Pages

Tuesday, December 1, 2015

အိုပါဂန်းနားစတိုင် အဆိုတော်၏ ဒက်ဒီသီချင်း တရက်တည်း ကြည့်သူ ၃ သန်းကျော် (ရုပ်သံ)

တောင်ကိုးရီးယားနိုင်ငံက အိုပါဂန်းနားစတိုင်သီချင်းနဲ့ ကမ္ဘာကျော်သွားတဲ့ အဆိုတော် ဆိုင် (PSY) က နိုဝင်ဘာ ၃၀ ရက်မှာ ဒက်ဒီသီချင်းကို အင်တာနက် ယူကျုပေါ်ကို တင်ခဲ့ရာမှာ တရက်အတွင်း ကြည့်ရှုသူ ၃ သန်းကျော်သွားခဲ့ပါတယ်။ အိုပါဂန်းနားစတိုင်သီချင်းလိုပဲ မြူးမြူးကြွကြွသံစဉ်နဲ့ သီချင်းကို ဖန်တီးထားတာဖြစ်ပြီး အင်္ဂလိပ်နဲ့ တောင်ကိုရီးယား ရောစပ် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ သားတယောက်ရတဲ့ ဖခင်တဦးရဲ့ ရင်ခုန်သံနဲ့ ခွဲစိတ်ခန်းထဲကနေ အစပြုပြီး သီချင်းကို သရုပ်ဖော်ထားပါတယ်။ အရင် ဂန်းနားစတိုင်တုန်းကလိုပဲ ဒီသီချင်းမှာလည်း မြူးမြူးကြွကြွ အကတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂ ရက် ဟောင်ကောင်မှာ ပထမဆုံးအဖြစ် ဒီသီချင်းနဲ့ အဆိုတော် ဆိုင်က ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ဆိုင်က ဂန်းနားစတိုင် သီချင်းကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ယူကျုမှာ ၂ ဒသမ ၄ ဘီလီယံနဲ့ ကြည့်ရှုသူအများဆုံး ဖြစ်နေဆဲ ဖြစ်ပါတယ်။

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks