ဒီဇာတ်ကား Blu Ray Quality က အောက်တိုဘာမှထွက်မယ်တာရယ်...
ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာပါတာတွေကြောင့်
သိပ်မကြည်ခင်မှာပဲ စာတန်းထိုးနဲ့ တင်ဖို့ ဆုံးဖြတ်လိုက်တာပါ။
ဖိုင်ဆိုဒ်အကြီးကိုဒေါင်းပြီး TV နဲ့ ကြည့်ရင်တော့ သိပ်မဆိုးပါဘူး
IMF ကို ဖျက်သိမ်းလိုက်ပြီး တွမ်ခရုစ်ရဲ့ အပေါင်းအပါတို့အုပ်စုကို CIA ထဲသိမ်းသွင်းလိုက်ပြီးလှုပ်မရဖြစ်နေတဲ့အချိန် တွမ်ခရုစ် (အီသန်) ကိုတော့ စီအိုင်အေက မဖမ်းမိသေးပါဘူး။ အီသန်ဟာ အစွမ်းထက်တဲ့ စပိုင်တစ်ယောက်ဖြစ်လို့ CIA က ကမ္ဘာအနှံ့ကွန်ရက်ဖြန့်ပြီး အီသန်ကို လိုက်ဖမ်းပါတော့တယ်။ ဒီအချိန်မှာ အီသန်ဟာ IMF ရဲ့ နောက်ထပ် စစ်ဆင်ရေး (mission) ဟာ ဘာလဲသိရအောင် သတင်းသွားယူတဲ့အချိန်မှာပဲ ထောင်ချောက်ထဲဝင်မိပြီး အဖမ်းခံလိုက်ရပါတော့တယ်။ ဒါပေမယ့် CIA က ဖမ်းမိသွားတာ မဟုတ်ပါဘူး။ Syndicate က ထောင်ဖမ်းသွားတာပါ။
.
Syndicate ရဲ့ ထောင်ချောက်ဆင်ဖမ်းဆီးခြင်းကို အီသန်တစ်ယောက်ခံလိုက်ရပေမယ့် ဗြိတိသျှထောက်လှမ်းရေး၊ MI6 အေးဂျင့်တစ်ယောက်အကူအညီကြောင့် Syndicate အဖွဲ့ဆီကနေ လွတ်မြောက်လာပါတယ်။ အဲဒိနောက် အီသန်ဟာ CIA လက်က လွတ်အောင်ပြေးရင်း တစ်ဖက်ကလည်း Syndicate အဖွဲ့ကို လက်ရဖမ်းမိနိုင်ဖို့ တစ်ကိုယ်တော်ကြိုးစားရပါတော့တယ်။ Syndicate ဆိုတာ တကယ်ရှိကြောင်း လက်ဆုပ်လက်ကိုင်နဲ့ သက်သေပြဖို့ ကြိုးစားပါတော့တယ်။
IMBD Rating 8.1 ရှိတဲ့အက်ရှင်ကားဖြစ်ပြီး Mission: Impossible ဖြစ်လို့ 
မိတ်ဆွေများအားလုံးကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။
credit to မြစ်ကြီးနား
https://my.pcloud.com/publink/show?code=XZgcs0ZIySmEzyMwvkPCGCqVhAp4hgkWbe7
No comments:
Post a Comment