Tuesday, February 17, 2015
Unbroken (2014)
Angelina Jolie ဒါရိုက်တာနဲ့ ထုတ်လုပ်သူအဖြစ်ရိုက်ကားထားတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး ၂၀၁၀ ခုနှစ်က ထွက်ရှိထားတဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာလေးပါ။
ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး Louis Zamperini ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း ရိုက်ကူးထားတာပါ။ Louis Zamperini ဟာ အီတလီဇာတိဖြစ်ပေမယ့် မိဘတွေဟာ အမေရိကကို အခြေခြပြောင်းရွှေ့နေထိုင်ခဲ့တာကြောင့် အမေရိကန်လူမျိုးဖြစ်လာပြီး ငယ်စဉ်အခါမှာတော့ သူ့ဟာ ပြဿ နာရှာတဲ့ကောင်လေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့အစ်ကိုဖြစ်သူက သူ့ကို အပြေးသမားတစ်ယောက်ဖြစ်အောင် ကူညီသင်ကြားပေးပြီးတဲ့နောက်သူဟာ အပြေးပြိုင်ပွဲတွေမှာသူဟာ အောင်မြင်မှုတွေ ရလာခဲ့ပြီး အိုလံပစ်လိုပြိုင်ပွဲတွေထိအောင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ထိုနောက်မှာတော့ သူဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နဲ့ဖြစ်တဲ့စစ်ပွဲမှာတော့ သူဟာ လေယာဉ်ဗုံးကြဲသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ သူတို့ရဲ့ လေယာဉ်ဟာ သမုဒ္ဒရာထဲပျက်ကြသွားခဲ့ပြီး Louis နဲ့ တခြား ၂ ယောက်ဟာ သမုဒ္ဒရာထဲမှာ ရက်ပေါင်း ၄၇ ရက် မျောနေခဲ့ပြီး တစ်ယောက်ကတော့ အသက်ဆုံးပါးသွားခဲ့ပါတယ်။ ထို့နောက်မှာတော့ Louis နဲ့ တစ်ခြားတစ်ယောက်ဟာ ဂျပန်စစ်တပ်ရဲ့ ဆယ်ယူခြင်းခံခဲ့ရပြီး ဂျပန်စစ်သုံပန်းဖြစ်သွားပါတော့တယ်။ ထိုအတောအတွင်း Louis ဟာ အခက်အခဲအမျိုးမျိုး၊ ရက်စက်ကြမ်းတမ်းမှုတွေ တွေ့ကြုံခဲ့ရပေမယ့် အလျော့မပေးပဲ ကျော်ဖြတ်သွားတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇတ်ကားလေးပါပဲ။
Jack O'Connell, Domhnall Gleeson, Garrett Hedlund, Takamasa Ishihara တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Takamasa Ishihara (Miyavi) ဟာ ဂျပန်နိုင်ငံမှာအောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ Biography ဇာတ်ကားဖြစ်တာကြောင့် ဇာတ်ကားထဲမှ ဇာတ်ဆောင်ရဲ့ လေးစားအားကြစရာတွေကို တွေ့မြင်ရမှာဖြစ်ပြီး ဇာတ်ကားအဆုံးမှာတော့ နောက်ပိုင်းဘယ်လိုတွေ ဖြစ်ပျက်ခဲ့လည်းဆိုတာကိုပါ ဖော်ပြပေးထားပါတယ်။ IMDB Ratings: 7.2/10 ရရှိထားပေမယ့် Rotten Tomatoes မှာတော့ 51% ပဲ ရရှိထားပါတယ်။ Angelina Jolie ရဲ့ ဒါရိုက်တာအဖြစ်ရိုက်ကူးတင်ဆက်တဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နောက်ပိုင်းမှာလည်း By the Sea, Africa အစရှိသဖြင့် ရိုက်ထားထားပါသေးတယ်။
Full Movie ကို okkala အင်တာနက်ဆိုင်တွင် ကြည့်ရှု့နိုင်ပါသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment