friday, March 13, 2015
Munich
'Munich
For Unicode Readers
Munich
၁၉၇၂ ခုနှစ်က အနောက်ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ နွေရာသီအိုလံပစ်ပွဲတော် ကျင်းပနေတဲ့အခိုက် ကမ္ဘာကျော် အကြမ်းဖက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ BSO လို့အမည်ရတဲ့ Black September Organization အဖွဲ့က အစ္စရေးအားကစားသမား ၁၁ ယောက်ကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့မှုပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း တုန်လှုပ်ခြောက်ခြားသွားစေခဲ့တဲ့ ဒီဖြစ်ရပ်ဆိုးကြီးဟာ Munich Massacre ဆိုတဲ့နာမည်နဲ့ သမိုင်းတွင်ခဲ့ပါတယ်။
BSO ဟာ ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၁၉၇၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးအစိုးရနှင့် အစ္စရေးပြည်သူတွေကို တိုက်ခိုက်ဖို့အတွက် အဓိကရည်ရွယ်ပါတယ်။ BSO ဟာ Munich Massacre အပြီးမှာ နာမည်အရမ်းကြီးလာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်လာခဲ့ပါတယ်။
BSO ရဲ့ မြူးနစ်တိုက်ခိုက်မှုအပြီးမှာ ဥရောပနိုင်ငံတွေအားလုံးဟာ တန်ပြန်အကြမ်းဖက်စစ်ဆင်ရေး Counter-Terrorism ကို အလေးပေး ဆောင်ရွက်လာကြပါတယ်။ အဲဒိအကျိုးဆက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ တန်ပြန်အကြမ်းဖက်တိုက်ဖျက်တဲ့ အဖွဲ့အစည်းတွေ အလျှိုလျှိုပေါ်လာခဲ့ပြီး ဥရောပမှာတော့ စစ်တပ်မှလေ့ကျင့်ပေးတဲ့၊ လခစားအဖြစ် ရာသက်ပန်တာဝန်ထမ်းဆောင်ရတဲ့၊ ပရော်ဖက်ရှင်နယ် တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးသမားတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကျော် SAS စစ်သားတွေကိုယ်တိုင် အသိအမှတ်ပြုရလောက်အောင် ထူးချွန်ထက်မြက်လာကြပါတယ်။
မြူးနစ်တိုက်ခိုက်မှုဖြစ်ပွားပြီး ၂ ရက်အကြာမှာ Palestine Liberation Organization (PLO) ရဲ့ အခြေစိုက်စခန်းတွေကို အစ္စရေးလေတပ်မှ ဗုံးကြဲတိုက်ခိုက်ပြီး လက်စားချေပြခဲ့ပါတယ်။ ထို့နောက် မြူးနစ်အကြမ်းဖက်မှုကို အဓိကကြိုးကိုင်စီစဉ်ခဲ့သူတွေကို သူလျှိုတွေစေလွှတ်ကာ သတ်ဖြတ်ခိုင်းခဲ့ပါတယ်။ သူလျှိုတွေစေလွှတ်ပြီး လက်စားချေ တုံ့ပြန်တဲ့ အဲဒိစစ်ဆင်ရေးကို Operation Wrath of God လို့ လူသိများပါတယ်။
Operation Wrath Of God ဟာ Covert operation ဖြစ်ပါတယ်။ Covert Operation ဆိုတာက သေချာ Plan ချပြီး အသေးစိတ် အကွက်ချ စီစဉ်ထားတဲ့ စစ်ဆင်ရေးမျိုးကိုခေါ်တာပါ။ Operation Wrath Of God ဟာ Covert စစ်ဆင်ရေးထဲမှာ အကောင်းဆုံးစစ်ဆင်ရေးတွေထဲက တစ်ခု ဖြစ်ပါတယ်။ စစ်ဆင်ရေးဟာ စုစုပေါင်း နှစ်ပေါင်း ၂၀ ကျော်ကြာ ခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်စာကို အသေးစိတ်အကွက်ချ စီစဉ်ထားဖို့ဆိုတာ ဘယ်လောက်ထိ ခက်ခဲမယ်မှန်း မှန်းစကြည့်နိုင်ပါတယ်။
Operation Wrath Of God မှာ အဖွဲ့ခွဲပေါင်းများစွာ ပါဝင်ပါတယ်။ ထူးခြားချက်ကတော့ အဖွဲ့သားသူလျှိုတွေအားလုံးဟာ အရပ်သားတွေသာ ဖြစ်ပါတယ်။ စစ်တပ်မှ မဟုတ်ပါဘူး။ စစ်တပ်မှ လေ့ကျင့်ပေးထားတဲ့ အေးဂျင့်တွေလည်း မဟုတ်ပါဘူး။ ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့သူတွေအားလုံးဟာ သူလျှိုလုပ်ငန်းအတွေ့အကြုံ လုံးဝမရှိသူတွေ ဖြစ်ပါတယ်။ ဒီအချက်က covert စစ်ဆင်ရေးတွေထဲမှာ သူများနိုင်ငံတွေက စစ်ဆင်ရေးတွေနဲ့လုံးဝမတူတဲ့ အစ္စရေးရဲ့ ဗျူဟာပါပဲ။ ပိုပြီးတော့ အံ့အားသင့်စရာကောင်းတာကို ဗဟုသုတအနေနဲ့ ပြောပြရမယ်ဆိုရင် ကမ္ဘာကျော် အစ္စရေးထောက်လှမ်းရေးအဖွဲ့အစည်း Mossad တစ်ခုလုံးဟာ အရပ်သားတွေနဲ့သာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစ္စရေးက သူတို့ထောက်လှမ်းရေးအဖွဲ့ကို "ကမ္ဘာပေါ်မှာ ပြည်သူအချစ်ဆုံး ထောက်လှမ်းရေးအဖွဲ့"လို့ တင်စားပြောကြပါတယ်။
Munich ဇာတ်ကားဟာ Operation Wrath Of God ရဲ့ လုပ်ကြံမှု သူလျှိုလုပ်ငန်းတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Mossad ရဲ့ လှုပ်ရှားပုံတွေ၊ သူလျှိုတစ်ယောက်ရဲ့ ဒုက္ခဘဝတွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အငြိုးတေးထားပုံ၊ လက်စားချေပုံတွေ၊ လူ့အတ္တ၊ လူ့ဒေါသ၊ လူ့မောဟ၊ စတာတွေကို တွေ့မြင်ရမှာပါ။
ဒီဇာတ်ကားကို ဒါရိုက်တာကြီး  Steven Spielberg က ရိုက်ကူးထားတာ ဖြစ်ပြီး အဓိကဇာတ်ဆောင်အဖြစ် မင်းသား  Eric Bana နဲ့ အဲဒိတုန်းက ဂျိမ်းစ်ဘွန်းမင်းသား မဖြစ်သေးတဲ့ Daniel Craig တို့က သရုပ်ဆောင်ထားပါတယ်။ စတီဗင်စပီးလ်ဘာ့တ်ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး ဝေဖန်ရေးတွေ သိပ်ကြိုက်ကြတဲ့ဇာတ်ကားပါ။ အကယ်ဒမီဆုအတွက် ဆု ၅ ဆု စကာတင်စာရင်း ဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ကားရဲ့ဝင်ငွေကတော့ အင်မတန်နည်းပါးခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည်တင်ပြထားတာဖြစ်လို့ သမိုင်းကြောင်း မသိရင် ကြည့်ရတာ အရသာပေါ့နေမှာ အမှန်ပါ။ အဲဒါကြောင့် နောက်ခံသမိုင်းကိုပဲ ကျွန်တော် ရှင်းပြပြီး ရေးပေးလိုက်ပါတယ်။ ဇာတ်ကားနဲ့ပတ်သက်တာ ဘာတစ်ခုမှ ထည့်မရေးထားပါ။ မကြည့်ရသေးသူတွေကြည့်ကြမယ်ဆိုရင်လည်း spoiler မဖြစ်တော့အောင်ပါ။
ဇာတ်ကားကြည့်နေတုန်းမှာ တစ်ခုလေးကိုပဲ သေချာသတိထားပြီး ကြည့်ပေးပါ။ Spy (သူလျှို ) နဲ့ Informer (သတင်းပေး) နှစ်ယောက် ပြောတဲ့ Dialogue တွေကိုပါ။ မှတ်သားစရာ တအားကောင်းပါတယ်။'
FULL MOVIE ကိုတော့ okkalanet ရှိ အသစ်ထွက်ရှိသော movie ဇာတ်ကားများ folder ထဲတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်
Fiestar - You are PITIFUL ô
ညှို့အားပြင်းတဲ့ကကွက်တွေနဲ့အတူ......FIESTAR
တာင်ကိုးရီးယားနိုင်ငံသားလေးဦး၊တရုတ်နိုင်ငံသားတစ်ဦး
တို့နှင့်ဖွဲ့စည်းထားသော“FIESTAR” အဖွဲ့သည်“You`re Pitiful” တေးသီချင်းဖြင့်တေးလောကထဲကိုပြန်လည်ဝင်
ရာက်လာခဲ့ပါသည်။
မတ်လ၄ရက်တွင်ဖြန့်ချီခဲ့သောမီနီအယ်(လ်)ဘမ်
“Black Label”သည်သူမတို့စတင်ဖြန်ချီခဲ့သော
 တေးသီချင်းပုံစံတွေနှင့်ကွဲပြားနေခဲ့ပါသည်။သူမတို့၏
သီဆိုဟန်နှင့်အသံနေအသံထားတွေလည်းသစ်ဆန်း
ကောင်းမွန်နေပါသည်။
“You`re Pitiful” တေးသီချင်းကိုအမျိုးသားအကသမားတွေနှင့် အတူတွဲဖက်ကထားကြပါသည်။ကုလားထိုင် တွေနဲ့အတူဖန်တီး
ထားသောသူမတို့၏ကကွက်တွေသည်ညှို့အားပြင်းသောကကွက်
တွေအဖြစ်သတ်မှတ်ခဲ့ကြပါသည်။
Download
Thursday, March 12, 2015
Wednesday, March 11, 2015
The Fox Lover (မြန်မာစာတန်းထိုး)
'The Fox Lover (မြန်မာစာတန်းထိုး) Mobile Version
=====================================
ဟိုးအရင်တုန်းကတည်းက မြေခွေး နဲ့ လူသား ပေါင်းဖက်မရခဲ့ပါဘူး
မြေခွေးနတ် တွေဟာ လူသားတွေထက်တောင် ပိုချောပါသေးတယ်...
ဒီဇတ်လမ်းလေးကတော့ မြို့စားကြီးတစ်ဦးဟာ တစ်ချိန်က မြေခွေးမလေး
တစ်ကောင်ကို ကယ်တင်ခဲ့လို့ နှစ်ပေါင်းများစွာကြာတဲ့ အခါ မြို့စားကြီးကို
ကျေးဇူးပြန်ဆပ်ဖို့ သူမရဲ့ သမီးအချောအလှ ကိုးယောက် ထဲက တစ်ယောက်ကို
မြို့စားကြီးရဲ့ သားနဲ့ ပေးစားဖို့ ပြန်လည်ခေါ်ယူပြီး ပြောပါတယ်...
ဖြစ်ချင်တော့ မြို့စားကြီးရဲ့ သားဟာလဲ ကျပ်မပြည့်တဲ့ ရူးကြောင်ကြောင်
လူတစ်ယောက်ဖြစ်ပြီး မရွေးတက်တော့ မြေခွေးနတ်သမီးမကြီးဟာ စွန်တစ်ခုကို
လေပေါ်ဝဲပြီး ရွေးခိုင်းတဲ့ အခါ သမီးတွေ တစ်ဦးစီက မသိပဲ လိုက်လုကြပြီး
နောက်ဆုံး အချောဆုံးသမီးဖြစ်သူ မြေခွေးဖြူမလေးက ရရှိသွားပါတော့တယ်..
ကျပ်မပြည့်တဲ့ လူသားကို ယူရတော့မယ်ဆိုတော့ မြေခွေးဖြူမလေးက ညင်းပေမယ့်
နောက်ဆုံး မိခင် စိတ်ကို မလွန်ဆန်နိုင်လို့ ကျပ်မပြည့်တဲ့ မင်းသားလေးကို ယူမယ့်
အချိန်မှာပဲ လူသားတွေကို သတ်ဖြတ်နှောက်ယှက်နေတဲ့ လင်းနို့မကောင်းဆိုးဝါး များက
လာရောက်တိုက်ခိုက်တဲ့အခါမှာတော့.....
Download Link
===========
http://pc.cd/hEH7'
ဟိုးအရင်တုန်းကတည်းက မြေခွေး နဲ့ လူသား ပေါင်းဖက်မရခဲ့ပါဘူး
မြေခွေးနတ် တွေဟာ လူသားတွေထက်တောင် ပိုချောပါသေးတယ်...
ဒီဇတ်လမ်းလေးကတော့ မြို့စားကြီးတစ်ဦးဟာ တစ်ချိန်က မြေခွေးမလေး
တစ်ကောင်ကို ကယ်တင်ခဲ့လို့ နှစ်ပေါင်းများစွာကြာတဲ့ အခါ မြို့စားကြီးကို
ကျေးဇူးပြန်ဆပ်ဖို့ သူမရဲ့ သမီးအချောအလှ ကိုးယောက် ထဲက တစ်ယောက်ကို
မြို့စားကြီးရဲ့ သားနဲ့ ပေးစားဖို့ ပြန်လည်ခေါ်ယူပြီး ပြောပါတယ်...
ဖြစ်ချင်တော့ မြို့စားကြီးရဲ့ သားဟာလဲ ကျပ်မပြည့်တဲ့ ရူးကြောင်ကြောင်
လူတစ်ယောက်ဖြစ်ပြီး မရွေးတက်တော့ မြေခွေးနတ်သမီးမကြီးဟာ စွန်တစ်ခုကို
လေပေါ်ဝဲပြီး ရွေးခိုင်းတဲ့ အခါ သမီးတွေ တစ်ဦးစီက မသိပဲ လိုက်လုကြပြီး
နောက်ဆုံး အချောဆုံးသမီးဖြစ်သူ မြေခွေးဖြူမလေးက ရရှိသွားပါတော့တယ်..
ကျပ်မပြည့်တဲ့ လူသားကို ယူရတော့မယ်ဆိုတော့ မြေခွေးဖြူမလေးက ညင်းပေမယ့်
နောက်ဆုံး မိခင် စိတ်ကို မလွန်ဆန်နိုင်လို့ ကျပ်မပြည့်တဲ့ မင်းသားလေးကို ယူမယ့်
အချိန်မှာပဲ လူသားတွေကို သတ်ဖြတ်နှောက်ယှက်နေတဲ့ လင်းနို့မကောင်းဆိုးဝါး များက
လာရောက်တိုက်ခိုက်တဲ့အခါမှာတော့.....
အောက်ပါလင့်တွင် တိုက်ရိုက်ကြည့်ရှု့နိုင်ပါသည်
 http://pc.cd/hEH7
၁၈နှစ်အထက်သာ ကြည့်ရတဲ့ဇာတ်ကားတွေနဲ့ နာမည်ရလာတဲ့ ဂျပန်အမျိုးသားရဲ့ ၀င်ငွေဟာ တစ်လကို ဒေါ်လာ ၁၂၈၀၀၀ ရှိ
သူဟာ အများအားကျတဲ့ ကိုယ်လုံးကိုယ်ပေါက် ပိုင်ဆိုင်ထားသူနဲ့ ဗွီဒီယိုဇာတ်ကား ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုမှာ ၁၈ နှစ်အလုပ်လုပ်ပြီး နောက်ပိုင်း ဂျပန်နိုင်ငံမှာ ဂုဏ်သတင်းတစ်ခု ရရှိခဲ့သူလည်းဖြစ်တယ်။
သူက Shimken အဖြစ် လူသိပိုများတဲ့ ဂျပန်နိုင်ငံ porn လောကရဲ့ ဘုရင်တစ်ဆူ အသက် ၃၅ နှစ်အရွယ် Shimuzu ဆိုသူဖြစ်ပါတယ်။ ခန့်မှန်းခြေအနေနဲ့ တစ်ပတ် ယန်း ၂,၈၀၀,၀၀၀ ($32,000) နဲ့အထက်ဝင်ငွေနဲ့ သူဟာ လူကြီး ဗီဒီယိုဇာတ်ကား (adult vedio) ထုတ်လုပ်ဖြန့်ချိတဲ့ ကုမ္ပဏီမှာ အခဲယဉ်းဆုံးအလုပ်ကို လုပ်ကိုင်သူလို့လည်း လူသိများခဲ့ပါတယ်။
သူ့လုပ်သက် ၁၈နှစ်ပြည့်တဲ့အချိန်မှာ အမျိုးသမီးလုပ်ဖော်ကိုဖက် ၇၅၀၀ ကျော်နဲ့ အတူတွဲဖက် လုပ်ကိုင်ခဲ့ဖူးပြီလို့ ဖျော်ဖြေရေး ဝက်ဘ်ဆိုက် Details အရသိရပါတယ်။ ၇နှစ်အတွင်း အားလုပ်လပ်ရက်တစ်ခါမှ မယူဖူးတဲ့ သူဟာ ဇာတ်ကား ၇၀၀၀ ကျော် ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။
အလုပ်များတဲ့ ရက်သတ္တပတ် တစ်ခုဆို အခန်း ၂၁ ပြီးအောင် ရိုက်နိုင်သူဖြစ်ပါတယ်။ ဂျပန်နိုင်ငံက Adult vedio ထုတ်လုပ်ရေးလုပ်ငန်းဟာ ခန့်မှန်းခြေ s$28bn ကြွယ်ဝချမ်းသာပါတယ်။
သူက Audi အပါအဝင် ကား (၅) စီးပိုင်ဆိုင်ပြီး Tokyo မြို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင်တွေမှာ မကြာခဏသွားဖြစ်ပါတယ်။
တစ်နေ့ (၆) ကားအပြီးရိုက်နိုင်ဖို့ လိုအပ်တဲ့ ကြံ့ခိုင်မှု၊ အားအင်ရှိနေဖို့ တစ်နေ့ လေ့ကျင့်ခန်း မိနစ် (၉၀)၊ (၁) ပတ် (၄) ရက်လုပ်ပြီး အလေးမခြင်းနဲ့ ဆောင့်ကြောင့်ထိုင်ခြင်းကို အဓိကဦးစားပေး ဆောင်ရွက်တယ်လို့ သိရပါတယ်။
Tuesday, March 10, 2015
Metegol(2013)
'Metegol(2013) Mobile version
----------------------------------------
IMBD rating 6.9/10 ရှိထားတဲ့ Animation ကားလေးပါ။ ဘောလုံးအားကစားကို ငယ်စဉ်ကတည်းကအရူးအမူးခုံမင်တဲ အမ်မာရီယို ဆိုတဲ့ကောင်လေးအကြောင်းကိုရိုက်ပြထားတာပါ။သူငယ်စဉ် စာပွဲထိုးလုပ်ခဲ့တဲ့ ဆိုင်မှာ တခြားတမြို့က လာရောက်တဲ့ သူနဲ့အရွယ်တူကောင်လေးတယောက်နှင် အပျော်တမ်း ဘောလုံးကစားကြရင်း ဧည့်သည်အဖြစ်လာရောက်ကစားတဲ့ကောင်လေးဟာ ရှုံးနိမ်သွားပါတယ်။ထိုကောင်လေးက မကျေနပ်ဘဲ သူအသက်ကြီးလာတဲ့ တနေ့မှာ အမ်မာရီယို တို့မြို့ကိုလာရောက် ဖျက်စီးပါတယ်။ထိုအခါ အမ်မာရီယိုတို့ အသက်ဝင်လာတဲ့ အမ်မာရီယို ရဲ့ ဘောလုံးကစားသမား ရုပ်လေးတွေက မြို့ကိုဘယ်လိုတွေ ကာကွယ်ကြမယ်ဆိုတာ ဆက်လက်ရှုစားခြင်ရင်တော
ဒီမှာ ဒေါင်းလိုက်ပါ >>> http://pc.cd/6fp7'
IMBD rating 6.9/10 ရှိထားတဲ့ Animation ကားလေးပါ။ ဘောလုံးအားကစားကို ငယ်စဉ်ကတည်းကအရူးအမူးခုံမင်တဲ အမ်မာရီယို ဆိုတဲ့ကောင်လေးအကြောင်းကိုရိုက်ပြထားတာပါ။သူငယ်စဉ် စာပွဲထိုးလုပ်ခဲ့တဲ့ ဆိုင်မှာ တခြားတမြို့က လာရောက်တဲ့ သူနဲ့အရွယ်တူကောင်လေးတယောက်နှင် အပျော်တမ်း ဘောလုံးကစားကြရင်း ဧည့်သည်အဖြစ်လာရောက်ကစားတဲ့ကောင်လေးဟာ ရှုံးနိမ်သွားပါတယ်။ထိုကောင်လေးက မကျေနပ်ဘဲ သူအသက်ကြီးလာတဲ့ တနေ့မှာ အမ်မာရီယို တို့မြို့ကိုလာရောက် ဖျက်စီးပါတယ်။ထိုအခါ အမ်မာရီယိုတို့ အသက်ဝင်လာတဲ့ အမ်မာရီယို ရဲ့ ဘောလုံးကစားသမား ရုပ်လေးတွေက မြို့ကိုဘယ်လိုတွေ ကာကွယ်ကြမယ်ဆိုတာ ဆက်လက်ရှုစားခြင်ရင်တော
အောက်ပါ လင့်တွင် ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=6fp7
RONAL BARBAREN (မြန်မာစာတန်းထိုး)
'RONAL BARBAREN (မြန်မာစာတန်းထိုး)
=============================
တစ်ချိန်က ကရိန်းရဲ့ သားတော်များဆိုတဲ့ ကမ္ဘာကျော်လူသန်ကြီးတွေ
စုဝေး နေထိုင်ရာ တိုင်းပြည်လေး တစ်ခု ရှိတယ်...
ဒါပေမယ့် သူတို့ဟာ ခွန်အားဗလသာ ကြီးကြီး ဦးနှောက်သိပ်မသုံးကြပါဘူး
ဒီမျိုးရိုးထဲမှာပဲ မွေးလာကတည်းက ဗလကြီးတွေကြား ပိန်ညောင်ညောင်ဖြစ်နေတဲ့
ရော်နယ် ဆိုတဲ့ ကောင်လေးလဲ အပါပေါ့ သူ့ကို သူ့ဦးလေးဖြစ်တဲ့ရွာခေါင်းဆောင်က
ဗလကြီးဖြစ်စေချင်ပေမယ့်သူကတော့ လေ့ကျင့်ရမှာပျင်းရိပြီး အကြောက်လဲကြီးသတဲ့
နဂိုထုံးစံအတိုင်းပိန်ညောင်ညောင်သာဖြစ်နေတာပေါ့...
တစ်ရက်မှာတော့ တစ်ရွာလုံး သောက်စားနေကြတုန်း ရော်နယ်ကို ကင်းစောင့်ခိုင်းတာ
ရန်သူတွေ လာလို့ အော်တဲ့ အခါ သူ့အသံညောင်နာနာလေးနဲ့ ဘယ်သူမှမကြားကြဘူး
ဒီလိုနဲ့ တစ်ရွာလုံးကို ဖမ်းစီးသွားပြီး သူကျတော့ မျိုးမစစ်လို့ ပိန်နေတာဆိုပြီး
ထားခဲ့သတဲ့ ဒီလိုနဲ့ သူ့တစ်ရွာလုံးကို ကယ်တင်ဖို့အတွက် နတ်ဆိုးတွေရှိတဲ့ရွာကို
ခရီးစထွက်လာသတဲ့....
ဟာသ ကားလေးဖြစ်ပြီး တစ်ကားလုံး မလွတ်တန်းရယ်နေရဖို့ အာမခံပါတယ်...
--------------
Download Link
--------------
http://pc.cd/blH7'
တစ်ချိန်က ကရိန်းရဲ့ သားတော်များဆိုတဲ့ ကမ္ဘာကျော်လူသန်ကြီးတွေ
စုဝေး နေထိုင်ရာ တိုင်းပြည်လေး တစ်ခု ရှိတယ်...
ဒါပေမယ့် သူတို့ဟာ ခွန်အားဗလသာ ကြီးကြီး ဦးနှောက်သိပ်မသုံးကြပါဘူး
ဒီမျိုးရိုးထဲမှာပဲ မွေးလာကတည်းက ဗလကြီးတွေကြား ပိန်ညောင်ညောင်ဖြစ်နေတဲ့
ရော်နယ် ဆိုတဲ့ ကောင်လေးလဲ အပါပေါ့ သူ့ကို သူ့ဦးလေးဖြစ်တဲ့ရွာခေါင်းဆောင်က
ဗလကြီးဖြစ်စေချင်ပေမယ့်သူကတော့ လေ့ကျင့်ရမှာပျင်းရိပြီး အကြောက်လဲကြီးသတဲ့
နဂိုထုံးစံအတိုင်းပိန်ညောင်ညောင်သာဖြစ်နေတာပေါ့...
တစ်ရက်မှာတော့ တစ်ရွာလုံး သောက်စားနေကြတုန်း ရော်နယ်ကို ကင်းစောင့်ခိုင်းတာ
ရန်သူတွေ လာလို့ အော်တဲ့ အခါ သူ့အသံညောင်နာနာလေးနဲ့ ဘယ်သူမှမကြားကြဘူး
ဒီလိုနဲ့ တစ်ရွာလုံးကို ဖမ်းစီးသွားပြီး သူကျတော့ မျိုးမစစ်လို့ ပိန်နေတာဆိုပြီး
ထားခဲ့သတဲ့ ဒီလိုနဲ့ သူ့တစ်ရွာလုံးကို ကယ်တင်ဖို့အတွက် နတ်ဆိုးတွေရှိတဲ့ရွာကို
ခရီးစထွက်လာသတဲ့....
ဟာသ ကားလေးဖြစ်ပြီး တစ်ကားလုံး မလွတ်တန်းရယ်နေရဖို့ အာမခံပါတယ်...
--------------
Download Link
 https://my.pcloud.com/publink/show?code=blH7
Dragon Blade (2015)
 Jackie Chan ရဲ့ Dragon Blade (2015) ပါ.. ဇာတ်လမ်းကတော့ Jackie Chan က လူယုတ်မာတစ်ချို့  ရဲ့ချောက်ချ ခံရပြီးတော့ ရာထူးချခံရ တရုတ် စစ်သူကြီး ( Huo An ) အဖြစ်သရုပ်ဆောင်ထားပြီး.. Adrian Brody ကတော့ ရောမ မြို့ ကစစ်သူကြီးဖြစ်ပြီး သူက တရုတ်ပြည်ဘက်ကို ထွက်ပြေးလာတဲ့ ( Tiberius )အဖြစ်အဖြစ်သရုပ်ဆောင်ထားပါတယ်.. ၂၀၁၅ အစောပိုင်းရဲ့ လူစိတ်အ၀င်စားဆုံး ဇာတ်ကားလေးမို့ ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ.. ရုံတင်ထားတာ မကြာသေးတာမို့ လက်ရှိအကြည်ဆုံး HDCAM အဆင့်ကို ရှာပြီးတင်ပေးလိုက်ပါတယ်.. အကြည့်ထွက်ရင်တော့ မြန်မာစာတန်းထိုးနဲ့ ထက်တင်ပေးပါဦးမယ်.. အနည်းဆုံး လ နဲ့ချီပြီး စောင့်ရအုန်းမှာမို့ ဦးဦးဖျားဖျား ကြည့်ချင်တဲ့ သူငယ်ချင်းတွေအတွက်pCloud ကနေ တင်ပေးလိုက်ပါတယ်
အောက်ပါလင့်တွင် တိုက်ရိုက်ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=BhF7
Monday, March 9, 2015
လူသား နှင့် စက်ရုပ်တို့၏ ချစ်ခြင်းဖွဲ့ ဇာတ်ကား
မတ်လ (၁) ရက်နေ့က ရန်ကုန်၊ Junction Square Center မှာ ကျင်းပခဲ့တဲ့ Huawei New Wonder 2015 ကံထူးရှင် ရွေးချယ်ပွဲ နှင့် အရောင်းမြှင့်တင်ပွဲ
Download
အမျိုးသားထုကြီး အတွက်ပါ ♥♥♥♥
ကျွန်တော်ဟာ ဆယ်တန်းအောင်တဲ့အထိ နယ်မြို့လေးတစ်မြို့မှာ ပေါ့ပါးအေးစက် တဲ့ လူပျိုစစ်စစ် အချိန်များကို မသိလိုက် မသိဖာသာဘဲ ဖြတ်သန်း စီးဆင်းလာခဲ့ပါတယ်..။
ဆယ်တန်းစာမေးပွဲတွေ ပြီးတော့ အတောင်ညောင်းငှက်လို ခဏနားခိုရင်း ဟိုဟိုဒီဒီ လေ့လာမိတော့ ဖို၊မ ဆက်ဆံရေးအပေါ် လူငယ်တစ်ယောက်ရဲ့ ရိုးစင်းတဲ့ ရင်ခုန်သံများက ပြန့်ကြဲ လာမိပါတော့တယ်..။
ဒီအချိန်မှာ လူတကိုယ်လုံးပူလောင် ခြောက်ကပ်သွားစေ လောက်တဲ့ ခံစားမှုမျိုးတွေကို ခံစား တတ်လာသလို ၊ 
ကျွန်တော်တို့အိမ်ဟာ နှစ်ထပ်အိမ် ဖြစ်ပြီးတော့ ၊ ကျွန်တော့်အခန်းက အပေါ်ထပ်မှာရှိပြီး တစ်အိမ်လုံး မှန်တံခါးတွေ တပ်ထားပါတယ်.။ တစ်ရက်မှာတော့ ညပိုင်း စာဖတ်ပြီး အိပ်တာနောက်ကျလို့ ကျွန်တော် နေမြင့်တဲ့အထိ (၁၀ နာရီ)လောက်ထိ အိပ်နေမိပါတယ်.။အိပ်နေရင်းက
ဆက်လက်ဖတ်ရှု့ရန်
Friday, March 6, 2015
Wild Card (2015)
 နံမည်ကြီး Las Vagas မြို့ လောင်းကစားလောကမှာ ကျင်လည်နေထိုင်သူ   နခ် ( Nick Wild) လောလောဆယ် မှာတော့ ကိုယ်တိုင်ကြိုးစားပြီး ချမ်းသာလာတဲ့ ဆိုင်းရပ်စ် (Cyrus Kinnick) ဆိုတဲ့ သူဌေးရဲ့ ကိုယ်ရံတော်ဖြစ်ပါတယ်။
b640x600
တစ်ရက်တော့ ဟော်လီ (Holly) ဆိုတဲ့ အမျိုးသမီးက night club ကပြန်လာတဲ့ သူမကို ဘယ်သူမှန်းမသိတဲ့ လူ ၃ ယောက်က ရိုက်နှက်စော်ကားခဲ့တဲ့အတွက် အဲ့ဒီလူတွေကိုရှာပေးဖို့ နခ်ကို အလုပ်အပ်ပါတယ်။
wild-card
အဲ့ဒီ ကိစ္စမှာ အဓိကတရားခံက လူဆိုးခေါင်းဆောင် ဒီမာကို (Demarco) ဖြစ်ကြောင်း နခ် ရှာတွေ့သွားတဲ့အခါ ဒီမာကို နဲ့တွေ့ဖို့ သူနေထိုင်တဲ့ ဟော်တယ်ကို သွားခဲ့ပါတယ်။ သူ့ကို တိုက်ခိုက်တဲ့ ဒီမာကိုရဲ့ တပည့်တွေကို အနိုင်ယူပြီး ဒီမာကိုကို ကြိုးတုပ်ကာ ဟော်လီကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ ဟော်လီရောက်လာတဲ့အခါ ဒီမာကိုက သူ့ကိုခွင့်လွှတ်ဖို့ တောင်းပန်တဲ့အတွက် မသတ်တော့ပဲ ဒေါ်လာ ၅သောင်းပဲ ယူခဲ့လိုက်ပါတယ်။ အဲ့ဒီနောက် ငွေကို နခ်နဲ့ တစ်ဝက်စီခွဲယူပြီး ဟော်လီက ဗေးဂတ်စ် မြို့ကို စွန့်ခွာသွားပါတယ်။
166685
နခ်ကတော့ ဆိုင်းရပ်စ်နဲ့ အတူလောင်းကစားရုံတစ်ရုံကိုသွားကာ သူ့ဝေစုပိုက်ဆံတွေအားလုံး လောင်းကြေးထပ်လိုက်ရာ ဒေါ်လာ ၅သိန်းကျော် အနိုင်ရသွားပါတယ်။ လောင်းကစားတို့ ထုံးစံအတိုင်း လောဘမသတ်နိုင်တဲ့အတွက် နောက်တစ်ခါထပ်လောင်းတဲ့အခါ တစ်ချီထဲနဲ့ သူ့ငွေတွေအားလုံး ပြန်ပြီးပေးလိုက်ရပါတော့တယ် ။
wild-card-trailer-jason-statham
လောင်းကစားရုံမှအပြန် နခ်က ဒီမာကိုရဲ့ လူတွေရဲ့ တိုက်ခိုက်ခြင်းကိုခံရပြန်ပါတယ်။ နောက်နေ့မှာတော့ နခ်က ဗေးဂတ်စ်မြို့ရဲ့ မာဖီးယားခေါင်းဆောင် ဘေဘီ (baby) နဲ့ တွေ့ပါတယ်။ လူဆိုးဂိုဏ်းတွေရဲ့ အစည်းအဝေးမှာ နခ်က လောင်းကစားမှာငွေလိုတဲ့အတွက် သူ့လူတွေကို သတ်ပြီး ငွေတွေယူသွားကြောင်း  ဒီမာကိုက ဘေဘီကို တိုင်ပြောပါတယ်။ အဲ့ဒါကြောင့် နခ်က ဒီမာကိုပြောသလိုမဟုတ်ပဲ အပြစ်မရှိကြောင်း အကြောင်းစုံရှင်းပြပေမယ့် သက်သေမပြနိုင်ရင် နခ်ကို သတ်မှာဖြစ်ကြောင်း ခြိမ်းခြောက်ပါတယ်။ ဒါပေမယ့် ဒီမာကိုရဲ့ အလိမ်ပေါ်သွားတဲ့အတွက် ဘေဘီက နခ်ကို လွှတ်ပေးလိုက်ပါတယ်။
milo
အမှန်တရားဘက်တော်သား လောင်းကစားသမား နခ်ရဲ့  မဝေးတော့တဲ့အနာဂတ်ဟာ ကြမ္မာဆိုးလား ကံကောင်းခြင်းလားဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ခံစားကြည့်ကြပါ။
IMDB 6.0 ရရှိထားပြီး ၂၀၁၅ နှစ်အစမှာ ပွဲဦးထွက်ရုံတင်လာတဲ့ ဒီဇာတ်ကားက ဂျေဆန်ကိုကြိုက်တဲ့ ၊ အက်ရှင်ဇာတ်ကြမ်းကိုကြိုက်တဲ့ ပရိတ်သတ်အတွက်ဆိုရင်တော့  John Wick ပြီးရင် နောက်ထပ်ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကားပါပဲ ။
သရုပ်ဆောင်တွေကတော့
နခ်အဖြစ် The Transporter ၊  The Italian Job, The Expendables ဇာတ်လမ်းတွဲတွေနဲ့ ကျော်ကြားတဲ့ အက်ရှင်မင်းသားချော ဂျေဆန် (Jason Statham)
ဆိုင်းရပ်စ်အဖြစ် မင်းသားချော မိုက်ကယ် (Michael Angarano)
ဟော်လီ အဖြစ် စွဲဆောင်မှုအပြည့်နဲ့ မင်းသမီးချော ဒေါ်မနစ် (Dominik Garcia-Lorido)
ဒီမာကို အဖြစ် မိုင်လို (Milo Ventimiglia)
ဘေဘီအဖြစ် စတန်လေ (Stanley Tucci)  နဲ့ တခြားသရုပ်များစွာပါဝင်ပြီး Con Air, The Expendables နဲ့ Tom Rider စတဲ့ ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ ဆိုင်မွန် ( Simon West)  ကရိုက်ကူးထားတာပါ။
Posts
Blogger Tips and TricksLatest Tips And TricksBlogger Tricks