Pages

Sunday, October 19, 2014

လွှ​မ်း​ပို​င်၊ နီ⁠နီ​ခ​င်ေ​ဇာ်​နဲ့ေ​ဝ​လ​တို့​​ရဲ့​ မိုး​ရာသီ​ဂီ​တ​လေလား



မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂီတဆုပေးပွဲဖြစ်တဲ့ မိုးရာသီဆုပေးပွဲကို အောက်တိုဘာ ၁၈ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့ပြီး ပေါ့ပ်၊ ရော့ခ်၊ Rapစတဲ့
ဂီတအမျိုးအစားအလိုက် ထူးချွန်တဲ့ အဆိုတော်တွေကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။
လွှမ်းပိုင်၊ နီနီခင်ဇော်နဲ့ ဝေလတို့ ၃ယောက် ဆုနှစ်ခုစီ ရရှိခဲ့ပါတယ်။
မုတ်သုန်ရာသီရဲ့ ရေစီကြောင်းလို့ နာမည်ပေးထားတဲ့ ပြည်သူတွေ မဲပေးရွေးချယ်တဲ့ဆုတွေထဲမှာ Pop ဂီတဆုကို လွှမ်းရတီဇော်၊ Rock ဂီတဆုကို Big Bag၊ Rap ဂီတဆုကို လွှမ်းပိုင်တို့ ရရှိသွားပြီး ကျွမ်းကျင်ပညာရှင်တွေက ရွေးချယ်တဲ့Pop ဂီတဆုကို နီနီခင်ဇော်၊ Rock ဂီတဆုကို ဝေလ၊ Rap ဂီတဆုကို လွှမ်းပိုင်က ရရှိခဲ့ပါတယ်။
Myanmar Event Park မှာ ကျင်းပတဲ့ Myanmar Music Award မိုးရာသီဆုပေးပွဲမှာ ဝိုင်းစုခိုင်သိန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ အောင်ရင်နဲ့ Sarah Band ကလည်း
ဂီတအဖွဲ့ဆုကို ရရှိခဲ့ပါတယ်။ မြန်မာပြည်မှာ ပညာရှင်အဆင့် ဂီတသမားတွေက
အကဲဖြတ်ပေးတဲ့ဆုနဲ့ ပရိသတ်ကရွေးချယ်တဲ့ဆုတွေကို ချီးမြှင့်ရတာ
တန်ဖိုးရှိပါတယ်လို့ စီစဉ်သူ တေးရေး ရွှေဂျော်ဂျော်က ပြောပါတယ်။
အမှတ်ပေးရွေးချယ်မှုကိုလည်း အဆင့်ဆင့် အကဲဖြတ်ပြီးပေးတာဖြစ်သလို 
FM တွေမှာ
တောင်းဆိုခံရတဲ့ သီချင်းနဲ့အဆိုတော် အကြိမ်ရေတွေကို တွက်ချက်ခဲ့တာလို့
ဆိုပါတယ်။ နောင်မှာ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းတွေလုပ်နိုင်အောင်
ကြိုးစားသွားမယ်လို့ ပြောပါတယ်။
Rock, Pop နဲ့ Rap ဂီတအမျိုးအစား
၃ခုကို အဓိကခွဲခြားပြီး မိုးရာသီဂီတဆုပေးပွဲကို
နှစ်စဉ်ချီးမြှင့်သွားနိုင်ဖို့ စီစဉ်မယ်လို့ ဆိုပါတယ်။ ဘဝဆိုတာ
ပျော်ရွှင်စရာကောင်းရုံနဲ့မရဘဲ ဂုဏ်သိက္ခာလည်းရှိမှဖြစ်မှာမို့
ဂုဏ်သိက္ခာနဲ့အတူ ပျော်ရွှင်ခြင်းတွေ ရောက်လာရင် ပိုပြည့်စုံမယ်လို့
မျှော်လင့်ပြီး ကျင်းပဖြစ်တာပါလို့ ရွှေဂျော်ဂျော်က ပြောပါတယ်။
မိုးရာသီဂီတဆုပေးပွဲကို
အရမ်းသဘောကျနေသူက အဆိုတော် ဂရေဟမ်ပါ။ ဒီထက် ကြီးကျယ်ခမ်းနားတဲ့
ပွဲမျိုးတွေ ရှိစေချင်ပြီး ဂီတနဲ့ပတ်သက်ရင် ထူးချွန်ဆုဆိုတာ သေသေချာချာ
မရှိသေးတာကြောင့် 
Myanmar Music Award ဆိုပြီး ပေါ်လာတာ အရမ်းကောင်းတယ်လို့ ဆိုပါတယ်။ တကယ်တော်ပြီး တကယ်တတ်တဲ့သူတွေကို ရစေချင်တယ်လို့ ပြောပါတယ်။
ပရိသတ်က
ရွေးချယ်တဲ့ ဂီတဆုတွေကို အရင်ဆုံး ချီးမြှင့်ခဲ့ပြီး ပညာရှင်တွေက
ချီးမြှင့်တဲ့ဆုတွေကို နောက်ပိုင်းမှာ ကြေညာပေးအပ်ခဲ့ပါတယ်။ အခမ်းအနားကို
တက်ရောက်လာတဲ့ အဆိုတော်တွေကလည်း ထူးခြားခမ်းနားတဲ့ ဖျော်ဖြေမှုတွေနဲ့
တင်ဆက်ခဲ့ကြပါတယ်။
သီချင်းဆိုဖို့
အခမ်းအနားရောက်လာတဲ့ အဆိုတော် လွှမ်းပိုင်က မိုးရာသီရဲ့ပွဲက
ဒီလောက်ခမ်းနားနေရင် နှစ်စဉ်ကျင်းပမယ့်ပွဲမျိုးဆို
ဘယ်လောက်ခမ်းနားမလဲဆိုပြီး ရင်ခုန်နေခဲ့တယ်လို့ ဆိုပါတယ်။ သူဆုရဖို့
အွန်လိုင်းကနေ မဲပေးခဲ့ကြတဲ့ ပရိသတ်ကို ကျေးဇူးတင်တယ်လို့
လွှမ်းပိုင်ကပြောပါတယ်။

No comments:

Post a Comment

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks