ပထမတော့ ကြည့်နေကျ အတ်ရှင်ဇာတ်လမ်းလို့ ထင်လိုက်ပေမယ့် အမေရိကန်နိုင်ငံ ရဲ့ သမိုင်းဝင် လူသားတယောက်အကြောင်းကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်..
သူ့နာမည်ကတော့ Christopher Scott "Chris" Kyle
သူဟာ United States Navy SEAL က Sniper တယောက်ဖြစ်ပြီးတော့ တရားဝင်စာရင်းအရ သူတာဝန်ထမ်းဆောင်စဉ်ကာလ အတွင်းမှာ ၁၁၆ ယောက် ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပေမယ့် တကယ်တမ်းက လူပေါင်း ၂၀၀ ကျော် သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပြန်တယ်..
သူ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေလဲ မနည်းသလို တာဝန်ထမ်းဆောင်စဉ်မှာလဲ တပ်တခုလုံး လေးစားအားကိုးရတဲ့ စနိုက်ဘာတယောက်လဲ ဖြစ်ပြန်တယ်…
သူ့ရဲ့ ဇာတ်ကြောင်းဆိုပေမယ့် တကယ်တမ်းက သူ့ရဲ့ အတွေ့အကြုံ ၊ စိတ်ခံစားချက် ၊ အတွေးအမြင်တွေကို ပြန်လည် တင်ဆက်ထားတာပါ.. တချိန်လုံး ပစ်နေ ခတ်နေတဲ့ ဇာတ်ကြမ်းမျိုးတော့ မဟုတ်ပါဘူး…
IMDb မှာ လူပေါင်း တစ်သိန်းကျော်က 7.5 ပေးထားတဲ့ ဒီဇာတ်ကားဟာ American Sniper: The Autobiography of the Most Lethal Sniper in U.S. Military History ဆိုတဲ့ စာအုပ်ကို အခြေခံထားပြီး အရောင်းရဆုံးစာရင်းမှာ ၃၇ ပတ်ကြာ စံချိန်တင်ခဲ့တဲ့ စာအုပ်လဲ ဖြစ်ပါတယ်…
ဒရမ်မာ ကြိုက်တဲ့သူတွေကို မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းပါရစေ…
FULL MOIVE ကိုတော့ okkala အင်တာနက်ဆိုင်တွင် free ကြည့်ရှု့နိုင်ပါသည်
No comments:
Post a Comment