Pages

Friday, November 28, 2014

Naked Ambition 2014 Full movies HD


Naked Ambition 3D (2014)


3740242
Wyman Chan ဟာ ဟောင်ကောင် မဂ္ဂဇင်းတစ်စောင်မှာ လိင်အသားပေး ဝတ္ထုတွေ ရေးတဲ့
စာရေးဆရာဖြစ်ပါတယ်။ သူ့ချစ်သူ Cecilia Jik ဟာ အောင်မြင်တဲ့ အချစ်ဝတ္ထု
စာရေးဆရာမ ဖြစ်ပါတယ်။ လိင်အသားပေး ဝတ္ထုတွေကို အရင်လို မဂ္ဂဇင်းမှာ
မဖတ်ကြတော့ပဲ အင်တာနက်ပေါ်မှာ အလွယ်တကူ ရလာတဲ့အခါ Wyman ဟာ
အလုပ်ပြုတ်သွားပါတော့တယ်။ အလုပ်မရှိတဲ့ Wyman ဟာ လိင်ဖျော်ဖြေရေး ခွေတွေ
ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ လျှောက်ကြည့်ရင်း
လိင်ဖျော်ဖြေရေး လုပ်ငန်းနဲ့ အဆက်အသွယ် ရှိတဲ့ သူငယ်ချင်းတစ်ယောက်
ကောင်းမှုနဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ရိုက်ကူးဖို့ အကြံရပါတယ်။

ဆက်ဖတ်ရန်


still_nakedambition
Wyman ဟာ သူ့သူငယ်ချင်းတွေနဲ့ အတူ ဂျပန်မှာ လိင်ဖျော်ဖြေရေး ဇာတ်ကား
ရိုက်ကူးထုတ်လုပ်ဖို့ စိတ်ကူးပြီး ထွက်လာခဲ့ပါတယ်။ သူတို့ရဲ့ အဆက်အသွယ်
Shodaiko Hatoyama က သူတို့အတွက် နေရေးထိုင်ရေး အဆင်ပြေစေဖို့နဲ့
စကားပြန်အဖြစ် ဆောင်ရွက်ပေးပါတယ်။ ဂျပန်မှာ ဇာတ်ကားရိုက်ဖို့ စီစဉ်ထားတဲ့
Wyman ဟာ ဂျပန် AV မင်းသမီးတစ်လက်ဖြစ်တဲ့ Yui Tatsumi နဲ့ ရိုက်ကူးဖို့
ဂျပန်အမျိုးသား သရုပ်ဆောင်ကိုလည်း ငှားရမ်းထားပါတယ်။ ဒါပေမယ့်
အမျိုးသားသရုပ်ဆောင်ရဲ့ လှုပ်ရှားမှုတွေကို အားမရတဲ့ Wyman နဲ့
သူငယ်ချင်းတွေဟာ အမျိုးသားသရုပ်ဆောင်ကို ဝိုင်းအပြစ်တင်ကြပါတယ်။ အမျိုးသား
သရုပ်ဆောင် စိတ်ဆိုးသွားတဲ့ အတွက် ရိုက်ကွင်းက နှုတ်ထွက်သွားပြီး
အမျိုးသားသရုပ်ဆောင်နေရမှာ ပါဝင်ဖို့ လူရွေးကြပါတယ်။ နောက်ဆုံးတော့
အဖွဲ့ခေါင်းဆောင် Wyman ပဲ မဲပေါက်သွားပါတယ်။
274a66d175b98363af96b012d13edf18
Wyman ဟာ သရုပ်ဆောင်ဖို့ မဝံ့မရဲ ဖြစ်နေတာကြောင့် Yui Tatsumi က
ဦးဆောင်လှုပ်ရှားပါတယ်။ ဒီကားဟာ AV ဇာတ်ကားတစ်ကား ဖြစ်မလာပဲ
အမျိုးသားတစ်ယောက် လိင်အကြမ်းဖက်ခံရတဲ့ ဟာသဇာတ်ကား ဆန်ဆန်
ဖြစ်သွားတာကြောင့် Wyman ဟာ ဂျပန်အမျိုးသမီးတွေကြားမှာ
အလွန်နာမည်ကြီးသွားပါတယ်။ ဒါကြောင့် သူ့ချစ်သူ Cecilia က အိမ်ပေါ်က
ဆင်းသွားခဲ့ပြီး သူလည်း ဂျပန်က နောက်ထပ်ကမ်းလှမ်းမှုတွေ ထပ်မံလက်ခံ
ရရှိပါတယ်။ Hatoyama ဟာ Wyman ရဲ့ မန်နေဂျာအဖြစ် ဆောင်ရွက်ပေးပြီး Wyman
လည်း Mario Ozawa အဖြစ် နာမည်ကြီးလာပါတယ်။ Hatoyama က Wyman ကို
ယောက်ျားတို့ တတ်အပ်တဲ့ ပညာတွေ သင်ကြားပေးဖို့ Taka Kato ဆိုတဲ့
ဆရာဆီပို့ပေးပါတယ်။ ဆရာဆီကနေ ကျောင်းဆင်းပြီးနောက်မှာ AV ဇာတ်ကားသစ်ကို
Nozomi Aso နဲ့ ရိုက်ကူးပါတယ်။ ဒီဇာတ်ကားမှာလည်း Wyman ဟာ အောင်မြင်ခဲ့ပြီး
လူကြိုက်များလာခဲ့တာကြောင့် ကုမ္ပဏီ အများအပြားက ကမ်းလှမ်းလာခဲ့ပါတယ်။
ပြဿနာက သူသွားလေရာမှာ အမျိုးသမီး ပရိသတ်တွေ များပြားလာတာပါပဲ။
3d-naked-ambition-38239-chapman-to-josie-ho
Hatoyama ဟာ တကယ်တော့ သူ့ရဲ့ ပိုက်ဆံတွေ ယူပြီး ထွက်ပြေးသွားတဲ့
သူ့ချစ်သူကို မျှော်လင့်နေသူပါ။ Wyman ကြောင့် သူလည်း အဆင်ပြေလာခဲ့ပေမယ့်
သူ့ချစ်သူက နောက်တစ်ကြိမ် ပြန်ရောက်လာပြီး ငွေတွေယူပြီး ထွက်ပြေးပြန်ပါတယ်။
Hatoyama ခမျာ ကြွေးရှင်တွေကို ပြန်ဆပ်ဖို့ စုဆောင်းထားသမျှ နောက်တစ်ကြိမ်
ပြန်လည်ဆုံးရှုံးရပြန်ပါတယ်။ Wyman ဟာ သူနဲ့ အတူတူတွဲရိုက်မယ့် AV
မင်းသမီးအသစ် Noriko Waiyama က ရိုက်ကွင်းက ထွက်ပြေးတာကြောင့် လိုက်ပြီး
ချော့ရပြန်ပါတယ်။ မင်းသမီးသစ်နဲ့ ရိုက်ကူးရေး အဆင်ပြေအောင် ညှိနှိုင်းမှု
အောင်မြင်သွားတဲ့အချိန်မှာ သူ့ရည်းစား Cecilia က ဟောင်ကောင်ကနေ ဂျပန်ကို
လိုက်လာပါတယ်။ ဖြေရှင်းမရတဲ့ ပြဿနာပေါင်းများစွာနဲ့အတူ Wyman ဟာ
လိင်ဖျော်ဖြေရေး သရုပ်ဆောင်လောကရဲ့ ဘုရင်နေရာအတွက် ပြိုင်ဖက်တစ်ယောက်
ပေါ်လာပါတော့တယ်။ သူတို့နှစ်ယောက် ဘယ်လို ယှဉ်ပြိုင်ကြမလဲဆိုတာကိုတော့
ဆက်လက်ကြည့်ရှုကြပါ။
1193818_3d-naked-ambition
Mario Ozawa တစ်ဖြစ်လဲ Wyman Chan အဖြစ် မင်းသား Chapman To နဲ့ သူ့ရဲ့
အေးဂျင့် Shodaiko Hatoyama အဖြစ် အဆိုတော် သရုပ်ဆောင် Josie Ho က
ပါဝင်သရုပ်ဆောင်ထားတဲ့ Naked Ambition 2 (3D) ဟာ 3D နဲ့ ထွက်လာတဲ့
လိင်အသားပေး ဇာတ်ကားတွေအနက် 3D Sex and Zen: Extreme Ecstasy  ပြီးရင်
ဒုတိယမြောက် ဇာတ်ကားဖြစ်ပါတယ်။ ပထမကားဖြစ်တဲ့ Naked Ambition နဲ့ ဆက်စပ်မှု
သိပ်မရှိလှပဲ ဂျပန်မှာ အဓိက ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ ဒါရိုက်တာ
Lee Kung Lok ရိုက်ကူးပြီး ဟောင်ကောင်ကြိုက် ထိပ်တန်း AV
မင်းသမီးချောတွေဖြစ်တဲ့ Yui Tatsumi ၊ Nozomi Aso ၊ Anri Okita ၊ Kana Yume
၊ Tsukasa Aoi နဲ့ Twins အဖွဲ့မှ အဆိုတော် Charlene Choi က
ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်ကူညီထားပါတယ်။ ဟောင်ကောင်မှာ ပထမဆုံး
ဖျော်ဖြေပွဲလုပ်ခဲ့တဲ့ အဖော်အချွတ် မင်းသမီး Maiko Yuki နဲ့ မင်းသားကြီး
Louis Koo တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပြီး AV အသားပေး ဟာသဇာတ်ကား
ဖြစ်ပါတယ်။  IMDb မှာတော့ Rating 4.8 ပဲ ရထားပြီး ဒေါ်လာ ၃.၂ သန်း ကုန်ကျတဲ့
ဇာတ်ကား ဖြစ်ပါတယ်။
1036078523_en
၁၈ နှစ်အထက်သာ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပြီး လိင်အသားပေး
ဟာသဇာတ်ကွက်တွေနဲ့ ဖန်တီးထားတာမို့ မိသားစုကြည့်ရှုဖို့ မသင့်တော်ပါဘူး။
ဟာသကား ဖြစ်ပေမယ့် လိင်အသားပေးခန်းတွေ ဖောဖောသီသီ ပါဝင်ပြီး Charlene Choi
ကတော့ ကွန်ပြူတာ အထူးပြုလုပ်ချက်နဲ့ ဖန်တီးထားတဲ့ အခန်းပဲ ပါဝင်ပါတယ်။
American Pie လို ဇာတ်ကားမျိုးလို့ ပြောလို့ရပါတယ်။ ဂျပန် Adult Video
လုပ်ငန်းရဲ့ တစိတ်တပိုင်းကို ရိုက်ကူးပြသထားပြီး ဟာသသက်သက်အနေနဲ့
ကြည့်မယ်ဆိုရင်တောင် လိင်အသားပေးခန်းတွေ အတော်လေး ပါဝင်ပါတယ်။ ဟောင်ကောင်
ဟာသကားတွေ နှစ်သက်သူတွေလောက်ပဲ ကြည့်ရှုသင့်တယ်လို့ အကြံပြုပါရစေ။
Hollinaz

No comments:

Post a Comment

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks