Pages

Sunday, May 31, 2015

Chappie (2015) မြန်မာစာတန်းထိုး


2015 မှာ ထွက်ရှိထားတဲ့ Chappie ဆိုတဲ့ စက်ရုပ်ဇာတ်လမ်းကောင်းလေးတစ်ကားကို
တင်ပေးလိုက်ပါတယ်...လူသားဆန်တဲ့စက်ရုပ်တစ်ရုပ်အကြောင်းကိုရိုက်ကူးထားတဲ့
ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်...

Movie Review ကို ဖတ်ကြည့်ပါဦး..

ဂျိုဟန်းနက်စ်ဘာ့ဂ်မှာ မှုခင်းတွေဆိုးဆိုးရွားရွားဖြစ်ပွားတာကို လျှော့ချဖို့ ကြိုးပမ်းနေတဲ့ တောင်အာဖရိက အစိုးရဟာ ရဲတွေနေရာမှာ စက်ရုပ်ရဲတွေကိုအစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ စက်ရုပ်တီထွင်တဲ့ ဒီဇိုင်နာဒီယွန်ဝီလ်ဆင်ဟာ လူသားတွေလိုပဲ အသိဉာဏ်ရှိပြီး ခံစားမှုပါရှိတဲ့စက်ရုပ်တစ်ရုပ်ကို တီထွင်လိုပေမယ့် အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမဲ့လည်း  ဒီယွန်ဟာ သုံးလို့မရတော့လို့ ဖျက်ဆီးပစ်တော့မယ့် စက်ရုပ်တစ်ရုပ်ကို သူ့အိမ်မှာ တီထွင်ဖို့ယူသွားတုန်းလမ်းမှာ လူဆိုးတစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ လူဆိုးအဖွဲ့ထဲက နင်ဂျာ၊ ရိုလန်ဒီနဲ့ ရန်ကီတို့ဟာ သူတို့ ဓားပြတိုက်ရာမှာသုံးဖို့အ တွက် စက်ရုပ်ကိုပြင်ပေးဖို့  ဒီယွန်ကို အတင်းအကျပ်စေခိုင်းပါ တော့တယ်။ ဒီလိုနဲ့ ဒီယွန်က စက်ရုပ်ထဲဆော့ဖ်ဝဲသစ်ထည့်လိုက်တဲ့ အခါမှာတော့ စက်ရုပ်ဟာကလေး တစ်ယောက်လိုပြုမူခဲ့ပါတယ်။အဲဒီနောက်စကားလည်း စပြောခဲ့ပြီး သူ့ကို ချက်ပီလို့နာမည်ပေးခဲ့ကြပါတယ်။

ချက်ပီကို တီထွင်တဲ့ဒီယွန်ကို နင်ဂျာက နှင်ထုတ်ခဲ့ပါတယ်။  ရိုလန်ဒီက ချက်ပီရဲ့အမေဖြစ်ရတာကို သဘောကျပေမယ့် နင်ဂျာကတော့ သူတို့ဓားပြမှုမှာ မြန်မြန်ထည့်သုံးချင်နေတာမို့ ချက်ပီက ကလေးလိုပဲပြုမူနေသေးတာကို စိတ်မရှည်ပါဘူး။ တစ်ရက်မှာတော့ နင်ဂျာဟာ ချက်ပီကို အန္တ ရာယ်ရှိတဲ့ နေရာတစ်ခုမှာ စွန့်ပစ်ခဲ့တာကြောင့်ဒီယွန်ကိုနောက် ယောင်ခံလိုက်နေတဲ့ သြစတြေးလျ ဒီဇိုင်နာဗင်းဆင့်ကဖမ်းခေါ်သွားပြီး အန္တရာယ်ပြုမှာစိုးလို့ လက်တွေကို ဖြုတ်ပစ်ခဲ့ပါတယ်။  အဲဒီနောက် ချက်ပီကိုယ်ထဲက ဘက်ထရီအလုပ်ပြန်လုပ်ပြီး အသိဉာဏ်လည်းပြန်ဝင်သွားတာကြောင့် ချက်ပီနင်ဂျာတို့ဆီ ပြန်ထွက်ပြေးခဲ့ပါတယ်။

ချက်ပီကို လက်ပြန်တပ်ပေးခဲ့ပြီး အတိုက်အခိုက်တွေ၊ လက်နက်ကိုင်နည်းတွေကိုပါသင်ပေးခဲ့ကြပြီးသူတို့နဲ့ အတူတူမှုခင်းတွေမှာ ပါဝင်စေခဲ့ပါတော့တယ်။ ဒီဇိုင်နာဗင်းဆင့်ဟာ စက်ရုပ်ရဲတွေ အကုန်လုံးကို ဆော့ဖ်ဝဲသစ်ထည့်ခဲ့ပြီး ဂျိုဟန်းနက်စ်ဘာ့ဂ်တစ်မြို့လုံးကို ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီယွန်ဟာ ချက်ပီ ကို စက်ရုပ်ထုတ်တဲ့စက်ရုံကို သယ်လာပြီး ဗင်းဆင့်လုပ်ထားတဲ့ ဆော့ဖ်ဝဲတွေကို ရပ်တန့်အောင် ကြိုးပမ်းခဲ့ပါတယ်။

အဲဒီအခါမှာ ဗင်းဆင့်တစ်ယောက်ဘယ်လိုတွေ ဆက်ဒုက္ခပေးဦးမှာလဲ။ ချက်ပီကကော သူနဲ့ ပတ်သက်သူတွေကို ကယ်ဆယ်နိုင်ပါ့မလားဆိုတာကို တော့ ကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦးနော်။
ဒီဇာတ်ကားမှာ ချက်ပီနေရာ ကနေ အသံနဲ့လှုပ်ရှားမှု သရုပ် ဆောင်ပေးသူက ရှာလ်တိုကိုပ လေး၊ ဒီယွန်အဖြစ် ဒက်ဗ်ပက် တယ်၊ ဗင်းဆင့်အဖြစ် ဟုခ်ျဂျက်ခ်မန်းတို့က သရုပ်ဆောင်ထားပါ တယ်။
အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=XZmGIXZDM9tale96F8In7l6OOhgWFSgSPIy


Saturday, May 30, 2015

မေလ (၂၈) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ Centara Grand Hotel မှာ ကျင်းပခဲ့တဲ့ HUAWEI P8 Smart Phone မိတ်ဆက်ပွဲ

Myanmar Ancient Mysteries Revealed



အဲဒီ ကားလေ ကြည့် ချင် ရင်အောက်မှာ ဒေါင်းလိုက်ပါ
အပိုင်း ၁
https://my.pcloud.com/publink/show?code=XZ34NXZp8EQB4AaYI0Qa2nW08e0TunckRRV

ဖုန်းဗားရှင်းအမြင့်တွေကိုတောင် Root ဖောက်နိုင်တဲ့ Kingroot 4.1.0.249 apk

 Kingroot 4.1.0.249 apk : 6.4 Mb 

 Android ထဲမှာပဲ Root ဖောက်နိုင်တဲ့ apk တွေထဲမှာ နောက်ဆုံး လက်စွမ်းထက်လာတာက Kingroot ဖြစ်ပါတယ်.. Android ဖုန်းအားလုံးနီးပါးကို တစ်ချက်တည်းနဲ့ Root ပေါက်နိုင်ဆိုပြီး နာမည်ကြီးလာတာပါ.. ခု နောက်ဆုံးထုတ်ပေးလိုက်တဲ့ Kingroot 4.1.0.249 apk ဟာ Samsung Galxy S6 သာမက Sony Z3(5.0) တွေလိုမျိုး Hight end Smart Phone တွေရဲ့ Android 5.0 အထက်တွေကိုတောင် Root ပေးနိုင်တယ်လို့ဆိုပါတယ်.. Forumxda မှာ ဖေါ်ပြထားချက်အရဆိုရင် Samsung Model ပေါင်း များစွာ၊ Huawei, HTC, Sony, Google Nexus, LG, ZTE စတဲ့ Smart Phone များစွာကို Root ပေါက်နိုင်ကြောင်း ထောက်ခံထားပါတယ်.. အောက်ဆုံးက လင့်မှာ Forum XDA ရဲ့ Kingroot နဲ့ ပေါက်တဲ့ List ကို ကြည့်နိုင်ပါတယ်.. ကဲ ခုတော့ Kingroot 4.1.0.249 apk လေး ဒေါင်းလိုက်ပါအုံး...( credit to ပုသိမ် )
http://d-h.st/fyva

Monday, May 25, 2015

ဒဂုံမန်းရထားပေါ်က အန်တီမမ ( 18 + အချစ်ဝတ္ထု)

ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပေါ့ဗျာ။ ကျနော်က အစိုးရဌာနတခုက အရာရှိပေါက်စလေးပါ။ ရန်ကုန်မှာ သင်တန်းတက်ပြီးတော့ တာဝန်ကျရာ စစ်ကိုင်းတိုင်းက မြို့လေးတမြို့ကို အသွား ဒဂုံမန်းရထားနဲ့ အထူးတန်းလက်မှတ်သွားယူတာ လက်မှတ်က ကုန်နေလို့ တနေရာကျန်တဲ့ အိပ်ခန်းတွဲက လက်မှတ်တစောင်  ဖြတ်လိုက်ပါတယ် ။ နောက်နေ့ညနေ ရထားစီးဖို့သွားတော့မှ သိရတာက ဒီတွဲက ရှယ်ကြီးဗျ။ ရထားတတွဲလုံးကို ၄ ပိုင်းပိုင်းပြီး တပိုင်းကို တခန်းစီလုပ်ထားတာ။ တခန်းမှာ အောက်မှာ မျက်နှာချင်းဆိုင် နှစ်ယောက်ထိုင်ခုံ ၂လုံး စီ ဘယ်ညာ ၄ လုံးရှိတယ်။ အဲဒီ ခုံလေးလုံးကို ကုတင်အကြီး နှစ်လုံးအဖြစ် အသွင် ပြောင်းလို့ရတယ်။ တခါ ပေါ်မှာ နံရံကပ် တယောက်အိပ်ကုတင်နှစ်လုံးကလည်းပါသေးတယ်။ တကယ်တော့ ဒီတွဲတွေက မိသားစုတွေ အတွက်လုပ်ထားတာ ။ ကျနော်က တခြားလက်မှတ်မရလို့ သူများမိသားစုနဲ့ ပေါင်းစီးရတဲ့ သဘော ဖြစ်နေတာပေါ့ ။ ကျနော်ကနဲနဲစောရောက်သွားတော့ တခြားသူတွေ မရောက်သေးဘူး။ တွဲစောင့်က ထိုင်ခုံတွေကို ကုတင်အသွင်ပြောင်းနည်းကိုလာရှင်းပြပါတယ်။ ဒီအခန်းက လူ ၄ ယောက်စာ လက်မှတ်ရောင်း ထားတာပါ။ ရထားထွက်ကာနီးတဲ့အထိ တယောက်မှလဲရောက်မလာကြ သေးလို့ ကျနော်တယောက်တည်းများ တခန်းလုံးရတော့မှာလားလို့ တွေးပျော်နေတုံး ရထားဥသြ ဆွဲပါတော့တယ်။
ထွက်ဘို့ ၅ မိနစ်ဘဲလိုတော့တယ်လေ။

ဆက်လက်ဖတ်ရှု့ရန်>>>>>>>>>

Eagle Eye(မြန်မာစာတန်းထိုး)



အကြမ်းဖက် လုပ်ငန်းတွေကို အစိုးရဒေတာ အချက်အလက်တွေကိုအခြေခံပြီး အလိုအလျာက် တွက်ချက်ပြီးတာနဲ့ ပစ်မှတ် တွေကို ရှာဖွေ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပင်တာဂွန်စစ်ဌာန ချုပ်က စူပါကွန်ပျုတာ ဘောရက်ဆိုတာ ရှိပါတယ်။ သူက သတ်မှတ် ချက် တွေကို ဆုံးဖြတ်ရာမှာ လူတဦးလို ဆုံးဖြတ်ပါတယ်။ သူကအချုပ်အချယ် လွတ်ကင်းပြီး အမေရိကန်ပြည်သူတယောက် လို ဆုံးဖြတ် ခွင့်လဲရရှိထားပါတယ်။ အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ၀င်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမ၀င်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ၀င်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ၀င်ရောက်မောင်းနှင်ဖို့ ဖုန်းထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။
ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ်

Eagle Eye Movie Download Link>>>>>https://my.pcloud.com/publink/show?code=XZ4DEXZEgN1ET4gYMbbwgmqUfeXfhsUfG9k

Lionel Messi All 43 Goals In La Liga 2014-2015 HD

Cristiano Ronaldo All 61 Goals ● 2014/2015 HD

The Dead Lands (2014) (မြန်မာစာတန်းထိုး)

 Action အမျိုးအစား
The Dead Lands (2014) ကို 
(မြန်မာစာတန်းထိုး)နဲ့ တင်ပေးလိုက်တယ်
မြန်မာစာတန်းထိုးနဲ့မို့ အညွှန်းမပေးတော့ပါဘူး
IMDb မှာ rating 6.4 ထိ ရထားတဲ့
ဇာတ်ကားကောင်းလေးမို့
Action ကားကောင်းတွေ ကြိုက်နှစ်သက်တဲ့
သူတွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်း
တစ်ကားဆိုရင်မမှားပါဘူး ( Credit to ချမ်းငြိမ်း )
အောက်ပါလင့်တွင် ဒေါင်းလုပ်ကြည့်ရှု့နိုင်ပါသည်
 

Saturday, May 23, 2015

Maggie ( 2015 ) မြန်မာစာတန်းထိုး

ဇာတ်လမ်းအကျဉ်းကိုတော့ ထွေထွေထူးထူးမပြောတော့ပါဘူး.. ရောဂါပိုးကူးစက်သွားတဲ့ ကောင်မလေးတစ်ယောက် Zombie တစ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့အကြောင်းရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို ရိုက်ကူးထားပါတယ်... ဒါရိုက်တာကတော့ Henry Hobson ဖြစ်ပါတယ်.. IMDb မှာ 5.9 သာရရှိထားတာကိုတော့သတိထားရပါမယ် Zombie ကားတွေ သဘာဝလွန်ကားတွေကြိုက်နှစ်သက်တဲ့ သူတွေတော့စောင့်ကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်.. 
credit to Channel Myanmar
 အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=XZbCtXZpK5xhfS5euVkxtEUtJbPIjoUyAXX

Iron Corss မှ ကိုလေးဖြူရဲ့ Live 90 Min Live Show Video

တစ်​​နေ့လုံးတစ်​ညလုံး [ဥဂ္ဂါ သီချင်း​ခွေအသစ်[Album new music]

 
သီချင်း​တွေက​စောက်​ရမ်းမိုက်​တယ်​​နော်
Album ၁၂ ပုဒ်​ပါစုစု​ပေါင်းကဲနား​ထောင်​ချင်​တဲ့​ဘောဒါများ​ဒေါင်း​လော့ရယူနိုင်​ပါပြီဗျာ
✔ Downoad Link ✔

Thursday, May 21, 2015

Life of Pi ( 2012 ) မြန်မာစာတန်းထိုး

  Life of Pi ( 2012 ) မြန်မာစာတန်းထိုး

ရိုးရိုးသားသားပြောရရင် ကျနော်မကြာခဏဆိုသလိုပြောဖူးတဲ့အတိုင်း
ရုပ်ရှင်တကားကို ပြီးဆုံးအောင်ကြည့်ဖို့ အချိန်တွေ ပါးလှပ်သွားခဲ့တာကြာပါပြီ
မကြာသေးခင်က အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတကား ကျနော့်ဆိုဒ်မှာ
တင်တုန်းက မိတ်ဆွေအချို့က  Life of Pi ဇာတ်ကားလေးတင်ပေးပါဆိုလို့
ကိုယ်တိုင်ပဲ ရေးလိုက်မှ ဒီဇာတ်ကားဘာကြောင့် ကမ္ဘာကျော်ရသလဲဆိုတာကို
နားလည်မိပါတော့တယ် ...။
ဘ၀ဒသန ရှုထောင့်ကနေ အနုပညာဆန်ဆန် တင်ပြထားတဲ့ အထဲကနေ
ဘလော့ဂါ Thaw Maw Zan ရဲ့ Life of Pi မှ ရတဲ့
သင်ခန်းစာ ၁၀ ခု ကိုမိတ်ဆက်ပေးလိုက်ပါတယ်..
သူတင်တင်ပြထားတာကတော့ .....
Life of Pi ရုပ်ရှင်ကို မကြာသေးခင်ကပဲ မိတ်ဆွေတစ်ယောက်နဲ့အတူ ကြည့်ခဲ့ပါတယ်။ ကျနော်လည်း စာရေးဆရာ Yann Martel ရဲ့ Life of Pi ၀တ္ထုကို ဖတ်ပြီးကာစ။ ဒီစာအုပ်ဟာ ခိုင်မြဲတဲ့ ယုံကြည်မှုတွေနဲ့ လူငယ်လေးတစ်ယောက်ရဲ့ အန္တရာယ်တွေကြားက အသက်ဆက် လွတ်မြောက်ခဲ့တဲ့ အံ့သြဖွယ် ဇာတ်လမ်းတစ်ပုဒ်ပါ။ စာပေဆိုင်ရာ ဆုတွေ ရရှိခဲ့တဲ့အပြင် ရုပ်ရှင်ရိုက်တော့လည်း အော်စကာဆု ရခဲ့ပါတယ်။ Life of Pi ဟာ လက်ရာမြောက်တဲ့ ဖန်တီးချက်တွေနဲ့ သင့်ရဲ့ အာရုံကို ထူးထူးခြားခြား ဖမ်းစားနိုင်တဲ့အပြင် ဒီဇာတ်ကားမှာ ဘ၀အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေလည်း ရှိပါတယ်။
၁။ အာရုံစူးစိုက်ပါ
ဒီစကားကို ပိုင်ရဲ့ ဖခင်က ညစာ ထမင်းစားဝိုင်းမှာ ပိုင်ကို ပြောခဲ့တယ်။ အဲဒီအချိန်မှာ ပိုင်က မတူညီတဲ့ ဘာသာတရားတွေကို အရမ်းစူးစမ်းချင်နေပြီး အဲဒီဘာသာအားလုံးကို တစ်ပြိုင်တည်း ကိုးကွယ်ချင်နေတဲ့အတွက်ကြောင့်ပါပဲ။ မတူညီတဲ့လမ်းကြောင်းတွေကို တစ်ပြိုင်တည်းသွားဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒီလမ်းကြောင်းအတော်များများဟာ ကွဲပြားဆန့်ကျင်နေတတ်တယ်၊ ရှုပ်ထွေးမှုတွေကို ဖြစ်စေတတ်ပြီး အာရုံစူးစိုက်ဖို့ ခက်ခဲစေတတ်တယ်။ နောက်ဆုံးတော့ အရေးပါလှတဲ့ စွမ်းအင်တွေကို ဖြုန်းတီးပစ်သလို ဖြစ်သွားတတ်ပါတယ်။

၂။ ဘ၀ဆိုတာ စွန့်စားခန်းပါ

ကျနော်တို့ ကလေးတုန်းက ရှိခဲ့တဲ့ စွန့်စားလိုစိတ်တွေဟာ ကြီးလာတဲ့အခါ ပျောက်ဆုံးသွားကြပါတယ်။ စူးစမ်း စွန့်စားလိုစိတ်ဟာ သင့်ကို ငယ်ရွယ်သွားသလို ခံစားရစေနိုင်ပါတယ်။

၃။ သက်သောင့်သက်သာဇုန်က ခုန်ထွက်

ကျနော်တို့ဟာ သက်သောင့်သက်သာဇုန် (comfort zone) မှာ ထိုင်နေလိုကြတယ်။ ဒါပေမယ့် ကျနော်တို့ဟာ စမ်းသပ်ကြရမယ်၊ ကျနော်တို့ကိုယ်ကျနော်တို့ ရှာတွေ့ဖို့အတွက် ဒီ သက်သောင့်သက်သာဇုန်ကနေ ကျော်လွန်ပြီး သွားကြရမယ်။ ဒါက သင့်ကို ချွန်မြစေတယ်၊ သင့်လမ်းခရီးမှာ တွေ့လာတဲ့ အခွင့်အလမ်းတိုင်းကိုလည်း ဆုပ်ကိုင်နိုင်စေတယ်။

၎။ ကျနော်တို့အားလုံးမှာ
တူညီတဲ့ရည်မှန်းချက်တစ်ခုရှိကြတယ်။ အဲဒါကတော့ အခက်အခဲတွေကနေ ရှင်သန်နိုင်ဖို့ပါပဲ..။သက်ရှိအရာတိုင်းဟာ ဆက်လက် အသက်ရှင်နိုင်ဖို့ စဉ်ဆက်မပြတ် ရုန်းကန်နေကြရပါတယ်။ ဒါကပဲ ကျနော်တို့ကို နိုးကြားစေတယ်၊ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ပိုပြီး နားလည်လာစေတယ်။

၅။ ဘ၀ဆိုတာ စိတ်ကြိုက်ပုံဖော်နိုင်တဲ့အရာ
ကျနော်တို့ဟာ တူညီတဲ့အရာတွေကို တွေ့ကြုံတတ်ကြပေမယ့် ကျနော်တို့ နားလည်အတိုင်း၊ ကျနော်တို့ရဲ့ ဘ၀အတွေ့အကြုံတွေအတိုင်းသာ အဲဒီအရာတွေကို တုန့်ပြန်တတ်ကြတယ်။ ကျနော်တို့ထံ ဖြစ်လာတဲ့အခြေအနေတိုင်းကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ ကျနော်တို့ ဆုံးဖြတ်နိုင်တယ်။ ဒါမှမဟုတ် အခြေအနေရဲ့ သားကောင်အဖြစ် အရှုံးပေးလိုက်နိုင်တယ်။
၆။ ခွန်အားဆိုတာ အတွင်းက လာတာ
အခက်အခဲအချိန်တိုင်းမှာ ကျနော်တို့ရဲ့ ကိုယ်တွင်းကလာတဲ့ ခွန်အားက ကျနော်တို့ကို ရှေ့ဆက်သွားနိုင်စေတယ်။ ဒီထက်ပိုတဲ့ စွမ်းအားမရှိပါဘူး။ ဇာတ်ကားထဲမှာ ပိုင်က ဘုရားသခင်ကို သူ့ကို ဘာကြောင့် ဒီဒုက္ခတွေ ကြုံတွေ့စေရတာလဲလို့ မေးတယ်။ သူဟာ ဒီအရာတွေကို ဖြစ်သလိုကြုံတွေ့လာတဲ့ ကိစ္စတွေလို့ မမှတ်ယူဘဲ သူ့ကို စမ်းသပ်နေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူတယ်။ ပြီးတော့ သူ့ရဲ့ကိုယ်တွင်းကနေ ခွန်အားကို ရှာဖွေပြီး လူသားတစ်ယောက်အဖြစ် ရှင်သန်နိုင်ခဲ့တယ်။ သင့်မှာ သင်သိထားတာထက်ပိုတဲ့ သတ္တိတွေ ရှိတယ်။
၇။ ကြက်ဥတွေအားလုံးကို ခြင်းတစ်ခြင်းထဲမှာပဲ ထည့်မထားနဲ့
ရစ်ချက်ပါကာ ဆိုတဲ့ ကျားရဲ့ရန်ကနေ သူ့အစာတွေကို ကာကွယ်နိုင်ဖို့ ပိုင်က ရှိသမျှ စားစရာအားလုံးကို သူ တည်ဆောက်ထားတဲ့ ဖောင်ကလေးမှာ ချည်နှောင်ထားတယ်။ အဲဒီကျားကလွဲလို့ တခြားဘာအန္တရာယ်ကိုမှ ပိုင် သတိမထားမိခဲ့ဘူး။ တစ်ညတော့ ဝေလငါးကြီးတစ်ကောင်ပေါ်လာပြီး လှေကို မှောက်အောင် လုပ်လိုက်တဲ့အခါ ပိုင်မှာ ရှိသမျှ စားစရာတွေအားလုံး ကုန်သွားတော့တယ်။ ပိုင် စိတ်ဓာတ်ကျပြီး ကျန်ခဲ့တယ်။ ကျနော်တို့မှာ နည်းနည်းပဲရှိတဲ့အခါ ဒီထက်ပိုပြီး မရှာဖွေခင်မှာ ရှိတဲ့နည်းနည်းကို ကာကွယ်ဖို့ ကြိုးစားကြရပါမယ်။ သင့်မှာရှိသမျှကို တစ်နေရာတည်းမှာ ထားတဲ့အခါ ဒါမှမဟုတ် သင့်ယုံကြည်မှုအားလုံးကို အတွေးအမြင်တစ်ခုတည်းမှာပဲ တည်ဆောက်ထားတဲ့အခါ၊ မမျှော်လင့်တဲ့ အန္တရာယ်တွေ ဖြစ်လာခဲ့ရင် သင့်မှာ ဘာမှ ကျန်မှာ မဟုတ်ပါဘူး။
၈။ အစီအစဉ်တစ်ခု အမြဲရှိပါ။ နေ့စဉ်မှတ်တမ်းစာအုပ် ထားပါ။
ပိုင်ဟာ ပင်လယ်ထဲမှာ အစားအသောက်နည်းနည်းရယ် ငတ်မွတ်နေတဲ့ ကျားတစ်ကောင်ရယ်နဲ့အတူ ကျန်ခဲ့တဲ့အခါ သူ့မှာ အသက်ဆက် လွတ်မြောက်ဖို့ အစီအစဉ် plan တစ်ခု ရှိရပါတော့မယ်။ ကံကောင်းစွာပဲ သူ စားစရာနည်းနည်းနဲ့ စာအုပ်တစ်အုပ် ရခဲ့တယ်။ ဖြစ်ရပ်တွေကို မှတ်ထားဖို့ အရေးကြီးပါတယ်။ သင် လိုအပ်တဲ့အခါ ပြန်ကြည့်နိုင်တယ်။ ကျနော်တို့ဟာ မှတ်ဥာဏ်ကိုပဲ အားကိုးမနေနိုင်ပါဘူး။ နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ် ထားခြင်းအားဖြင့် သင်ပြုလုပ်သမျှအရာတွေ၊ သင်အဲဒါတွေကို ဘာကြောင့်ပြုလုပ်သလဲဆိုတာတွေကို အမြဲတမ်း ဆန်းစစ်နိုင်ပါတယ်။ ဆာဆာနဲ့ အများကြီး စားမပစ်ခဲ့ဘဲ အစီအစဉ်နဲ့ စားခဲ့တဲ့အတွက်လည်း ပိုင်ရဲ့ အစားအစာတွေဟာ ပိုပြီး ကြာကြာခံနိုင်ခဲ့တယ်။ ဒါကြောင့် အစီအစဉ် Plan တစ်ခုဟာ မဖြစ်မနေလိုအပ်တယ်။
၉။ ဘ၀ကို ဖြစ်လာတဲ့အတိုင်း ရင်ဆိုင်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်။
“ဘ၀ကို ဖြစ်လာတဲ့အတိုင်း ရင်ဆိုင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်” ဒီစကားက ကျနော့်ကို နိုးကြွစေရုံတင်မက ကျနော်တို့ဟာ ဘ၀ကို သူ့အရှိအတိုင်း လက်ခံနိုင်တယ်၊ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ဆီကိုသွားဖို့ လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့ စွမ်းအား ကျနော်တို့မှာ ရှိတယ်လို့ ကျနော့်ကို သတိပေးလိုက်တယ်။ အခြေအနေတွေ ခက်ခဲလာတဲ့အချိန်မှာတောင် ဘယ်အခြေအနေကိုမဆို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲဖို့ ကျနော်တို့ဟာ ဒီစကားကို သတိရကြရမယ်။ ရိုးရှင်းပြီး ခွန်အားရှိတဲ့ အမှာစကားဖြစ်ပါတယ်။
၁၀။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ကို အရှုံးမပေးနဲ့။
နောက်ဆုံးအနေနဲ့ ပိုင်ရဲ့ စကားအတိုင်း “…. ဘာပဲဖြစ်ဖြစ်၊ မျှော်လင့်ချက်ကို ဘယ်တော့မှ အရှုံးမပေးနဲ့”

ဒီလောက်ဆိုရင်တော့  Life of Pi ကိုကြည့်သင့်သလားဆိုတာကို ဆ၀ါးမိကြမှာပါ..။ ( ချမ်းငြိမ်း - မှော်ဝန်း )


အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်
 https://my.pcloud.com/publink/show?code=shU

မျိုးကြီး ရဲ့ မင်းရှိတဲ့မြို့


 မျိုးကြီး ရဲ့ မင်းရှိတဲ့မြို့ mp3 (free) တွေကိုအောက်မှာဒေါင်းလို့ရပါပြီ

http://pc.cd/Lze7

Tuesday, May 19, 2015

ORIGINAL GANGSTER ( မြင့်မြတ် + ယုန်လေး + မင်းဦး + ထူးခြား + ယုသန္တာတင် ) မြန်မာဗီဒီယို ဇာတ်ကားသစ်

တေလာဆွစ် ရဲ့ သီချင်းအသစ်ပါ Taylor Swift - Bad Blood ft. Kendrick Lamar



Download

မေလ (၁၃) ရက်နေ့က ရန်ကုန်၊ Sule Shingri-La Hotel မှာ ကျင်းပခဲ့တဲ့ Miss Golden Land Myanmar 2015 အလှမယ် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား နှင့် မီဒီယာ အကြိုက် ဆုပေးပွဲ



Download

Fast And Furious 7 (2015) မြန်မာစာတန်းထိုး

Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ၀င်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။
ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား 
ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ Justin Lin က နေ လူစိတ်ဝင်စားလာအောင် ပုံစံပြောင်း ရိုက်ကူးခဲ့ပြီး Fast Five က ဒီစီးရီးရဲ့ အကောင်းဆုံး ဇာတ်ကား အဖြစ် ပရိတ်သတ်တွေ လက်ခံထားကြပါတယ်။
ဒီ Fast & Furious ကားတွေ က Birdman တို့ American Sniper တို့လို ဇာတ်လမ်းပိုင်း ကောင်းမကောင်း ဝေဖန်ဖို့ မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကားက ဇာတ်လမ်းကောင်းလို့ပြောဖို့ထက်၊ Action ကားကောင်းလို့ပဲ ပြောလို့ရပါ တယ်။ အခု Furious 7 ကလည်း အက်ရှင်တွေ၊ ပြိုင်ကားတွေ၊ သေနတ်၊ ဗုံး စတာတွေ အများအပြားပါသလို၊ ကြည့်လို့လည်း ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် Visual Effect နဲ့ Action ကိုပဲ အားကိုးထားတာတော့မဟုတ်ပါဘူး။ သူ့မှာ စိတ်ဝင်စားစရာ ဇာတ်ကွက်၊ လူရှိန်လောက်တဲ့ ဗီလိန် တွေပါသလို ဗီလိန်တွေရဲ့ ဇာတ်ကောင်ကလည်း အဓိပ္ပာယ်ရှိပါတယ်။ Transformer ကားတွေလို လုံးဝယုတ္တိမရှိတာမျိုးမဟုတ်ပါဘူး။
ဇာတ်လမ်းမပြောခင် Fast & Furious ဇာတ်ကားတွေရဲ့ အစီစဉ်က The Fast & the Furious, 2 Fast 2 Furious, Fast & Furious (2009) နံပါတ်လေးကားမြောက်ပါ ပြီးတော့မှ Fast Five, Fast & Furious 6, Tokyo Drift (2003), နဲ့ အခု Furious 7 တို့ဖြစ်ပါတယ်။ နံပါတ်ခြောက်မှာ သူတို့ နှိမ်နင်းပေးခဲ့တဲ့ Owen Shaw ရဲ့ အကို Deckard Shaw (Jason Statham) က သူ့ညီအတွက် လက်စားချေဖို့ သူတို့အဖွဲကို တစ်ယောက်ပြီးတစ်ယောက် လိုက် နှိမ်နင်းပါတယ်။ ပထမဆုံးအနေနဲ့ Han ကို Tokyo မှာ သတ်လိုက်ပြီးနောက် Dom ရဲ့ အိမ်ကို ဗုံးခွဲခဲ့ပါတယ်။ ဒါကြောင့် Dom က Deckard Shaw ကို လက်တုန့်ပြန်ရမှာဖြစ်သလို သူတို့ ကို လိုက်သတ်နေတာကိုလည်း ကာကွယ်ရမှာဖြစ်ပါတယ်။
Deckard Shaw က British Special Forces က Black Ops Assassin တစ်ဦးဖြစ်ပါတယ်။ သူ့ကို အစိုးရကလည်း လိုချင်နေပြီး အခုထိရှာလို့မတွေ့သေးပါဘူး။ ဒီနေရာမှာ U.S အစိုးရဘက်က လူတစ်ယောက် (Kurt Russell)က Dom ကို အလုပ်တစ်ခု ခိုင်းလာပါတယ်။ British Hacker တစ်ယောက်က တစ်ကမ္ဘာလုံးမှာ ရှိသမျှ ကင်မရာ ဆဲလ်ဖုန်းတွေ ကို ဟက်လုပ်နိုင်တဲ့ Chipset လေးတစ်ခု ထွင်ထားပြီး အဲ့ဒီ ဟက်ကာကို လူဆိုးလက်က ပြန်ကယ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကယ်နိုင်ရင် Shaw ကို ဒီ Chipset ရဲ့ အကူအညီနဲ့ ရှာပေးမှာဖြစ်တယ်လို့ ကတိပေးပါတယ်။
ဇာတ်လမ်းက တော့ ထုံးစံအတိုင်း ကားတွေ၊ ထွေလာထဲမှာပါသလို စတန့်တွေနဲ့ ပဲ ပြီးသွားတာဖြစ်ပါတယ်။ Action Scene တွေက ကောင်းပေမယ့် ဇာတ်လမ်းက တော့ Fast Five လောက်မကောင်းလှပါဘူး။ တစ်ခု ထူးထူးခြားခြားကောင်းတာက၊ ဇာတ်လမ်းအစကတည်းက Brian (Paul Walker) က မိသားစုဘ၀ ကို ပျင်းရိနေတဲ့ ပုံစံပြထားသလို၊ ဇာတ်လမ်းတစ်လျှောက်မှာလည်း မိန်းမနဲ့ ခွဲသွားရတော့ မယ်ဆိုတဲ့ အရိပ်အယောင်လေးတွေပြထားပါတယ်။
ဒီနေရာမှာ ဒါရိုက်တာ James Wan နဲ့ Justin Lin ကွဲသွားတာ သိသာပါတယ်။ Justin Lin က အက်ရှင်ကို ဦးစားပေး ပြီး အက်ရှင်ကားကောင်းတွေ နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်း မျိုးရွေးချယ်ပေမယ့်၊ James Wan ကတော့ ဒီကားမတိုင်ခင်အထိမှာ Horror ကားတွေပဲ ရိုက်ကူးထားပါတယ်။ Saw, Conjuring, Insidious စတဲ့ ဇာတ်ကားကောင်းတွေ ရိုက်ကူးထားဖူးလို့ ဇာတ်ကားမှာ ဗီလိန်ကောင်းကောင်း ကို ဇာတ်လမ်းနဲ့ကိုက်အောင် အသုံးချတတ်ပါတယ်။ ဒီကားမှာပါတဲ့ Vin Diesel နဲ့ The Rock တို့ လို ဇာတ်ကောင်မျိုးတွေ အတွက် လောက်လောက်လားလား ဗီလိန် ဆိုတာရှားပါးလှပါတယ်။ သူတို့နှစ်ယောက်ကို ယှဉ်ပြီး ချနိုင်ဖို့ ဒုက္ခပေးနိုင်ဖို့ အတွက် အဓိက ဗီလိန် Jason Statham ကို ရွေးထားတာ မှန်ကန်ပြီး ဇာတ်လမ်းအရလည်း အံဝင်ပါတယ်။ Jason ကလည်း ဒီလို ဇာတ်ရုပ်မျိုးတွေပဲ သရုပ်ဆောင် လေ့ရှိတာဖြစ်ပြီး၊ သူရဲ့ Martial Art Skill ကို သူနဲ့တွဲရိုက်သမျှထဲမှာ ယှဉ်နိုင်တာ Jet Li တစ်ယောက်ပဲရှိပါတယ်။ ဒီကားမှာဆိုလည်း သူက Vin Diesel တို့ The Rock တို့ ကိုအသာလေး အနိုင်ယူနိုင်ပေမယ့်၊ ဇာတ်လမ်းအရ သူက တော်တော်နှေးပေးထားရပါတယ်။ နောက်ထပ်တစ်ဦးဖြစ်တဲ့ Ong Bak မင်းသား Tony Jaa ကတော့ ဇာတ်လမ်းမှာသိပ်မပါရပေမယ့် ပါရတဲ့အခန်းမှာတော့ သရုပ်ဆောင်မဆိုးဘူးလို့ဆိုရပါမယ်။
ဇာတ်လမ်းက သာမန်ပဲဖြစ်ပေမယ့် ဇာတ်လမ်း တစ်ခုလုံးမှာ နောက်ဆုံး Scene လေးက ပရိတ်သတ်ရင်ကို ထိမှန်စေတဲ့ အခန်းလေး တစ်ခန်းပါပြီး၊ ဒီတစ်ခန်းထဲနဲ့တင် ဇာတ်ကားရဲ့ ဟာကွက်တွေကို ခွင့်လွှတ်ပေးလို့ရပါတယ်။ ဒီဇာတ်ဝင်ခန်းအကြောင်း ပြောရင်တော့ Spoiler လို့ပြောလို့ရပေမယ့်၊ ရုပ်ရှင် မထွက်ခင်ကတည်းက ဒါရိုက်တာ James Wan က Paul Walker ရဲ့ ဇာတ်ကောင်ကို ဇာတ်လမ်းထဲမှာ သေခိုင်းမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။ Studio က ဇာတ်လမ်းထဲမှာပါ ဇာတ်ကောင်ကို သေခိုင်းဖို့ လုပ်ထားပေမယ့်၊ James Wan ရဲ့ ဇာတ်သိမ်းလေးက ပိုကောင်းပါတယ်။
ဟုတ်ပါတယ် Brian O'Conner (Paul Walker) က နောက်ဆုံးမှာ မိသားစုနဲ့အတူ ကမ်းစပ်မှာ ရေကစားနေပြီး၊ သူတို့နှစ်ယောက်ကို Dom (Vin Diesel), Letty (Michelle Rodriguez), Roman (Tyrese Gibson), Tej (Ludacris) နဲ့ Ramsy တို့က နောက်ကနေ ကြည့်နေကြပြီး၊ ဒါနောက်ဆုံးပဲဆိုတဲ့ ခံစားချက်တွေ သူတို့မျက်နှာ်မှာပေါ်လွင်ပါတယ်။ အပြင်မှာ တကယ်သေသွားပြီဖြစ်တဲ့ Paul က နောက်ထပ်ဇာတ်ကားတွေမှာ ပါဝင်နိုင်တော့မှာမဟုတ်သလို၊ ဒီ ဇာတ်ဝင်ခန်းလေးက သူတို့ နောက်ဆုံး နုတ်ဆက်တဲ့ဇာတ်ဝင် ခန်းလေးဖြစ်တာနဲ့အညီ Vin Diesel နဲ့ Tyrese Gibson တို့ရဲ့ မျက်နှာ်မှာ ၀မ်းနည်းနေတာ၊ အရမ်းသိတာသလို၊ တကယ့် ၀မ်းနည်းဖို့လည်းကောင်းပါတယ်။ ကျွန်တော်ပြောတာနဲ့တင်မလုံလောက်ပဲ ဇာတ်ကားကို ရုံမှာသွားကြည့်သင့်ပါတယ်။ No Sex, No Nudity ဆိုပေမယ့် ထုံးစံအတိုင်း ဘီကီနီ နဲ့မိန်းကလေးတွေ တော့ ပါပါတယ်။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ဒီကားထဲမှာ နောက်ဆုံး ဇာတ်ဝင်ခန်းက အကောင်းဆုံး လို့ပြောလို့ရသလို၊ ပထမဆုံး Jason Statham နဲ့ The Rock ရဲ့ Fight Scene ကလည်း တစ်ကားလုံးမှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ အဲ့ဒီအခန်းမှာ The Rock က Jason ကို Smack Down သုံးပြီး ချတာ လည်းပါပြီး၊ ရုံမှာကြည့်ရတာပိုမိုက်ပါတယ်။

(ရုပ်ရှင်အညွှန်းကို Movies For Myanmar ရုပ်ရှင်မိတ်ဆက် Facebook Page & Channel Myanmar မှ ကူးယူတင်ပြပါသည်)

FULL MOVIE ကိုအောက်ပါလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်
 https://my.pcloud.com/publink/show?code=XZzylXZWKehLwdmgdu8HS71X9Bk9H15CGO7

Monday, May 18, 2015

ယောက်ျားသရုပ်ဆောင်များ ရှားပါးလာသော်လည်း ဂျပန်အပြာကားလောက၏ စီရိုနယ်ဒို ဂိုးသွင်းကောင်းနေဆဲ ----- ----- ----- -----


ဂျပန်တနိုင်ငံလုံး၏ ကာမဆန္ဒကို ပခုံးပေါ်ထမ်းထားရသူ ဂျပန်အပြာကားလောက၏ဘုရင် “ရှီမီကန်”သည် မနက်မှာပွင့်သော ဒေစီပန်းတပွင့်ကဲသို့ လန်းဆန်းလျက်ပင်။ ဒါရိုက်တာတယောက်ကဆိုလျင် သူ့ကို ကာမ ခရစ်တီယာနိုရိုနယ်ဒိုဟု တင်စားခေါ်ဝေါ်ပြီး အိပ်ရာခင်းများပေါ်တွင် ဟာကျူလီကဲ့သို့ သန်စွမ်းသည့် ရှီမီကန် က “သိပ်ခက်ခဲတဲ့ အလုပ်ဗျ။ ဒါပေမယ့် တယောက်ယောက်ကတော့ လုပ်ရမှာပဲ”လို့ ပြုံးလျက်ပြောသည်။ အမည်ရင်းမှာ ကန်ရှီမိဇု ဖြစ်ပြီး ရှီမီကန်သည် အပြာကားပေါင်း ၇၅၀၀ ခန့်မှာ အမျိုးသမီး ၈၀၀၀ လောက်နှင့် ဆက်ဆံခဲ့ပြီးဖြစ်သည်။ တလောက ဂျပန်မှာ အပြာမင်းသားရှားပါးမှုပြဿနာနဲ့ရင်ဆိုင်နေရပြီး သူတို့သည် ဘန်ဂေါကျားအရေအတွက်ထက်ပင် နည်းနေသောကြောင့် အင်အားဖြည့်ပေးကြရန် တွစ်တာမှတဆင့် ဖိတ်မန္တကပြုခဲ့သဖြင့် အင်တာနက်ပေါ်မှာ အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့သေးသည်။
“ကျနော်တို့ဟာ မျိုးသုဉ်းအန္တရာယ် ကျရောက်နေတဲ့ မျိုးစိတ်တွေလိုပါပဲ။ ဒီလောကမှာ မင်းသား ၇၀ လောက်ပဲရှိပြီး မင်းသမီးကျတော့ ၁၀၀၀၀ လောက် ရှိတယ်။”
ရှီမီကန်ရဲ့ အဆိုပါ ပစ်ကူတောင်းသည့် တွိကို ဒေါ်လာ ဘီလီယံ ၂၀ ခန့် ငွေကြေးစီးဆင်းမှုရှိသည့် ဂျပန်အပြာရုပ်ရှင်လုပ်ငန်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်သူများက အကြိမ်ရေ ထောင်ချီ လက်ဆင့်ကမ်းခဲ့ကြသည်။
“ကျနော်တို့ဟာ ပန်ဒါဝက်ဝံတွေလိုပဲ ရှားသထက်ရှားလို့လာပါပြီ။”လို့ ယောက်ျားတန်ဆာသဏ္ဌာန်လိပ်စာကတ်ကိုင်ဆောင်သည့် ကိုယ်တော်ချောက ပြောပြန်သည်။
“ပရိသတ်တွေအနေနဲ့ ဒီသရုပ်ဆောင်တွေကိုပဲ ဖန်တရာတေ ကြည့်ရတာ ပျင်းစရာကောင်းတယ်။ ဒါဟာ စိုးရိမ်စရာအကောင်းဆုံးကိစ္စပါ။”
ဗြိတိန်ပန့်ခ်အဆိုတော် Johnny Rotten အလား လိမ္မော်ရောင် ဆံပင်ကို ကော့နေအောင်ထောင်ထားသည့် ရှီမီကန်သည် ကြောက်ခမန်းလိလိ ၁ နေ့ကို ၂ ကား၊ ၃ ကားနူန်းဖြင့် ရိုက်နေရသော်လဲ ထိုအလုပ်ကို ဆက်လုပ်နိုင်စွမ်း ရှိသေးကြောင်း သူက ပြောသည်။
“ပုံမှန်အားဖြင့် တနေ့ကို မိန်းကလေး ၂ ယောက် ၃ ယောက်လောက်နဲ့ သံဝါသပြုနေရတာဖြစ်တဲ့အတွက် နေ့စဉ် ၂ နာရီလောက်နီးပါ မေထုန်မှီဝဲ နေရတယ်ဆိုပါတော့”လို့ သူက မြည်တွန်လေသည်။
“ဒါဟာ ကျနော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်အလုပ်ပါ။ ၁၇ နှစ်ရှိပြီ ဒီအလုပ် လုပ်တာ၊ ဘယ်တုန်းကမှ ငြီးငွေ့တယ်လို့ မရှိဘူး။ ရုံးမှာအလုပ် လုပ်တာထက် အများကြီးသာတယ်ဗျာ။”လို့ အချိန်ပိုင်း အလေးမသမားလည်းဖြစ်သော ရှီမီကန်က “Sex Instructor”စာတန်းပါ တီရှပ်ကို ချွတ်၍ လက်မောင်း ကြွက်သားများကို တောင့်ပြလေသည်။ အသက် ၁၀၀ အထိတိုင် ဆက်လုပ်သွားမည်ဟုလည်း ပြောပါသည်။
ယောက်ျားသရုပ်ဆောင်အရေအတွက် ဆက်လက် ကျဆင်းနေဦးမည်ဆိုပါက သူ့အနေနှင့် တကယ်ပင် မသေမချင်း ဆက်လုပ်နေရမည့် သဘောရှိပါသည်။
ကိုယ်ကာယကြံ့ ခိုင်မှုကို အရူးတယောက်ကဲ့သို့ ဂရုပြုသူ ရှီမီကန်သည် အစားအသောက်ကိုလည်း အင်မတန် ဂရုစိုက်သူဖြစ်သည်။ သူ့အိတ်ထဲမှ အစားအသောက်များကို ကြည့်ပါ။ အသားဓါတ်အလုံအလောက်ပေးမယ့် protein bar ၊ ကြက်ဥပြုတ်နှင့် ကြက်မိုးခိုသား၊ ဂျပန်သမင်အားတိုးဆေး … နောက် သက်လုံအားကောင်းစေဖို့ မြွေသွေးဖြင့်ဖော်စပ်သည့် ဆေးရည် စသဖြင့် ….။
“Viagra(လိင်အစွမ်းထက်ဆေး)တော့ ကျနော် မသောက်ဘူး။ ခုထက်ထိ ဒါတွေသုံးစွဲဖို့ မလိုသေးဘူး။”ဟု သရဲမရဲစီးသလို အလုပ်လုပ်သော ရှီမီကန် က ပြောသည်။
ရှီမီကန်သည် သူ့၏တန်ဆာကို ကောင်းပေ့ဆိုသည့် မျက်နှာလိမ်းဆေးခရင်မ်များသုံး၍ သ လေ့ရှိပြီး တကြိမ်တွင်တော့ မင်းသမီးတယောက်၏ ဒေါက်မြင့်ဖိနပ်နှင့် ထိခိုက်မိရာမှ အရေးကြီးနေရာတွင် ဒဏ်ရာတခါ ရခဲ့ဖူးသည်။
သူသည် ဂျပန်အပြာကားလောကတွင် ဆိုခဲ့ပြီးကဲ့သို့ စွမ်းသော ဂန္တ၀င်သရုပ်ဆောင်ဖြစ်၍ မင်းသမီးများဆိုလျှင် သူ၏နာမည်ကြားရုံမျှနဲ့ သတိလစ်မတတ် အရူးအမူးဖြစ်ကြသည်။ သို့သော် ဂျပန်နိုင်ငံမှာ အပြာမင်းသားများ အထွက်ကျဲပါးသွားခြင်းမှာ သိပ်မထူးဆန်းဟု တချို့ကပြောသည်။
“သူက တကယ့်စွမ်းတဲ့လူ၊ အံ့ဘွယ်တပါး ပါရမီရှင်ပါ။”ဟု လူကြီးဗွီဒီယိုလောကတွင် ဘုရင်မဖြစ်သူ အန်ရီအိုကိတာ က တိုးတိုးညင်သာ ပြောသည်။
“ယောက်ျားသရုပ်ဆောင်တွေ တဖြေးဖြေး နည်းသွားပြီ။ ဇီဝကမ္မ ပြဿနာပေါ့။ သူတို့လို လုပ်နိုင်ဖို့၊ သူတို့လို သက်လုံနဲ့ နည်းစနစ် ရှိဖို့ဆိုတာ စူပါမင်းပဲ တတ်နိုင်မယ်။ ဂျပန်နိုင်ငံဟာ သူတို့ရှိတဲ့အတွက် ဂုဏ်ယူထိုက်ပါတယ်”ဟု အပြာဘုရင်မ အိုကိတာ က ပြောပါတယ်။
ယောက်ျာသရုပ်ဆောင် နည်းပါးလာခြင်းသည် လူမိသွားမည်ကို စိုးရိမ်ခြင်း၊ ထို့ထက်ပိုဆိုးသည်က လူအများ၏လှောင်ပြောင်မှုခံရမည်ကို ကြောက်ရွံ့ ခြင်းတို့ကြောင့်ဖြစ်သည်ဟု ရှီမီကန်က ရှုမြင်သည်။
“အခုလို လူမှုကွန်ရက်ခေတ်ကြီးမှာ(ကိုယ့်အသိထဲကတယောက်ယောက်က သိသွားရင်) အလျင်အမြန် ပွထသွားနိုင်တယ်လေ။ ပြီးတော့ သရုပ်ဆောင် တယောက်နဲ့တယောက် နှိုင်းယှဉ်ခံရမှာလည်း ကြောက်ကြတယ်။”
သူကိုယ်တိုင်ပင်လျှင် တခါက ကားရိုက်ကွင်းထဲ ၀င်လာသည့်မိခင်နှင့် တည့်တည့်တိုးဖူးကြောင်း ရှီမီကန် က သူ၏အတွေ့အကြုံကို ပြောပြသည်။
ယခုနောက်ပိုင်း ဂျပန်နိုင်ငံတွင် အေးအေးနေပြီး အပြိုင်အဆိုင်နည်းတဲ့ ဘ၀ပုံစံ ခေတ်စားလာနေပြီး “သတ်သတ်လွတ်စားယောက်ျားများ”ဟု စကားဝှက်ဖြင့် ခေါ်တွင်ခြင်းခံရသူအမျိုးသားများ တိုးပွားလာနေသည်။ ထို့ကြောင့် ၎င်းတို့လုပ်ငန်းတွင် ယောက်ျားရှားပါးလာခြင်းဖြစ်ကြောင်း အပြာရုပ်ရှင်လောကသားများက ယူဆသည်။
“ယောက်ျားတွေမှာ စိတ်ဓါတ်ကြံ့ခိုင်မှု ကျဆင်းသွားပြီ။ ယောက်ျားမပီသတော့ဘူး။ လိင်ကိစ္စမှာ အရင်လို အတက်ကြွကြတော့ဘူး။ ယောက်ျားအများစုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိကြတော့တဲ့အတွက် သူတို့ရဲ့ စိတ်ခံစားချက်ကိုလည်း ထုတ်ဖော်မပြကြတော့ဘူး။ ဒါကြောင့်လည်း ဒီလုပ်ငန်းမှာ ယောက်ျားနည်းလာတာပါ။”ဟု အသက် ၃၉ နှစ်အရွယ် အပြာမင်းသမီး ယူကိုရှီရာကိ က ပြောသည်။ သူမသည် အပြာရုပ်ရှင်လောကထဲမ၀င်ခင်က ထရပ်ကားယာဉ်မောင်း လုပ်ခဲ့သူဖြစ်သည်။
“လက်ရှိ အပြာမင်းသားတွေ ၀န်ပိုထမ်းနေရတာ သနားပါတယ်။”ဟုလည်း သူမက ဆိုသည်။
ဂျပန်အမျိုးသားများ ယောက်ျားမပီသတော့ကြောင်းကို နာမည်ကျော် ဒါရိုက်တာ တိုဂျီရိုက သဘောတူသည်။
“ကျနော် ဒီလောကမှာကျင်လည်လာတာ ၂၇ နှစ်ရှိပြီ။ ခင်ဗျားတွေ့တဲ့အတိုင်း သတ်သတ်လွတ်စားယောက်ျားတွေ များလာတယ်။ အရင်လို ကာမဆာလောင်မှု မရှိကြတော့ဘူး။ သူတို့မှာ ကာမဆန္ဒတွေ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆို အကုန်လုံး ခူးပြီးခပ်ပြီးသားလို အသင့်ဖြစ်နေတာကိုး။ ကျနော်တို့ခေတ်နဲ့ မတူတော့ဘူး”ဟု အသက် ၅၈ နှစ်ရှိပြီဖြစ်သော တိုဂျီရိုက ရိုက်ကွင်းတွင်းအင်တာဗျုးတွင် သူ၏အမြင်ကို ပြောပြသည်။
ဆက်လက်ပြီး “ကျနော်တို့ခေတ်တုန်းက ငှက်ပျောသီးတလုံး၊ နာနတ်သီးတလုံးလောက်များရပြီဆိုရင် ပျော်မဆုံး မော်မဆုံး၊ ခုခေတ်ယောက်ျားတွေများကျတော့ အကောင်းဆုံးဆိုတဲ့ ကိတ်မုန့်၊ ကွတ်ကီး ကျွေးလို့တောင် ရင်မခုန်ကြတော့ဘူး။ ကာမကိစ္စမှာလည်း ဒီအတိုင်းပဲ။ အမျိုးသမီးတွေပေါ် တပ်မက်မှုနဲ့ ဖိုမ ဆက်ဆံရေးမှာလည်း ဒီအတိုင်းဖြစ်လာတယ်။ အင်တာနက်ပေါ်မှာ ကလစ်ခေါက်တာနဲ့ပဲ ပြီးနေကြတာလေ။”ဟု ၎င်းက ပြောသည်။
ဂျပန်အမျိုးသားများ၏ ညှို့ငင်အား ကျဆင်းနေချိန်မှာ မမောတမ်းမပန်းတမ်း အလုပ်လုပ်သူ ရှီမီကန်မှာ မျှော်လင့်ချက်ရောင်ခြည်သဖွယ် ဖြစ်လျက်ရှိသည်။
“သံမဏိလူသား၊ လင်းနို့လူသားတို့လို ကျွန်တော် အလေးမတယ်။ ကျွန်တော်ဟာ လိင်လူသားပါ။”ဟု သူ၏ကြွက်သားများကို တောင့်ပြပြီး ရုပ်ပြကာတွန်းသူရဲကောင်းတို့၏ဟန်ဖြင့် မျက်ခုံးတဖက်ကို ပင့်လျက် ပြောသည်။
ရှီမီကန်၏ အာဂစွမ်းပကားနှင့် ၎င်းကဲ့သို့ လိုအပ်သည့်အချိန်မှာ လိုအပ်သလို စွမ်းဆောင်နိုင်ရန် မလွယ်ကူကြောင်း တိုဂျီရို က ထင်သာမြင်သာရှိစေရန် ယခုကဲ့သို့ ဥပမာဆောင်၍ ရှင်းပြသည်။
“စိတ်ဓါတ်ခွန်အားက အရေးကြီးဆုံးပဲ။ ယောက်ျားသရုပ်ဆောင်တွေက ပြင်းထန်လှတဲ့ဖိအားအောက်မှာ သရုပ်ဆောင်ရတာ။ အဲဒီ ဖိအားအကြောင်း ခေါင်းထဲဝင်သွားနဲ့ သွားရောပဲ။ ပွဲပျက်သွားပြီ။ လိင်ကိစ္စဆိုတာ ခက်ခဲပါတယ်။ ဘောလုံးကစားသလိုပါပဲ။ ခင်ဗျား ရိုနယ်ဒို အများကြီး မက်ဆီ အများကြီး မတွေ့နိုင်ဘူးလေ ဟုတ်တယ်မဟုတ်လား။ မက်ဆီသွင်းတဲ့ ဂိုးမျိုး၊ ရိုနယ်ဒိုသွင်းတဲ့ ဂိုးမျိုး တခြားကစားသမားတွေ မသွင်းနိုင်ဘူးဗျ။”လို့ ဂျပန်အပြာကားလောကမှာ နာမည်တလုံးနှင့်နေသော ဒါရိုက်တာကြီး တိုဂျီရို က ပြောပါသည်။
(Japan’s ‘Pornaldo’ keeps scoring as male actors fizzle – The Japan Times)

Jupiter Ascending (2015) မြန်မာစာတန်းထိုး

Snapshots

လူသားတွေကို နတ်ဘုရားတွေကအုပ်စိုးတဲ့အနာဂါတ်ကာလမှာဖြစ်ပါတယ်။ Jupiter Jones ဟာကံမကောင်းတဲ့ ရုရှားပြောင်းရွှေ့အခြေချနေထိုင်သူတစ်ဦးဖြစ်ပြီး အလုပ်အကိုင်အဖြစ် အိမ်သာတွေကိုသန့်ရှင်းရေးလုပ်ပြီး အသက်မွေးပါတယ်။ သူမဟာ ဂြိုလ်တစ်လုံးကနေတစ်လုံးကူးပြောင်းနေတဲ့ စစ်သည်တော် Caine နဲ့တွေ့ပါတယ်။ Caine ဟာ Jupiter ကိုလုပ်ကြံသတ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ စကြဝဠာရဲ့ဘုရင်က လွှတ်လိုက်တဲ့သူဖြစ်ပါတယ်။ Jupiter ကိုမွေးဖွားခဲ့တဲ့ညက နက္ခတ်တာရာတွေဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခုကိုဟောကိန်းထုတ်နေခဲ့ပြီး သူမရဲ့ DNA က သူမကိုစကြာဝဠာရဲ့ နောက်ခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ပေးနိုင်ကြောင်း Caine က Jupiter ကိုပြောပါတယ်။
Jupiter Ascending ဟာ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Wachowskis ကရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Mila Kunis, Channing Tatun, Sean Bean, Eddie Redmayne, Douglas Booth တို့ပါဝင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Trend Myanmar မှကူးယူဖော်ပြပါသည်။) & Channel Myanmar

FULL MOVIE ကိုအောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်
https://my.pcloud.com/publink/show?code=XZ9BKXZrfog5yQhbqBN5CXUHLJMTbUCIChy
 

Wednesday, May 13, 2015

Nineteen: Shh No Imagining (2015) ( Korea Love Movie ) အသစ်


The Man With The Iron Fist 2 (329 MB) မြန်မာစာတန်းထိုးအမှန် အကြည်


မကြည့်ရသေးသူများ ကြည့်လိုသောသူများ အောက်ပါလင့်တွင် ဒေါင်းလုပ်ဆွဲကြည့်ရှု့နိုင်ပါသည်
https://drive.google.com/file/d/0B2hqgivkp2aFNndJUFc5Y1I0aFE/view?usp=sharing

OKKALANET ဆိုင်ရှိ အသစ်ထွက် ဇာတ်ကားများ FOLDER ထဲတွင် ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်

Wednesday, May 6, 2015

The Eyes Diary (2015) မြန်မာစာတန်းထိုး

အသစ်ထွက်ထားတဲ့ထိုင်းသရဲကားပါ..ဇာတ်လမ်းအကျဉ်းကတော့

နော့တ်နဲ့ ပလာတို့ဟာ အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး ပလာသေဆုံးသွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် နော့တ်ဟာ ယူကျုံးမရဖြစ်ခဲ့ပြီး ပလာနဲ့ ပြန်ဆုံချင်တာကြောင့် သရဲတစ္ဆေတွေနဲ့တွေ့ဖို့ ကြိုးပမ်းခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပလာရဲ့ ၀ိညာဉ်ကို ရှာဖို့အတွက် အရေး ပေါ်ကယ်ဆယ်ရေးလုပ်သားရဲ့ အကူအညီယူဖို့ ဆုံးဖြတ်ခဲ့ပါတော့ တယ်။ အဲဒီကယ်ဆယ်ရေးလုပ်သားဟာ အမှုအခင်းဖြစ်တဲ့ နေရာမှာ သေသူရဲ့ ပစ္စည်းတစ်ခုကို တိတ်တဆိတ်ယူထားခဲ့တာကြောင့် နော့တ်ကပလာရဲ့ ၀ိညာဉ်ကို ခေါ်နိုင်ဖို့အတွက် ဒီလိုစိတ်ကူးခဲ့တာဖြစ်ပါတယ်။

နော့တ်ဟာ ဘယ်သရဲ၊ တစ္ဆေနဲ့မှ မတွေ့ပေမယ့် သူ့အိမ်ဖော်တွေကတော့ ချောက်ချားစရာတွေချည်းပဲတွေ့နေရလို့ ဘယ်သူမှ မနေရဲဘဲ ထွက်ပြေးကုန်ကြပါတယ်။ နော့တ်ရဲ့ သူငယ်ချင်း၊ ကယ်ဆယ်ရေးဖောင်ဒေးရှင်းမှာလုပ်တဲ့ ဂျွန်က ၀ိညာဉ်ခေါ်တာတွေမလုပ်ဖို့ အကြံပေးပေမယ့် နော့တ်ကတော့ နားမထောင်ဘဲ သေသူတွေရဲ့ ၀ိညာဉ်တွေက ပလာရဲ့ ၀ိညာဉ်ကို ရှာဖွေပေးမယ်လို့ ယုံကြည်နေခဲ့တာကြောင့် ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း နော့တ်စိတ်ကူးထားသလို ရိုးရှင်းလွယ်ကူတဲ့ အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။ သရဲ၊ တစ္ဆေတွေခေါ်ပြီး ပလာကို ရှာတွေ့ပါမလား ဆိုတာတွေကို
ဆက်လက်ကြည့်ရှုကြပါ...( Channel Myanmar )


https://my.pcloud.com/publink/show?code=XZbz9XZED1LdiYbVq4FKiDQ2mXaPpkHa0Nk

Tuesday, May 5, 2015

ဧပြီလ (၂၃) ရက်နေ့က ရန်ကုန်၊ Chatrium Hotel မှာ ကျင်းပခဲ့တဲ့ Miss Myanmar World 2015 စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား



Download

BIGBANG ရဲ့ 2015 သီချင်းသစ် LOSER



Download

Mayweather နှင့် Pacquiao တို့ရဲ့ လက်ဝှေ့ပွဲ အစအဆုံး

Mayweather နှင့် Pacquiao တို့ရဲ့ လက်ဝှေ့ပွဲ အစအဆုံး
၂၁ ရာစုရဲ့ လူစိတ်အ၀င်စားဆုံး လက်ဝှေ့ပွဲ
လို့ ဆိုရမယ့် Mayweather နှင့် Pacquiao တို့ရဲ့
လက်ဝှေ့ပွဲ အစအဆုံး တောင်းဆိုသူများအတွက်...
၁၂ ချီ ထိုးသတ်ခဲ့ပြီး Mayweather က အမှတ်နှင့် အနိုင်ရသွားခဲ့ပါတယ် 

ချမ်းငြိမ်း ( မှော်ဝန်း )
 



Friday, May 1, 2015

Fifty Shades Of Grey (မြန်မာစာတန်းထိုး)

Fifty Shades of Grey ဟာ ၂၀၁၅ ခုနှစ်ရဲ့ လတ်တလော လူပြောအများဆုံး ဇာတ်ကားဖြစ်နေပါတယ်။ ရုံမတင်ခင်ကတည်းက စောင့်ကြည့်ဖို့ အားတင်းထားကြသူတွေ များပြားလှတဲ့ဒီဇာတ်ကားဟာ တကယ်တမ်း ရုံတင်ခဲ့တဲ့အခါမှာလည်း အောင်မြင်ခဲ့ပါတယ်။ စံချိန်ပေါင်းမြောက်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး တဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ မှိုချိုးမျှစ်ချိုးပြောနေပေမယ့် သူ့ရဲ့ဝင်ငွေက သန်း ၅၀၀ ကျော်သွားပါပြီ။ နောက်ဆက်တွဲဇာတ်ကားကို ၂၀၁၆ မှာ ထပ်မံဖြန့်ချိပါမယ်။
ဒီဇာတ်ကားဟာ လိင်အသားပေးဇာတ်ကားဖြစ်ပြီး ဗြိတိသျှစာရေးဆရာ E. L. James ရဲ့ Fifty Shades Of Grey ဆိုတဲ့ စာအုပ်ကို ဇာတ်လမ်းချုံ့ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။
စာအုပ်ဟာ လိင်အသားပေးစာအုပ်ဖြစ်ပြီး မထွက်ခင်ကတည်းက အတိုက်အခံတွေ များခဲ့တာပါ။ ပုံနှိပ်ထုတ်ဝေဖို့ ဝေဖန်မှုတွေ ပြင်းထန်တာကြောင့် e-book အနေနဲ့ စတင်ဖြန့်ချိခဲ့ပါတယ်။ လူကြိုက်များကာ ဖတ်ရှုသူများပြားလွန်းတာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပုံနှိပ်ဖို့ ကြိုးစားကြပါတယ်။ ပရိသတ်က စာအုပ်အဖြစ်ထုတ်ဖို့ ဝိုင်းတောင်းဆိုကြပါပြီ။ (သူတို့တွေတောင်မှ e-book ဖတ်ရတာထက် စာအုပ်နဲ့ဖတ်ရတာကိုသာ ပိုနှစ်သက်ကြတာပါ။) စာအုပ်တွေရိုက်ရလွန်းလို့ စာရွက်ထုတ်ပေးတဲ့ ဒေဝါလီခံခါနီး စက္ကူစက်ရုံတစ်ရုံဟာ အဲဒိစာအုပ်ကြောင့် ပြန်လည်လည်ပတ်သွားကာ ပိုင်ရှင်တောင် သန်းကြွယ်သူဌေးဖြစ်သွားပါတယ်။
အဲဒိနောက် Volume II နဲ့ III ကို ဆက်လက်ထုတ်ဝေပါတယ်။ အခုဆိုရင် စီးရီးတစ်ခုလုံးကို ဘာသာပေါင်း ၅၂ ဘာသာကို ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီးပါပြီ။ အုပ်ရေပေါင်း သန်း ၁၀၀ ကျော် ရောင်းချခဲ့ပြီးပါပြီ။ အမေရိကန်နဲ့အင်္ဂလန်မှာ အရောင်းရဆုံး Best-Seller စာရင်းကို အမြန်ဆုံးတက်လှမ်းနိုင်ခဲ့ပါတယ်။ သို့ပေမယ့် လိင်အသားပေးဖြစ်ကာ ဖတ်ရင်းဖတ်ရင်း တလှိမ့်လှိမ့်ကြွတက်လာအောင် ရေးသားထားတာဖြစ်လို့ ဝိုင်းပြီးတော့ ဝေဖန်ခံနေရဆဲပါပဲ။
အမေရိကန်နိုင်ငံက စုံတွဲတစ်တွဲမှာဆိုရင် ကောင်လေးဖြစ်သူက ကောင်မလေးကို အဲဒိစာအုပ်ထဲက ပုံစံတွေအတိုင်း လိင်ဆက်ဆံကြရအောင် ပူဆာပါတယ်။ ကောင်မလေးက ငြင်းလိုက်တာကြောင့် ကောင်လေးက ကောင်မလေးကို သတ်ပစ်လိုက်ပါတယ်။ စာအုပ်က အဲသလောက်ထိတောင် လွှမ်းမိုးသွားပါပြီ။
ဗြိတိသျှက လင်မယားနှစ်ယောက်မှာလည်း အဲသလိုလုပ်ကြဖို့ မိန်းမကတောင်းဆိုတာကို ယောက်ျားဖြစ်သူက ငြင်းလို့ မိန်းမက ကွာရှင်းလိုက်ပါတယ်။ လိင်စိတ်မူမမှန်ဘူးလို့တောင် သူ့မိန်းမက စွပ်စွဲခဲ့ပါသေးတယ်။
ငယ်ရွယ်တဲ့လင်မယားနှစ်ဦးမှာ ကောင်လေးဖြစ်သူက ဒီစာအုပ်ကို အခြေခံထားတဲ့ လိင်ဂိမ်းကို ဆော့ကစားနေရင်း စိတ်ပြောင်းလဲကာ မိန်းမဖြစ်သူကို သတ်ပစ်လိုက်ပါတယ်။ ကောင်မလေးကို နိုင်လွန်ကြိုးတွေနဲ့ တုပ်ပြီး ကျောက်သင်ပုန်းညွှန်တံနဲ့ ၁၂၃ ချက် ရိုက်ထားတာ တွေ့ရပါတယ်။
အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို အဲဒိစာအုပ်ဖတ်နေတာတွေ့လို့ မျက်နှာကို အချဉ်ရည်နဲ့ ပက်ပစ်ပါတယ်။ အမျိုးသမီးကလည်း စာအုပ်ဖတ်ကာ ကောင်းကောင်းမဖတ်ဘဲ လိင်ဆက်ဆံတဲ့အခန်းတွေ၊ စာပိုဒ်တွေကို အသံအကျယ်ကြီးထွက်ဖတ်ခဲ့တာပါ။ အဲဒိအတွက် အဲဒိအမျိုးသား အဖမ်းခံလိုက်ရပါတယ်။
Geisha Ball လို့ခေါ်တဲ့ စအိုထဲထည့် ဘောလုံးကြိုးလေးတွေဟာ စာအုပ်ဖြန့်ချိပြီးတဲ့နောက်မှာ အဆ ၄၀၀ ကျော် ရောင်းအားခုန်တက်သွားပါတယ်။ နယူးယောက်မြို့ကဆိုင်တစ်ဆိုင်မှာ အရင်ကထက် အဲဒိဘောလုံးကြိုးတွေ ရောင်းအား ၁၀ ဆ တက်သွားပါတယ်။ဗဟုသုတအနေနဲ့ ပြောပြရရင် အဲဒိ Geisha Ball လေးတွေကို Burmese bells (မြန်မာခေါင်းလောင်းလေး)တွေလို့ ခေါ်ပါသေးတယ်။
စာကြည့်တိုက်တွေမှာရှိတဲ့ Fifty Shades Of Grey စာအုပ်တွေမှာ လိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ ရောဂါပိုးတွေ တွေ့ရပါတယ်။ (ဖတ်တဲ့သူတွေက ဖတ်ရင်း သူတို့အင်္ဂါနဲ့ စာအုပ်ကို ထိပေးလိုက်လို့လား မသိပါဘူး)။ နောက်ပြီး စာရွက်တွေကြားထဲမှာ ကိုကင်းတွေလည်း တွေ့ရပါတယ်။
တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေကလည်း စာအုပ်တွေကို စုပုံမီးရှို့ရအောင် သူတို့ဆီ လာလှူကြဖို့ မေတ္တာရပ်ခံပါတယ်။ ပထမဆုံးရလာတဲ့ စာအုပ် ၂၄ အုပ်ကို recycle လုပ်ကာ အိမ်သာသုံးစက္ကူလုပ်ပစ်ပါတယ်။
ဒီလောက်ထိ လူပြောများတဲ့ စာအုပ်ကို ဇာတ်ကားအဖြစ်ရိုက်ကူးရာမှာလည်း ပီပြင်ပြောင်မြောက်ခဲ့ပါတယ်။ မင်းသားက ဇာတ်လမ်းအတွက် ပြင်ဆင်တဲ့အနေနဲ့ စင်ပေါ်မှာ ယောက်ျားနဲ့မိန်းမဆက်ဆံတာကို စင်အောက်ကနေ ဘီယာလေးသောက်ပြီး အရသာခံကြည့်ရတဲ့ ကလပ်မျိုးကို ညတိုင်းသွားပြီး လေ့လာခဲ့ပါတယ်။
ချစ်ခန်းကြိုက်ခန်းရိုက်ရာမှာ မင်းသမီးနဲ့မင်းသား အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားတွေက အဝေးမှာနေကာ zoom ဆွဲပြီး ရိုက်ကူးခဲ့ပါတယ်။
မကြာခင်မှာ အခွေထွက်လာတော့မှာပါ။ ဒီလိုမျိုးရေးတင်ပေးလို့ တစ်မျိုးမထင်ကြပါနဲ့။ ဇာတ်လမ်းက ဘယ်လိုဇာတ်လမ်းလဲလို့ ကွှန်တော် မရေးပြထားပါ။ spoiler လည်း မဖြစ်တော့ပါ။ ဇာတ်လမ်းကတော့ ပညာပေးဇာတ်လမ်းပါ။ ကြည့်သင့်တယ်လို့ထင်တဲ့အတွက် တင်ပေးတာပါ။ ဗဟုသုတလည်းရ၊ ရှောင်ရန်လေးတွေလည်း သိသွားတာပေါ့။ ကိုယ့်ချစ်သူကို အလိုလိုက်တဲ့ မိန်းကလေးတွေကို အဓိကရည်ရွယ်ပါတယ်။
ကျွန်တော်ကြည့်ပြီးသွားပါပြီခင်ဗျာ။ အန္တရာယ်သိပ်မရှိပါဘူး။ စာအုပ်ဖတ်ရတာလောက်တော့ စိတ်တွေ မဖောက်ပြန်ပါ။

 Fifty Shades OF Grey Movie Download Link>>>>https://my.pcloud.com/publink/show?code=XZyJDXZviysuPVLhQLgfJdSMfdww4OYe8L7

(ဇာတ်ကားအညွန်းကို Movie Locosမှ ကူးယူဖော်ပြသည်)

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks