Pages

Thursday, April 30, 2015

Interstellar (မြန်မာစာတန်းထိုး)

ဇာတ်လမ်းကလည်း Inception လိုပဲ တွေးသသ ဖြစ်စေမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး၊ ကျွန်တော်ဆို Review သေချာရေးဖို့အတွက်၂ခါလောက်ပြန် ကြည့်ခဲ့ရပါတယ်။ ဇာတ်လမ်းအစမှာ ကမ္ဘာကြီးက မြေဆီမြေသြဇာတွေ ကုန်ခမ်းလာပြီး အစားအသောက်ရှားပါးလာပါတယ်။ ဒီကြားထဲသဲမုန်တိုင်းကလည်း တိုက်လိုက်ပါသေးတယ်။ Cooper (Matthew McConaughey) က အရင်တုန်းက အင်ဂျင်နီယာတစ်ဦး ဖြစ်သလို အာကာသ ယာဉ်မှုးတစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာတော့ လယ်သမားအဖြစ်နဲ့ ပြောင်းခင်းတွေကို စိုက်ပျိုးနေရပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ NASA ရဲ့ အာကာသ စခန်းတစ်ခုကိုအမှတ်မထင်တွေ့သွားပြီး (ဘာလို့တွေ့သွားလည်းဆိုတာကို ရှင်းပြရင် Spoiler ဖြစ်နေလို့ Spoiler version ထပ်တင်ပေးမှ သေချာရေးပေးပါ့မယ်။) တစ်ခြားဂြိုလ်တွေကို သွားရှာမယ့် အစီအစဉ်ကို သိလိုက်ရပြီး သူ့ကို ပိုင်းလော့လုပ်ပေးဖို့ တောင်းဆိုတာကို လက်ခံလိုက်ပါတယ်။

သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်၅၀ ထဲက ကမ္ဘာပေါ်မှာ သံလိုက်စက်ကွင်းတွေ ကမ္ဘာမြေကြီးရဲ့ ဆွဲအား ဖောက်လွဲဖောက်ပြန်ဖြစ်တာတွေကို သတိထားမိရာကနေ Saturn ဂြိုလ် (စနေဂြိုလ်) နားမှာ Black Hole တစ်ခု လာပွင့်နေတာကို တွေ့ရှိထားပါတယ်။ ဒီ Blackhole ကို တစ်ခြားဂြိုလ်သားတွေက လူတွေကို ကူညီဖို့ ဖန်တီးပေးထားဖြစ်ပြီး၊ NASA က ဒါကြောင့် အဲ့ဒီတုန်းကထဲက လေ့လာနေခဲ့ပြီး Drone တွေလွှတ်ကာ လူတွေနေထိုင်လို့ရလောက်မယ့်ဂြိုလ်တွေကို ရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက  သိပ္ပံပညာရှင် ၁၃ ဦးကို ဂြိုလ်၁၃ ခုကို စေလွှတ်ခဲ့ပြီး လေ့လာစေခဲ့ပါတယ်။ တကယ်လို့ သူတို့ရောက်နေတဲ့နေရာ လူနေလို့မရရင် သူတို့ကို ပြန်ကယ်နိုင်မှာမဟုတ်ပဲ အသေခံရမှာ ဖြစ်ပါတယ်။ ဒီထဲကမှ ၃ယောက်က သတင်းပြန်ပို့လာပြီး သူတို့ပေးပို့တဲ့အချက်အလက်တွေက လည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒါကြောင့် Cooper တို့အလုပ်က အဲ့ဒီ Planet သုံးလုံးကို သွားလေ့လာပြီး သတင်းပြန်ပို့ရမယ်လို့ပြောပါတယ်။ ဒီနေရာမှာ လူသားတွေကို ဘယ်လိုကယ်တင်မလည်းဆိုတော့ Professor Brand (Michael Caine) က Plan နှစ်ခုရှိကြောင်းရှင်းပြပါတယ်။ Plan A က Prof. Brand က fifth-dimensional physics နဲ့ဆိုင်တဲ့ Equation ကို ဖြေရှင်းဖို့ကြိုးစားမှာဖြစ်ပြီး၊ ဒီ ပြသ၁နာကို အဖြေ ရှာနိုင်ခဲ့ရင် လူတွေ နားမလည်နိုင်တဲ့ Alien Physics ကို သဘောပေါက်နားလည်မှာဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ ရှိသမျှလူတွေ အာကာသ စခန်းဆောက်ပြီး အာကာသထဲမှာ ထားနိုင်မယ်လို့ ဆိုပါတယ်။ (Alien Physics ဆိုတာ Blackhole ဖွင့်တဲ့ နည်းပညာလိုမျိုး ဖြစ်တယ်လို့ဆိုပြီး Saturn နားက Blackhole ကိုလေ့လာ ရာကနေ ရလာတဲ့ Equation ဖြစ်ပါတယ်။)

Plan B ကတော့ လူတွေတော်တော်များများရဲ့ မျိုးစိတ်တွေကနေ သန္ဓေတည်ထားတဲ့ မျိုးဥတွေကို စုထားပြီး Cooper တို့နဲ့ ယူသွားဖို့ဖြစ်ပါတယ်။ တကယ်လို့သာ Plan A မအောင်မြင်ခဲ့ရင် Cooper တို့က လူတွေနေလို့ရလောက်တဲ့ Planet မှာ အခြေချနေပြီး ဒီမျိုးဥတွေကနေ သားဖောက် လူတွေ မွေးပြီး လူသား မျိုးနွယ် မပျက်သုံးအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

သားတစ်ယောက် သမီးတစ်ယောက်ရှိတဲ့ Cooper က Plan B ကို မကြိုက်ပေမယ့် Prof. Brand က Plan A အောင်မြင်မယ်လို့ အာမခံခဲ့ပါတယ်။ သူတို့ သွားရမှာ နှစ်ပေါင်းများစွာကြာမှာဖြစ်ပြီး မင်းတို့ပြန်ရောက်တဲ့အချိန်ဆို ဒီ Equation ကိုဖြေရှင်းပြီးလောက်ပြီလို့ ဆိုခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့အဖွဲ့ စတင်ထွက်ခွာတော့ Cooper ရဲ့ ၁၀ နှစ်သမီးလေးက အဖေကို မသွားစေချင်ခဲ့ပါဘူး။ အဖေ့ကိုလည်း လုံးဝမကြည်ပဲ Video message တောင်မပို့ခဲ့ပါဘူး။ ကမ္ဘာမြေကြီးကနေ Warmhole ရှိတဲ့ စနေဂြိုလ် ကိုအရောက်သွားဖို့တောင် ၁၈ လကြာမှာဖြစ်တဲ့အတွက် Cooper တို့အဖွဲ့က Underwater sleep လို့ခေါ်တဲ့ အနားယူချင်းပုံစံနဲ့ အိပ်နေခဲ့ရပါတယ်။ ဒီလိုအိပ်စက်ခြင်းအားဖြင့် Computer တွေ Laptop တွေမှာ ပါတဲ့ Hibernation လို့ခေါ်တဲ့ အိပ်စက်ခြင်းမျိုးဖြစ်သွားပြီး၊ သူတို့ရဲ့ လက်ရှိအသက်အရွယ်၊ ကို ထိမ်းထားသလို၊ အစားအသောက်စားဖို့လည်းမလိုတော့ပါဘူး။

Cooper တို့အဖွဲ့ ကို Endurance လို့ခေါ်ပြီး  Cooper နဲ့အတူ Prof. Brand ရဲ့သမီး biologist Amelia (Anne Hathaway), scientists Romilly (David Gyasi), Doyle (Wes Bentley) တိုနဲ့အတူ စက်ရုပ်နှစ်ရုပ်ဖြစ်တဲ့ robots TARS and CASE တို့ ပါဝင်ပါတယ်။

ဒီလိုနဲ့ Blackhole ကိုဖြတ်ပြီး ပထမဆုံး Planet ကိုသွားကြည့်တဲ့ အခါမှာ အခက်အခဲစကြုံလာပါတယ်။ ဒီဂြိုလ်က Warmhloe နဲ့နီးနေလို့ (အလွယ်တူရှင်းပြတာပါ။) ဆွဲအားအရမ်းများနေတဲ့အတွက် သူ့ဆီမှာ တစ်နာရီ နေရင် ကမ္ဘာကြီးပေါ်မှာ အချိန် ၇နှစ်ကြာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီ ဂြိုလ်ကနေ ပြန်လာ ပြီးတဲ့ အချိန်မှာ ၂၃ နှစ်ကြာသွားပြီဖြစ်သလို Cooper ရဲ့ သမီးက သူနဲ့ရွယ်တူဖြစ်နေ တာကို Video message ကနေ တွေ့လိုက်ရပါတယ်။ ဒီအပြင် သူတို့မှာ နောက်ထပ် ဂြိုလ်နှစ်ခုကို ဆက်သွားဖို့ လောင်စာအလုံလောက်မရှိတော့ပဲ (နှစ်ခုလုံးကိုသွားလို့ရပေမယ့် ကမ္ဘာပေါ်ကိုပြန်ဖို့ မလောက်တော့ပါဘူး။ Cooper ကသူ့သမီးကိုလည်း ကယ်ချင်သေးတာကြောင့်) တစ်ခုကိုပဲသွားနိုင်မှာဖြစ်လို့ ရွေးချယ်ရမှာဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလားဆိုတာတော့ ပရိတ်သတ်ကြီး ကိုယ်တိုင် ကြည့်ကြည့်ကြပါလို့ ပဲ တိုက်တွန်းလိုက်ပါတယ်။

သိပ္ပံပညာစိတ်ဝင်စားတဲ့သူတွေ Sci-Fi ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမှာဖြစ်ပြီး မိသားစုတူတူ ကြည့်နိုင်ပါတယ်။
ဇာတ်ကားကောင်းတစ်ကားပါ။

Interstellar Movie Download Link>>>> https://my.pcloud.com/publink/show?code=XZBMWXZcVUDE6O3W15sfqNGYPgSwQyEu847

Commitment (2013) မြန်မာစာတန်းထိုး


Myung Hoon ဟာ မြောက်ကိုရီးယား သူလျှိုဟောင်းတစ်ယောက်ရဲ့ သားဖြစ်ပြီး စန္ဒယားပညာရှင် တစ်ဦးဖြစ်ဖို့ စိတ်ကူးယဉ်နေသူပါ။ ဒါပေမယ့် တောင်ကိုရီးယားမှာ သူ့ဖခင် သေဆုံးသွားပြီး နောက်ပိုင်း သူ့ညီမ Hye In အလုပ်ကြမ်းစခန်းကို ရောက်သွားခဲ့ပါတယ်။ သူ့ဖခင်ရဲ့ အထက်အရာရှိ ကာနယ် Moon Sang Chul က Myung Hoon အတွက် အလုပ်တစ်ခု သယ်ဆောင်လာပါတယ်။ အကယ်၍ အဲဒီအလုပ် အောင်မြင်ခဲ့ရင် သူရော သူ့ညီမပါ လွတ်မြောက်မှာ ဖြစ်ပါတယ်။ အဲဒီအလုပ်ကတော့ သူ့အဖေရဲ့ မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ပါပဲ။ သူ့ညီမကိုပါ လွှတ်ပေးမယ်ဆိုတာကြောင့် Myung Hoon က ဒီအလုပ်ကို လက်ခံလိုက်ပြီး ၂ နှစ်တိုင်တိုင် အပြင်းအထန် လေ့ကျင့်ပေးပါတယ်။ 

Myung Hoon ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတစ်ဦး အသွင်နဲ့ တောင်ကိုရီးယားမှာ အခြေချပါတယ်။ မြောက်ကိုရီးယား သူလျှိုအဖွဲ့အစည်းထဲက လင်မယားနှစ်ယောက်အိမ်မှာ မွေးစားသားအနေနဲ့ လာရောက်နေထိုင်ပါတယ်။ သူ့ရဲ့တာဝန်က "ခုနစ်စင်ကြယ်" (Big Dipper) လို့ နာမည်ဝှက်ပေးထားတဲ့ မြောက်ကိုရီးယားရဲ့ သူလျှိုတစ်ယောက်ကို ပြန်လည် ဖြိုခွင်းရမှာပါ။ မွေးစားလင်မယားက သူ့ကို ကျောင်းထားပေးတာမို့ အထက်တန်းကျောင်းမှာ တက်ရပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသူလေး Hye In ကို သူ့ညီမနဲ့ နာမည်တူနေတာမို့ ကူညီရင်း သံယောဇဉ်ဖြစ်မိပါတယ်။ Hye In ဟာ အကပညာရှင် ဖြစ်ဖို့ စိတ်ကူးယဉ်နေသူလေးပါ။  

ဒါပေမယ့် အခြေအနေဟာ Myung Hoon ကို ကျဉ်းထဲကြပ်ထဲ ရောက်အောင် တွန်းပို့ပေးလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေဆုံးပြီး ကင်ဂျုံအွန် အာဏာရလာတဲ့အခါမှာ Moon Sang Chul ဟာ သူ့ကို သစ္စာဖောက်ပါတော့တယ်။ တောင်ကိုရီးယားရဲ့ ထောက်လှမ်းရေးတွေကလည်း သူ့ကို စတင်ထောက်လှမ်းမိနေပါပြီ။ သူဘာဆက်လုပ်မလဲ။ သူ့ညီမကို ဘယ်လို ကယ်တင်မလဲ။ သူ့ညီမနဲ့ နာမည်တူတဲ့ သူ့ရဲ့ နံရိုးတစ်ချောင်းကိုရော ဘယ်လိုကာကွယ်ပေးမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါ။ 

Big Bang အဖွဲ့က အဆိုတော် Choi Seung Hyun (T.O.P) ခေါင်းဆောင်ပါဝင်ပြီး Han Ye Ri ၊ Kim Yoo Jung ၊ Yoon Je Moon ၊ Jo Sung Ha နဲ့ မင်းသားကြီး Jung Ho Bin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Commitment ဇာတ်ကားဟာ အက်ရှင်ဒရမ်မာ ဇာတ်ကြမ်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Park Hong Soo ရိုက်ကူးပြီး ကိုရီးယားစစ်ပွဲရဲ့ တတိယမျိုးဆက်တွေ ဘုမသိဘမသိနဲ့ ဓားစာခံဖြစ်ရပုံအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Rotten Tomatoes မှာ Tomatometer 40% ပဲ ရရှိထားပေမယ့် IMDb မှာတော့ Rating 6.8 ထိရရှိထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။  

 ကိုရီးယားကားတွေရဲ့ ထုံးစံအတိုင်း အကြမ်းနဲ့ အလွမ်းကို ရောသမမွှေထားပြီး မတူညီတဲ့ ပတ်ဝန်းကျင်တွေကို သမမျှတအောင် ထည့်သွင်းရိုက်ကူးထားတာ တွေ့ရပါတယ်။ နူးညံ့တဲ့ စန္ဒယားသမား ကျောင်းသားတစ်ယောက်ရဲ့ ခံစားချက်ကို လူသတ်သမားတစ်ယောက်ရဲ့ သွင်ပြင်နဲ့ ရောသမမွှေထားပြီး သိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းနဲ့ ပေါင်းစပ်တန်ဆာဆင်ထားပါတယ်။ အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိသတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။
Hollinaz 
(ရုပ်ရှင်အညွှန်းကို mmmovieguide.com မှကူးယူဖော်ပြပါသည်။) Channel Myanmar

Full Movie ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်
 https://my.pcloud.com/publink/show?code=XZeusXZt7aVn0KS7UQ3aHiQHmyuK5cYRpqX
 

Wednesday, April 29, 2015

Reign of Assassins (2010) မြန်မာစာတန်းထိုး

 
မင်းသမီး Michelle Yeoh .... ကိုရီးယားမင်းသား Jung Woo-sung တို့အပြင်
အခြားသောမင်းသား/မင်းသမီးတွေ ပါဝင်ထားတဲ့ တရုတ်သိုင်းကားဖြစ်ပါတယ်။
IMDb Rating (6.9/10) Rotten Tomatoes (70%) ရရှိထားလို့ Rating မြင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
၂၀၁၀ ခုနှစ်အတွင်းထွက်ရှိခဲ့တဲ့ မီရှယ်လဲယို ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားလို့
သတ်မှတ်ခံထားရတာကြောင့် သိုင်းလောကသားတွေအတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားဖြစ်ကြောင်းပါ။

 credit to channelmyanmar 
 FULL MOVIE ကိုအောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=XZuUfXZjgVLvmHpiQpfGPih96pMDktvYuqy

I Saw the Devil(2010) မြန်မာစာတန်းထိုး




ကိုရီးယား မင်းသား လီဗျောင်ဟွန်း နဲ့ မင်းသားကြီး Choi Min‑sik တို့အဓိကအားပြိုင်သရုပ်ဆောင်ထားတဲ့
Crime, Drama, Horror အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
IMDb Rating(7.8/10) နဲ့ Rotten Tomatoes (80%) တောင်ရရှိထားတဲ့ နာမည်ကြီးကိုရီးယားဇာတ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့....  
Special Agent တယောက် –
လက်ထပ်တော့မယ် သူ့ချစ်သူ ကို ရက်ရက်စက်စက် တစစီခုတ်ထစ်စွန့်ပစ်ထားတာကို မြင်ခဲ့ပြီးနောက် –
ချစ်သူရဲ့ အဖေ က ရဲအရာရှိ –
သူ့သမီးကို သတ်သွားတဲ့သူကို မင်း ရအောင်သာရှာ …. ငါ ဘာလုပ်ပေးရ ပေးရ –
Special Agent ဟာ ၂ ပါတ်တိတိ ခွင့်ယူပြီး –
မသင်္ကာစရာ လူ ၄ ယောက်ကို တယောက်ချင်းစီ စစ်ရင်းမှ လူသတ်သမားအစစ် ကို တွေ့တဲ့အခါ ဘယ်လိုတွေ ကလဲ့စားချေမယ်ဆိုတာ –
အချိန် ၁၄ ရက်အတွင်းမှာ ဘယ်လောက်ထိရက်စက်မယ်ဆိုတာ– – – – – – 
တစ်ခုတော့ရှိတယ်.. Family Show မရပါဘူးခင်ဗျ.. သွေးသံရဲရဲတွေ ၊ 
စိတ်ခြောက်ခြားစရာအခန်းတွေ ပါတာကြောင့် ကြောက်တတ်ရင် မကြည့်ပါနဲ့ …
(မြန်မာစာတန်းထိုးကိုတော့ Kyaw Swar Win မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။)

credit to channelmyanmar 
FULL MOVIE ကိုအောက်ပါလင့်တွင် တိုက်ရိုက်ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=XZ6sWXZxTzf6cDDll0hw7LavN8Hn8i71Jxy

Monday, April 27, 2015

Jobs (2013) မြန်မာစာတန်းထိုး

Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီး   
August 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့
ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်...
 Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့ Apple Computer ကို စတင်တီထွင် ဖို့
အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲ ကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါ
ရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကို သူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေ
ရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်...
ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့
အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့်
Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ...
ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ခရေစေ့တွင်းကျ ပြောမပြနိုင်ပေမယ့်
တစ်စေ့တစ်စောင်းတော့ သိလာမှာပါလို့ မှတ်ချက်ပြုရင်း....Credit to Channel Myanmar


  အောက်ဖော်ပြပါလင့်တွင် တိုက်ရိုက်ကြည့်ရှု့နိုင်ပါသည်
 http://pc.cd/nau7

Saturday, April 25, 2015

Avengers: Age of Ultron (2015)

 Avengers: Age of Ultron (2015)

ဒီနှစ်ထဲမှာ ထွက်မယ့်ရုပ်ရှင်တွေထဲမှာ
ကျနော်အကြည့်ချင်ဆုံး ဇာတ်ကားဆိုရင်လည်းမမှားပါဘူး
IMDb မှာ Ratings: 8.4/10 အထိရထားတဲ့ဇာတ်ကားဖြစ်သလို Super Hero တွေကို
တစုတစည်းတည်းတွေ့ရမယ် ဇာတ်ကားပါ..
အခုမှ ရုံတင်ကာစမို့ CAM အဆင့်တွေထဲကနေ
အကြည်ဆုံးရှာပြီး HDCAM အဆင့်နဲ့
pCloud ကနေ  တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..  


 

Skin Trade (2014)မြန်မာစာတန်းထိုး


   Skin Trade (2014)မြန်မာစာတန်းထိုးဒီဇာတ်ကားကတော့ တောင်းဆိုထားကြသူ
တော်တော်လေးများတဲ့  Action, Drama, Thriller
အမျိုးအစားဖြစ်ပြီး ထိုင်းမင်းသားTony Jaa နဲ့
ရုရှားအားနိုးလို့ မြန်မာအများစုသိကြတဲ့
 Dolph Lundgren တို့ ရဲ့ဇာတ်ကားသစ်လေးပါ..
ဇာတ်လမ်းကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးကို
အလေးပေးတဲ့ ပညာပေးဇာတ်လမ်းလေးပါ..
မြန်မာစာတန်းထိုးပေးထားတာမို့ အညွန်းမပေးတော့ပါဘူး
တိုးတတ်လိုတဲ့အမျိုးသမီးငယ်တွေကြည့်သင့်သလို
လူငယ်တွေ လည်းလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ...
pCloud ကရော Vidzi.tv ကနေပါ ၂ နေရာ တင်ပေးထားပါတယ်..
Vidzi.tv ကတော့ PC သမားတွေ တိုက်ရိုက်ကြည့်နိုင်ပါတယ်
pCloud ကနေ ဖိုင်ဆိုဒ်အကြီး အသေး ၂ မျိုးနဲ့ တင်ပေးထားပါတယ်
 pCloud မှာတင်တဲ့ ရုပ်ရှင်တွေကို ဖုန်းနဲ့ တိုက်ရိုက်ကြည့်ဖို့
ဒေါင်းဖို့ အဆင်မပြေရင် ဒီမှာ ဖတ်ပါ..  
Download 390 MB
http://pc.cd/ykf7
 
Vidzi.tv မှာတင်တာကိုတော့
 
Credit to ချမ်းငြိမ်း

Friday, April 24, 2015

Breaking the Girls (2013) မြန်မာစာတန်းထိုး (18+)

Director: Jamie Babbit ရိုက်ကူးတက်ဆင်ထားပြီး
July 26, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ ရှုပ်ထွေးပွေလီလှတဲ့
မိသားစု ဆန်ဆန် လှည့်ကွက်မျိုးစုံပါဝင်တဲ့ အချစ်ဇတ်လမ်းတစ်ပုဒ်လို့လဲပြောလို့ရပါတယ်...
ဇတ်လမ်းပုံစံကတော့...
================================
ဆာရာ ဟာ ဥပဒေ ကျောင်းသူ တစ်ဦးဖြစ်ပြီး ဘီယာဆိုင်တစ်ဆိုင်မှာ ညဆိုင်းအလုပ်လုပ်ရင်း
ကျောင်းတက်နေရသူ တစ်ဦးဖြစ်ပါတယ်...

တစ်ရက် ဆာရာ ကြိုက်နေတဲ့ ကောင်လေး အဲရစ် ရဲ့ ချစ်သူဟာ ဆာရာ ရဲ့ သူဌေးကို
ချောက်တွန်းလို့ ဆာရာ အလုပ်ပြုတ်တဲ့အချိန် ဆိုင်မှာ ဘီယာလာသောက်တဲ့
အမေသေပြီး အမွေရထားတဲ့ ကုတ်ကမြင်း သူဌေးသမီး အဲလစ် နဲ့ စတင်တွေ့ရှိပြီး
အဲလစ် အိမ်ရောက်သွားရာကနေ အဲလစ် ရဲ့ လိင်တူဆက်ဆံဖော်ချစ်သူ အဖြစ် အတူတူ
နေထိုင်လျက်ရှိပါတယ်....
အဲလစ် ဟာ ဆာရာ သူမ အနားကနေ ထွက်ခွာမသွားအောင် အမျိုးမျိုးမက်လုံးတွေ ပေးရင်း
ဆာရာ အား ဒုက္ခပေးနေသူများကိုလဲ သူမ က လိုက်လံရှင်းလင်းပေးတက်ပါတယ်
ဒီလို နဲ့ အတူတူ နေလာရင်း ဆာရာ ရဲ့ ရန်ဘက်တွေ သေဆုံးရာကနေ
ရဲတွေ အမှုလိုက်လံဖော်ထုတ်ရင်း အဲလစ် က ဆာရာအပေါ် အမှုတွေ ပုံချဖို့
ကြိုးစားရင်း အဲလစ်ရဲ့ မိထွေး ကိုလဲ သတ်ဖြတ်ရန် အတူကြိုးပမ်းလျက် ရှိကြသော အခါ....
==============================================================
ဇတ်လမ်း တစ်ခုလုံးမှာ ကိလေသာ ဖုံးလွှမ်းတဲ့ အနမ်းတွေ အထိအတွေ့တွေ
လိင်တူချင်းတက်မက်မှုတွေ နဲ့ ပြည့်နေပေမယ့်လဲ ဇတ်လမ်းသွားတစ်ခုလုံးဟာ
လှည့်ကွက်တွေနဲ့ တန်ဆန်ဆင်သွားတယ်ဆိုတာ ကြည့်ရှုရင်းနဲ့ သိသာလာမှာပါ
ဒီကားကို 18+ Adult List ထဲ ထည့်ထားတာမို့ အိမ်မှာ မိသားစုနှင့် အတူမကြည့်သင့်သော ဇတ်လမ်းရုပ်ရှင်ဖြစ်ပါတယ်...
ဇတ်လမ်းကြာမြင့်ချိန် ၁ နာရီခွဲခန့် ရှိပြီး ရုပ်ထွက်အကြည် မြန်မာစာတန်းထိုး အမှန်ဖြစ်ပါတယ်...
Download Link
==============
http://pc.cd/BDu7
File Size - 300MB

The Host (မြန်မာစာတန်းထိုး)

29 March 2013 မှာ ထွက်ရှိထားတဲ့ သိပ္ပံ ရုပ်ရှင်ကားဖြစ်ပါတယ်...
Adventure | Romance | Sci-Fi ဖြစ်ပြီး စိတ်ဝင်စားဖွယ် ရုပ်ရှင်ကားပါ။
ဇတ်လမ်း ပုံစံကတော့ ဂြိုလ်သားများသည် ကမ္ဘာပေါ်ကိုရောက်ရှိလာပြီး
လူသားများ ရဲ့ ကိုယ်တွင်း သို့ ၀င်ရောက်ကာ နေရာ ယူနေထိုင်လျက်ရှိပြီး
လူသားမှန်သမျှကို လိုက်လံရှာဖွေကာ ၄င်းသို့ ရဲ့ ၀ိဥာဉ်များကိုထုတ်ပြီး
ကိုယ်အတွင်းသို့ ၄င်း ဂြိုလ်သားများ၏ မိသားစုများကို ပြန်လည်အသက်သွင်း
နေထိုင်ကြပါတယ် လူသားများကတော့ တောတောင်များကြား ပုန်းခိုရှောင်ပြေး
အသက်လုနေကြရပါတယ်...
ဇတ်လမ်းအကျဉ်းမှာ...
မြို့ထဲသို့ ဆေးဝါးပစ္စည်းရှာရန် လာသော မယ်လနီ တစ်ယောက်
လူအယောင် ဂြိုလ်သားများ ရဲ့ တိုက်ခံဖမ်းဆီးခံရပြီးနောက် သတိလစ်
မေ့မျှောသွားရာ ဂြိုလ်သားများမှ ၀မ်းဒါး ဆိုသော ဂြိုလ်သား မိန်းမငယ်ကို
မယ်လနီ ရဲ့ ကိုယ်တွင်းသို့ ထည့်သွင်းပေးလိုက်ပါတယ်...
ဒါပေမယ့် မယ်လနီ မှာ လုံးလုံးသေသွားခြင်းမရှိပဲ သူမ ရဲ့ အိမ်တွင်
ကျန်ခဲ့ရှာသော မောင်ငယ်လေးကို စိုးရိမ်ပူပန်မှုဖြင့် ကိုယ်တွင်းဝင်ရောက်နေ
သော ၀မ်းဒါး အား အကူအညီတောင်းကာ ၄င်း နေထိုင်ရာ ပုန်းခိုရာသို့
ပြန်လည် ရောက်ရှိသွားသော အခါ .....
=================================================
ကြာမြင့်ချိန် ၂ နာရီနီးပါးရှိပြီး စိတ်လှုပ်ရှားဖွယ် ဒရာမာ သိပ္ပံဇတ်လမ်းတွဲ
ဖြစ်ပါတယ်...
ကြည့်ရှုလိုပါက အောက်ပါ Link တွင် Download ဆွဲ ကြည့်ရှုနိုင်ပါပြီ။
Download
-----------
http://pc.cd/meu7

Wednesday, April 22, 2015

အဟုတ်မှတ်လို့ ကြည့်နေတာ သေရော...ဒါနဲ့ ဘာမြင်လိုက်လဲဟင်



Download

ဟာသ :)



Download

ညတာရှည်မဲ့ ည ( အချစ်ဝတ္ထု ) 18 +

ညတာရှည်မဲ့ ည ... ဆောင်း တွင်း မို့ စောင် ခြုံ ပြီး ကွေး လို့  ကောင်း ချိန် နာ ရီ နှိုး စက် က အ လိုက် မ သိ ထ မြည် သည်..။ ဖေ ၀င်း မောင် အိပ် ရာ က လူး လဲ ထ တယ် ။။ဖေ ၀င်း မောင် နောက် လ ဆို အ သက် ၄၅ နှစ် ပြည့်  မှာ ဖြစ် ပါ တယ်...။ အိမ် ထောင် သက် နှစ် ၂၀ ရှိ လာ ပြီး သ မီး ကြီး က ၁၉ နှစ် သား အ ငယ် က ၁၇ နှစ် ဖြစ် လာ တဲ့  အ ချိန် မ ယား ဖြစ် တဲ့  ခိုင် ချို မာ လဲ သား သ မီး တွေ အရွယ် ရောက် လာ လို့  က တ ကြောင်း သူ မ က လဲ တ ဖက် တ လမ်း က စီး ပွါး ရှာ နေ ပြီး လူ ရော စိတ် ပါ ပင် ပန်း လို့  က တ ကြောင်း ဆို တဲ့  ဆင် ခြေ တွေ နဲ့ ဖေ ၀င်း မောင် နဲ့  မ အိပ် တော့ ...။
ဆက်လတ်ဖတ်ရှု့ရန်

Sexcercise ( 2015 _ Thai Love Movie ) 18 +

Sunday, April 19, 2015

ဧပြီလ (၁၄) ရက်နေ့ ၊ မဟာသင်္ကြန်အကျနေ့ ရန်ကုန်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ POLO CLUB ရေကစား မဏ္ဏပ် မြင်ကွင်း

ဧပြီလ (၁၄) ရက်နေ့ ၊ မဟာသင်္ကြန်အကျနေ့ ရန်ကုန်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ POLO CLUB ရေကစား မဏ္ဏပ် မြင်ကွင်း

ဧပြီလ (၁၃) ရက်နေ့၊ မဟာသင်္ကြန်အကြို့နေ့၊ ရန်ကုန်ရှိ G-Shock သင်္ကြန်မဏ္ဏပ် ဖွင့်ပွဲ နှင့် ဖျော်ဖြေပွဲ

ဧပြီလ (၁၀) ရက်နေ့က ရန်ကုန်၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ ဖျော်ဖြေပွဲ APIRL 10 SHOW



Download

ဧပြီလ (၁၄) ရက်နေ့ ၊ မဟာသင်္ကြန်အကျနေ့ ရန်ကုန်၊ ကန်တော်ကြီးဥယျာဉ်ရှိ Grand Royal ရေကစား မဏ္ဏပ်မှ Iron Cross အဖွဲ့ရဲ့ ဖျော်ဖြေမှု မြင်ကွင်း



Download

Friday, April 17, 2015

Ratatouille


ကြွက်စားဖိုမှူးလေးအကြောင်းပါ....အနံ့ ခံအလွန်ကောင်းတဲ့ ကြွက်ကလေးက
ကမ္ဘာကျော်စားဖိုမှူးကြီးတယောက်ကိုအားကြရင်းနဲ့ ဘယ်လိုလေးတွေ
ဖြစ်လာသလဲဆိုတာကြည်ကြည့်ပေါ့ဗျာ..
စိတ်ဝင်စားဖို့ လဲကောင်းတယ် ရယ်လဲရယ်ရတယ်...


I Fine Thank You, Love You မြန်မာစာတန်းထိုး



ဒီဇာတ်ကားကတော့ ရုံတင်ကတည်းက အောင်မြင်မှုရရှိခဲ့တဲ့ ထိုင်းအချစ်ဟာသဇာတ်ကားဖြစ်ပါတယ်။
ကျွန်တော်လဲ နှစ်သက်မိတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ကိုယ်တိုင်ပဲဘာသာပြန်တင်ဆက်လိုက်ပါတယ်။
ဇာတ်လမ်းကတော့ အင်္ဂလိပ်သင်ယူဖို့ ကြိုးစားနေတဲ့ အမျိုးသားတစ်ဦးနဲ့ အင်္ဂလိပ်စာဆရာမလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတာပါ။
ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံးပီပြင်ကြပြီး ဟာသရသမြောက်အောင် သရုပ်ဆောင်ထားကြပါတယ်။ တကယ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်ကြည်နူးဖွယ်ကြည့်ရမယ့်ဇာတ်ကားပါ။
တစ်နေ့တာ ပင်ပန်းမှုတွေကို ဒီဇာတ်ကားနဲ့ အပန်းဖြေနိုင်ပါတယ်။
ဇာတ်ကားရဲ့ အဆုံးမှာ Bonus သီချင်းတွေထည့်ပေးထားပါတယ်...အဆုံးထိကြည့်ကြည့်ပါ။

အောက်ပါလင့်တွင် အားရပါးရ ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=XZbbLXZLrngfFVvQvpl8mrDwjRt6SyUszmy
ဒေါင်းလုပ်ဆွဲပြီးသား ဖိုင်ကို OKKALA အင်တာနက်ဆိုင်ရှိ အသစ်ထွက် Movie ဇာတ်ကားများ Folder ထဲတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည် 

Friday, April 10, 2015

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး Fast & Furious 7 Full Movie

Full Movie ကို Okkala internet အသစ်ထွက် Movie ဇာတ်ကားများ Folder ထဲတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်

Thursday, April 9, 2015

Youtube Music Award 2015 ( Channel Myanmar )

2014 - 2015 တစ်နှစ်အတွင်း Youtube တွင် လူကြည့်အများဆုံး အကြိုက်ဆုံး
MTV Music Award ရထားသော သီချင်း 31 ပုဒ်ကို သီချင်းချစ်သူ
ပရိတ်သက်များ ကြည့်ရှု၍ ရစေရန် HD Version ဖြင့် တင်ပေးလိုက်ပါသည်။

A Tale of Legendary Libido(2008) မြန်မာစာတန်းထိုး




အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် 
https://my.pcloud.com/publink/show?code=XZx0LXZKbq8F2w4gMV6KFODsIj1Q4OEXOz7

Tuesday, April 7, 2015

Good Girl 2014 ( Korea Love Movie ♥♥♥)

ကူညီပါရစေ ( အချစ်ဝတ္ထူကြီး ♥♥♥ )


 ညီ ညီ မင်း ခ လ ဘက် ရည် ဆိုင် ထဲ ၀င် တာ နဲ့  ဆိုင် ထောင့်  စား ပွဲ မှာ ထိုင် နေ တဲ့  ဖေ ၀င်း မောင် ကို တွေ့  လိုက်သည်..။ ”ဗိုက် ဆာ နေ ပြီ လား ကွ...” “မ ဆာ သေး ပါ ဘူး....ဆ ရာ.” ”ဒိုး တော့ ...အေး အေး ဆေး ဆေး သာ သွား ၀ါး.. ဖေ ၀င်း မောင်..အ ပြန် ကျ ရင် ဟို ဘက် လမ်း ထိပ် က ကျော် ကြီး ကို ချိန်း ပေး လိုက်....ကိုယ် ဒီ မှာ ဘဲ ရှိ မယ်..အ ရေး ကြီး ရင် ဖုန်း ခေါ် လိုက်..” ”ဟုတ် ပြီ..ဆ ရာ...” အ နား ရပ် စောင့်  နေ တဲ့  စား ပွဲ ထိုး လေး ကို လ ဘက် ရေ မှာ ဖို့  လုပ် ပြီး မှ နေ့  လည် စာ အ ချိန် ရောက် နေ တာ သ တိ ရ ပြီး မြေ အိုး မြီး ရှည် မှာ လိုက် သည်..။ ဆိုင် အ ပြင် ဖက် ကို မျက် နှာ ပေး ပြီး ထိုင် သည်..။ ဆိုင် ရဲ့  မျက် နှာ ချင်း ဆိုင် မှာ ရှိ တဲ့  ၆ ထပ် တိုက် ပေါ် တက် တဲ့  လှေ ခါး ပေါက် ကို မျက် ခြေ မ ပြတ် ကြည့်  ရ တဲ့  ဖေ ၀င်း မောင် ရဲ့  အ လုပ် ကို သူ ထ မင်း စား သွား တုံး ခ ဏ ၀င် တာ ၀န် ယူ ပေး ဖို့  ပါ..။ေ၇ာက် လာ တဲ့  မြေ အိုး မြီး ရှည် ကို စား လိုက် သည်..။ စား ပွဲ ပေါ် ချ ထား တဲ့  ညီ ညီ့  ဖုန်း မြည် လာ သည်..။ ကော် လာ အိုင် ဒီ ကို ကြည့်  လိုက် တော့  ဟန် တင်..။ ကျောက် မြောင်း ဖက် မှာ တာ ၀န် ချ ထား တဲ့  သူ့  လူ တ ယောက်..။ ”အေး...ဟန် တင်...ဘာ အ ရေး ကြီး လဲ...ဘာ ထူး လဲ...“ ”ထူး တယ် ဆ ရာ ညီ......ပစ် မှတ် က မျက် နှာ သစ် တွေ သုံး နေ တယ် လို့  သ တင်း တ ခု တက် လာ တယ်.....ကျနော် ဒီ ဖက် မှာ အ ပိုင် စောင့်  နေ တယ်....ဗိုလ် မိုး နဲ့  ပိ စိ လဲ ရှိ တယ်..”
ဆက်လက်ဖတ်ရှု့ရန်

ဧပြီလ (၃) ရက်နေ့က ရန်ကုန်၊ Taw Win Garden Hotel မှာ ပြုလုပ်ခဲ့တဲ့ ကိုးရီးယား အမျိုးသမီး တေးသံရှင်အဖွဲ့ 4Minute ရဲ့ "2015 4Minute Fan Bash Live In Myanmar" ဂီတဖျော်ဖြေပွဲ စာနယ်ဇင်း မိတ်ဆက်ပွဲ



Download

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks