Pages

Sunday, August 30, 2015

Attack On Titan(2015) မြန်မာစာတန်းထိုး



ဒီကားကို မကြည့်ခင် အရင် ဆုံးပြောချင်တာက ဇာတ်ကားပြီးလို့ စာတန်းထိုးပြီးတဲ့ထိ ပြီးဆုံးအောင်
ကြည့်ပေးစေချင်ပါတယ်

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ပေါ်လာတဲ့ လူသားစားတဲ့ တိုက်တန်တွေ..
တိုက်တန် တွေကို ကြောက်လို့ နံရံ မြင့်ကြီးတွေ ထဲမှာနေနေရတဲ့ လူသားတွေ..
တိုက်တန်တွေကို အယုံ အကြည် မရှိခဲ့တဲ့ အဲရန် နဲ့
သူငယ်ချင်း လူကြောက်လေး အာမင်..
ပြီးတော့ အဲရန်ပြောသမျှ ယုံကြည်တတ်တဲ့ ကောင်မလေး မီကာဆာတို့ ..
နံရံ ကြီးတွေရဲ့ အပြင် ဘက်ကို ထွက်ဖို့ ကြိုးစားကြတဲ့ တစ်နေ့မှာ....

တိုက်တန်တွေ ပေါ်လာပြီး လူသားတွေ တိုက်ခိုက် ခံကြရပြီးတဲ့ နောက်မှာ
အဲရန် အာမင် နဲ့ မီကာဆာ တို့ ဘာတွေ ပြောင်းလဲ သွားကြမလဲ ဆိုတာရယ်...

တိုက်တန်တွေ ကို တိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေ က တကယ်ကို
ကြည့်လို့ကောင်းပါတယ် (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်  )

ဒီကားဟာ ဂျပန် Animation ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပြီး ဂျပန်မှာလဲ အရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ်
(
ဒီကားကို ရုံတင်တုန်းက လက်မှတ်မရလို့ ရုံးလစ်ပြီးကို သွားကြည့်ပါတယ်  )
Anime
ကြည့်ဖူးသူတွေကတော့ ဒီကားဟာ Anime ကို မမှီဘူးလို့ ပြောကြပါလိမ့်မယ်
Anime
ဗားရှင်းထဲက မီကာဆာရဲ့ ကာရိုက်တာဟာ Live-Action Movie ထဲက ကာရိုက်တာနဲ့ လုံးဝကို ကွဲပြားနေတဲ့ အချက်လဲ ပါပါ လိမ့်မယ်
ဘာပဲဖြစ်ဖြစ် Animated လုပ်ထားကားကို ရုပ်ရှင် ရိုက်ရတာ လွယ်တာတော့ မဟုတ်ပါဘူး
နောက်ပြီး ဒီကားထဲက အဓိက ဖြစ်လာမဲ့ တိုက်တန်ကို သရုပ်ဖော်ထားတာလဲ တော်တော် ကို ကြည့်လို့ ကောင်းတာကို တွေ့ရပါလိမ့်မယ်

Credit to Channelmyanmar
အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်

https://my.pcloud.com/publink/show?code=XZTou0Z3UhLwa9gIeSVIpeajY2rKzpndHfV

Saturday, August 29, 2015

အခါတော်ပေးတာက ( မိုးအောင်ရင် + ဆန်းတိုးနိုင် + မိုးယုစံ + မေမြတ်နိုး ) မြန်မာဗီဒီယို ဇာတ်ကားသစ်

ဒါရိုက်တာ ၀ိုင်း နှင့် မိုက်တီး တို့ ပူးပေါင်း ရိုက်ကူးပေးနေတဲ့ "ပြောင်းလဲချိန်တန်ပြီ" NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဇာတ်လမ်းတို ရိုက်ကွင်းမှ အနုပညာရှင်များ

Frozen Fever 2015 (မြန်မာစာတန်းထိုး)



တကယ်တမ်း Short Movie အနေနဲ့ ထွက်ရှိထားတာဖြစ်ပြီး ၈ မိနစ်စာပဲ ရှိပေမယ့် တစ်ခြား Animation Cartoon ရုပ်ရှင်တွေရဲ့ Short Movie တွေလို မဟုတ်ပဲ ကြည့်ရတာ စိတ်ထဲ ပျော်ရွှင်မှုလေး တကယ်ရပါတယ်

Elsa နဲ့ Kristoff တို့ ရဲ့ Anna အတွက် စိတ်လှုပ်ရှားဖွယ် မွေးနေ့အစီအစဉ်လေး ပြုလုပ်ပုံလေးက အရမ်းကို ချစ်စရာကောင်းနေပါတယ်.. ဒီအပိုင်းတိုလေးအတွင်းမှာ အန်နာ နဲ့ အလ်ဆာ တို့ ရဲ့ ၀တ်စုံဒီဇိုင်းကို သတိထားကြည့်ပါ အတော်လေးကို ထူးခြား လှပနေပါတယ်... အိပ်ပျော်နေတဲ့ အန်နာ ကို အလ်ဆာ က သွားနှိုးလာပြီး အ၀တ်အနီစကြိုးလေး တစ်ကြိုးကို ဆွဲခိုင်းကာ တောက်လျှောက် လက်ဆောင်လေးတွေ တစ်ခုပြီး တစ်ခုပေးပါတယ် အဲ့ဒီ လမ်းတစ်လျှောက်လဲ အအေးမိနေတဲ့ အလ်ဆာ တစ်ယောက် တစ်ခါ နှာချေလိုက်တိုင်း တစ်ခါ နှင်းကောင်ပေါက်စ လေးတွေ ၂ ကောင် ၃ ကောင် ၅ ကောင်ဆီ မသိမသာ ထွက်ကျလာပါတယ်…

အန်နာ ရဲ့ မွေးနေ့ ပါတီ အခန်းအနား ထဲသို့ ထိုကောင်လေးများ ရောက်ရှိသွားပြီး မွေးနေ့ ပါတီပြင်ဆင်နေတဲ့ Kristoff တို့ အဖွဲ့ကို သွားနှောက်ယှက်ပါတယ်... အအေးမိပြီး ဖျားနေတဲ့ အလ်ဆာ တစ်ယောက် အန်နာကို ပျော်ရွှင်ဖွယ် မွေးနေ့ ဖန်တီးပေးနိုင်ခဲ့မလား ရေခဲကောင်ပေါက် လေးတွေကပဲ မွေးနေ့ပွဲကို ဖျက်စီးပြစ်မလားဆိုတာ ကျနော်တို့ ၈ မိနစ်စာပဲ ရှိတဲ့ Frozen Fever ဆိုတဲ့ Short Movie လေးမှာ ကြည့်လိုက်ရအောင်…
 https://my.pcloud.com/publink/show?code=XZVH3VZgidz4JWD3BLTKeff9S82VVSO4LUy

အွန်လိုင်းမှာ အရမ်းနာမည်ကြီးနေတဲ့ ဗီယက်နမ် မော်ဒယ် မင်းသမီးလေး Nguyen Tran Huyen My ပါ


သူမရဲ့မွေးနေ့ က 11/12/1995 ဖြစ်ပြီး အရပ်အမြင့်က 1m75 ရှိပါတယ် ခန္ဓာကိုယ်အချိုးအစား 83-62-93 ရှိပြီး Selfie ရိုက်ရတာ ဝါသနာပါသလိုချဲလ်ဆီး ပရိတ်သတ်ဖြစ်ပါတယ်









Friday, August 28, 2015

Timeline 2014 (မြန်မာစာတန်းထိုး)


ချင်းမိုင်မြို့လေးမှာ စတော်ဘယ်ရီခင်း နဲ့ သာယာတဲ့ အိမ်ထောင်လေး
တစ်ခု ရှိခဲ့တယ်...
တစ်ရက်မှာတော့ ထိုစုံတွဲလေးဟာ ဘက်ပဲ့သွားတယ် အမျိုးသမီးရဲ့ ချစ်လှစွာသော
ခင်ပွန်းဟာ လူလောကကြီးနဲ့ သူချစ်လှပါတဲ့ မိန်းမ ဖြစ်သူကို ခွဲခွာသွားခဲ့တယ်...
ခင်ပွန်းကို ချစ်လှတဲ့ အမျိုးသမီးဟာ တစ်အိုးတစ်အိမ် ထပ်မထူထောင်ပဲ
ကျန်ရစ်ခဲ့တဲ့ သားငယ်လေး ထန် ကို ကြီးပြင်းတဲ့အထိ မိန်းမသား တစ်ယောက်ရဲ့
ခွန်အား နဲ့ ရုန်းကန် ကျွေးမွေး ပညာသင်ပေးခဲ့တယ်....

တစ်နေ့မှာတော့ အရွယ်ရောက်လာတဲ့ သားလေး ထန် ဟာ မိဘ ရဲ့ အရိပ်ကို
စွန့်ခွာပြီး ဘန်ကောက်မြို့ကို ကျောင်းသွားတက်ပါတော့တယ်...
နယ်မြို့လေးမှာ အမေ တစ်ယောက် သူ့ကျောင်းစရိတ်အတွက် ဘယ်လို ရုန်းကန်နေလဲ
ဆိုတာ ထန် တစ်ယောက် ဂရုမပြုမိပါဘူး အမေဆီ ဆက်သွယ်တိုင်း သူလိုချင်တဲ့
ပစ္စည်းတစ်ခု မဟုတ်ရင် ပိုက်ဆံတွေကိုသာ မှာလေ့ရှိပါတယ်..
အမေဖြစ်သူကတော့ သူ့သားလေး ကျန်းမာစွာနေဖို့နဲ့ အသံလေးကြားဖို့သာ
မျှော်လင့်နေခဲ့တာပေါ့....

ထန် တစ်ယောက် မြို့ မှာ တက္ကသိုလ် တက်ရတဲ့ အခါ ဖရက်ရှာဝဲလ်ကမ်း မှာ
ဂျွန် ဆိုတဲ့ ပျော်တက်တဲ့ ကောင်မလေးနဲ့ စတင် တွေ့ရပါတော့တယ်..
ထန် ရဲ့ စိတ်ရင်းလေးကို ချစ်မိသွားတဲ့ ဂျွန် တစ်ယောက် ထန် အတွက် အမြဲလိုလို
ဦးစားပေးခဲ့ပါတယ် သူမလုပ်နိုင်တဲ့ အလုပ်တွေကို ထန်အတွက် ကြိုးစားပြီးလုပ်ခဲ့တယ်
သူ့ဘ၀ မှာ အချစ်ဆုံး ချစ်သူအဖြစ် တိတ်တခိုး ချစ်မိပြီး သူတို့ နှစ်ယောက် အမှတ်တရ
မွေးစားဖြစ်ခဲ့တဲ့ ခွေးလေး ကပေါင် နာမည်နဲ့ Facebook မှာ အကောင့်အသစ် ဖွင့်ပြီး
သူခံစားနေရတာတွေကို Time Line မှာ အမြဲတမ်း ရင်ဖွင့်ခဲ့ပါတယ်...
ထန် ဂရုမစိုက်တာတွေ ဂျွန်ကို အလေးမထားတာတွေ နဲ့
ထန် ရဲ့ နောက်ကွယ်မှာ မျက်ရည်ကျခဲ့ရတာတွေ အတွက်ပေါ့...

အရမ်းချစ်တက်တဲ့ ကောင်မလေး ဂျွန် ကို ထန် တစ်ယောက် အနီးမှာရှိနေလို့
မမြင်မိပဲ သာယာတဲ့ နောက် လိုက်နေတက်တဲ့ ရုပ်ရှင်ဒါရိုက်တာ အစ်မယွန် ကိုသာ
အစွဲကြီး စွဲမိပြီး ယွန် ရဲ့ အချစ်ကိုသာ ရဖို့ ထန် ကြိုးစားခဲ့ပါတယ်...
ဒီလိုနဲ့ ထန် တစ်ယောက် သူ့ကို ချစ်တဲ့ အမေ နဲ့ ဂျွန် တို့ ရဲ့ မေတ္တာတွေကို
မသိနားမလည်ခဲ့ပါဘူး...
ဂျွန် ကလဲ စိတ်နာပြီး ဂျပန် ကို ပညာတော်သင် ထွက်သွားပါတော့တယ်...
ထန် အမေ ဖြစ်သူမှာလဲ နယ်မြို့လေးမှာ ကျန်းမာရေး ထိခိုက်ပြီး
အိပ်ရာထဲ လဲသွားပါတယ်...

ထန် တစ်ယောက် သူ့အပေါ်ထားတဲ့ တကယ့်အချစ်စစ်တွေကို
ဘယ်တော့ နားလည်လာမှာလဲ...
စိတ်ထားဖြူစင်ပြီး ထန် ကို တကယ်ချစ်တဲ့ ဂျွန် နဲ့ ရော ဆုံနိုင်မှာလား
နယ်မြို့လေးက အမေ ရဲ့ ကျေးဇူးကို ရော ပြန်ဆပ်နိုင်မှာလား...
သိချင်ရင် ဒီရုပ်ရှင်ကားလေးကိုသာ Download ဆွဲကြည့်လိုက်ပါ...
Credit to Channelmyanmar
အောက်ဖော်ပြပါ လင့်တွင် ဒေါင်းလုပ်ဆွဲနိုင်ပါသည်
 
https://my.pcloud.com/publink/show?code=XZxlS0ZTa3xPM12EK0V6ibUb51ejBIbhvRX

PHYO PYAE SONE ( မျှော်နိုင်သမျှ မျှော် ) MP3 NEW ALBUM

သီချင်းတွေ အားလုံး ဂွတ်တယ် အကြိုက်ချင်းတူရင် ရင်ခုန်နိုင်ပါတယ်


အောက်ပါလင့်တွင် တပုဒ်ချင်းဒေါင်းလုပ်ဆွဲနိုင်ပါသည်
www.okkalamusicchannel.blogspot.com
အချစ်ဦး Feat - Jewels နဲ့ ဆိုထားတဲ့အပုဒ်လေးကို တင်ပေးထားပါတယ်


ဦးရဲ့အရုပ် ( ပြေတီဦး + ဆူးရှနိုင် ) မြန်မာဗီဒီယို ဇာတ်ကားသစ်

ငိငိ

video

မခန့်တာ :P

video

Tuesday, August 25, 2015

ကမ္ဘာအပြင်းထန်ဆုံး ပြိုင်ဘက်များ Top 10 Football Rivalries ● Most Dangerous Rivalry ● Old Firm, El Clasic...

Mother's Friend 2015 ( အကြည် )


 OKKALA ပရိသတ်များအတွက် လုံးဝ ရှယ်ကား ..ကြည့်ပြီးသွားပြီးမို့ လုံးဝ ကောင်းတယ်လို့အာမခံပါတယ်

http://mfi.re/watch/q1wszv2iabreayq/Mothers.Friend.2015.720p.HDRip.600MB.Ganool.Video.mkv

အစွမ်းပေါ့ ( လူမင်း + အိချောပို + စိုးနန္ဒာကျော် ) မြန်မာဗီဒီယို ဇာတ်ကားသစ်

သြဂုတ်လ (၂၁) ရက်နေ့က ရန်ကုန်၊ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ရေဘေးသင့်ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ Iron Cross ဂီတဖျော်ဖြေပွဲ

လက်ချောင်းများ(Mp3 Lyrics Album)

တေးဆို ။ ။ မနော ၊ လှိုင်ဦးမော်


MP3 ကို Computer / Mobile တို့ ဖြင့် ဖွင့်လိုက်တာနဲ့ စာသားထိုးနဲ့ သီချင်းလာမှာဖြစ်ပါတယ် ။
Resume လင့်နဲ့ တစ်ပုဒ်ချင်းစီကို အောက်မှာဒေါင်းယူပါ။

www.okkalamusicchannel.blogspot.com

အရမ်းကောင်းတဲ့ သီချင်း တိုက်တန်းနစ် Theme Song လေး

American Pie မြန်မာစာတန်းထိုး


Screenshots



ကဲ.....ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ဇာတ်ကားကြိုက်နှစ်သူပရိတ်သတ်တွေအတွက်
လက်မလွတ်သင့်တဲ့ ဇာတ်ကားများလာပါတော့မယ်။
American Pie ဆိုတဲ့ နာမည်ကျော် ကျောင်းသားဟာသဇာတ်ကားတွေပဲဖြစ်ပါတယ်။
စုစုပေါင်း (၈) ကားရှိပါတယ်။ တစ်ကားနဲ့တစ်ကား မဆက်စပ်ဘဲ ကြည့်လို့ရတဲ့အတွက်
ခြားခြားပြီးတော့ မြန်မာစာတန်းထိုးနဲ့ (၈) ကားလုံးတင်ပေးသွားပါ့မယ်။
ဒီနေ့ကတော့ No(1) ဇာတ်ကားပေါ့။ ၁၉၉၉ ခုနှစ်က ထွက်ပါတယ်။
အားပေးမှုတော်တော်လေးရရှိခဲ့ပြီး IMDb Rating (7/10) ရရှိထားလို့ Comedy အမျိုးအစားဇာတ်ကားတွေထဲမှာ Rating မြင့်တဲ့ဇာတ်ကားတစ်ကားပါ။
အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို
ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။
ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။
နောက်ဇာတ်ကားတွေကိုလဲ စောင့်မျှော်အားပေးကြပါဦး။
Credit to ChannelMyanmar
https://my.pcloud.com/publink/show?code=XZ3iL0ZlDF7GxUzFy4ff7UE89YAh5oaI9N7

Tangled Ever After(2012)မြန်မာစာတန်းထိုး


 ဒီဇာတ်လမ်းတိုလေးက အရင် Tangled ကားလေးရဲ့ အဆက်ပဲဖြစ်ပါတယ်...ပထမကားမှာ ရာပွန်ဇယ်နဲ့ ယူဂျင်းတို့ ချစ်သူတွေဖြစ်သွားကြပေမဲ့ လက်မထပ်ရသေးပါဘူး...ဒီဇာတ်လမ်းတိုလေးကတော့ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲအကြောင်းလေးကို ထပ်မံဖြည့်စွက် ရိုက်ကူးထားတာလေးပါ...ကြည်နူးစရာကောင်းပြီး ရာပွန်ဇယ်ရဲ့ တောက်တဲ့လေးနဲ့ မြင်း မက်စီမက်စ်တို့ နှစ်ကောင်ရဲ့ အလွဲလေးတွေ စွန့်စားခန်းတွေကို ဟာသအနေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်... ပြသချိန် ၆ မိနစ်ခွဲလောက်ပဲကြာပေမယ့် ကြည်နူးစရာကောင်းတဲ့ ဒီဇာတ်လမ်းတိုလေးဟာ ကြည့်ရကျိုးနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်... ခံစားအားပေးကြပါဦး..
Credit To ChannelMyanmar
အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်

https://my.pcloud.com/publink/show?code=XZuiQ0ZuEqlT5MNkcQtHtyQCA28Ay0yO7oV

Despicable Me 2: 3 Mini Movie Collection(2015)






ဒီနေ့ ဘာဇာတ်ကားအသစ်ထွက်လဲ လျောက်မွေရင်းနဲ့ Despicable Me 2 အဆက်ဖြစ်တဲ့ Minion Short Film ၃ကား တွေ့လို့ ဆွဲကြည့်တာ တော်တော်လေးကို ကောင်းပါတယ်။ ရယ်လဲ ရယ်ရတာမို့ CMက အမျိုးတွေလဲ ကြိုက်ကြမယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ၂၀၁၅တောင်မှ ဒီနေ့မှ ထွက်တာမို့ စာတန်းထိုးဖိုင်တော့ မရသေးပါ။ ကျွန်တော်အတွက်ကတော့ ဘာစာတန်းထိုးမှ မပါလဲ Minionsတွေရဲ့ ချစ်စရာကောင်းပုံနဲ့တင်ကို ကြည့်ရတာ တန်လွန်းပါတယ်။ Minions (2015) အကြည်မထွက်သေးခင်တော့ ဒါလေးနဲ့ အပန်းဖြေထားလိုက်ကြပါဦး။

 Credit to ChannelMyanmar
အောက်ပါလင့်တွင် ဒေါင်းလုပ်ဆွဲကြည့်ရှုနိုင်ပါသည်
https://my.pcloud.com/publink/show?code=XZrJm0Zgd0bat25iK5nNAbHe2vlR8ouRJlX

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks