Tuesday, May 30, 2017
ဝင်္ကပါလမ်းနှင့် အရက်ဆိုင်
ဆိုင်အဝင်လမ်းကို အဖြောင့်မဖောက်ဘဲ ဝင်္ကပါလမ်းကဲ့သို့ ကွေ့ကောက်ဖောက်ထားသော အိန္ဒိယနိုင်ငံမှ အရက်ဆိုင်တစ်ဆိုင်ပါ။
တမင်ဒီဇိုင်ထွင်ပြီး ထိုကဲ့သို့ ကွေ့ကောက် လမ်းဖောက်ထားခြင်း မဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင် အရက်ဆိုင်သည် လမ်းမမှ မီတာ ၅၀၀ အနည်းဆုံး ဝေးရမည့် ဥပဒေထုတ်ပြန်လိုက်သဖြင့် ထိုကဲ့သို့ လမ်းမရှည် ရှည်အောင် ကွေ့ကောက် ဖောက်ထားခြင်းပါ။
ယခုဖောက်ထားသည့်အတိုင်း လမ်းမ မှ ဆိုင်ကိုတိုင်းလျှင် မီတာ ၅၂၀ အထိဝေးပါသည်။
လက်တစ်လုံးခြားလုပ်တာ ဆိုပေမယ့် လာသောက်သူများအနေဖြင့် အပြန်မူးနေချိန်တွင် ရွာလည်နေနိုင်ပါတယ်ဗျာ။
Credit နေခရမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment