Pages

Monday, May 18, 2015

ယောက်ျားသရုပ်ဆောင်များ ရှားပါးလာသော်လည်း ဂျပန်အပြာကားလောက၏ စီရိုနယ်ဒို ဂိုးသွင်းကောင်းနေဆဲ ----- ----- ----- -----


ဂျပန်တနိုင်ငံလုံး၏ ကာမဆန္ဒကို ပခုံးပေါ်ထမ်းထားရသူ ဂျပန်အပြာကားလောက၏ဘုရင် “ရှီမီကန်”သည် မနက်မှာပွင့်သော ဒေစီပန်းတပွင့်ကဲသို့ လန်းဆန်းလျက်ပင်။ ဒါရိုက်တာတယောက်ကဆိုလျင် သူ့ကို ကာမ ခရစ်တီယာနိုရိုနယ်ဒိုဟု တင်စားခေါ်ဝေါ်ပြီး အိပ်ရာခင်းများပေါ်တွင် ဟာကျူလီကဲ့သို့ သန်စွမ်းသည့် ရှီမီကန် က “သိပ်ခက်ခဲတဲ့ အလုပ်ဗျ။ ဒါပေမယ့် တယောက်ယောက်ကတော့ လုပ်ရမှာပဲ”လို့ ပြုံးလျက်ပြောသည်။ အမည်ရင်းမှာ ကန်ရှီမိဇု ဖြစ်ပြီး ရှီမီကန်သည် အပြာကားပေါင်း ၇၅၀၀ ခန့်မှာ အမျိုးသမီး ၈၀၀၀ လောက်နှင့် ဆက်ဆံခဲ့ပြီးဖြစ်သည်။ တလောက ဂျပန်မှာ အပြာမင်းသားရှားပါးမှုပြဿနာနဲ့ရင်ဆိုင်နေရပြီး သူတို့သည် ဘန်ဂေါကျားအရေအတွက်ထက်ပင် နည်းနေသောကြောင့် အင်အားဖြည့်ပေးကြရန် တွစ်တာမှတဆင့် ဖိတ်မန္တကပြုခဲ့သဖြင့် အင်တာနက်ပေါ်မှာ အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့သေးသည်။
“ကျနော်တို့ဟာ မျိုးသုဉ်းအန္တရာယ် ကျရောက်နေတဲ့ မျိုးစိတ်တွေလိုပါပဲ။ ဒီလောကမှာ မင်းသား ၇၀ လောက်ပဲရှိပြီး မင်းသမီးကျတော့ ၁၀၀၀၀ လောက် ရှိတယ်။”
ရှီမီကန်ရဲ့ အဆိုပါ ပစ်ကူတောင်းသည့် တွိကို ဒေါ်လာ ဘီလီယံ ၂၀ ခန့် ငွေကြေးစီးဆင်းမှုရှိသည့် ဂျပန်အပြာရုပ်ရှင်လုပ်ငန်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်သူများက အကြိမ်ရေ ထောင်ချီ လက်ဆင့်ကမ်းခဲ့ကြသည်။
“ကျနော်တို့ဟာ ပန်ဒါဝက်ဝံတွေလိုပဲ ရှားသထက်ရှားလို့လာပါပြီ။”လို့ ယောက်ျားတန်ဆာသဏ္ဌာန်လိပ်စာကတ်ကိုင်ဆောင်သည့် ကိုယ်တော်ချောက ပြောပြန်သည်။
“ပရိသတ်တွေအနေနဲ့ ဒီသရုပ်ဆောင်တွေကိုပဲ ဖန်တရာတေ ကြည့်ရတာ ပျင်းစရာကောင်းတယ်။ ဒါဟာ စိုးရိမ်စရာအကောင်းဆုံးကိစ္စပါ။”
ဗြိတိန်ပန့်ခ်အဆိုတော် Johnny Rotten အလား လိမ္မော်ရောင် ဆံပင်ကို ကော့နေအောင်ထောင်ထားသည့် ရှီမီကန်သည် ကြောက်ခမန်းလိလိ ၁ နေ့ကို ၂ ကား၊ ၃ ကားနူန်းဖြင့် ရိုက်နေရသော်လဲ ထိုအလုပ်ကို ဆက်လုပ်နိုင်စွမ်း ရှိသေးကြောင်း သူက ပြောသည်။
“ပုံမှန်အားဖြင့် တနေ့ကို မိန်းကလေး ၂ ယောက် ၃ ယောက်လောက်နဲ့ သံဝါသပြုနေရတာဖြစ်တဲ့အတွက် နေ့စဉ် ၂ နာရီလောက်နီးပါ မေထုန်မှီဝဲ နေရတယ်ဆိုပါတော့”လို့ သူက မြည်တွန်လေသည်။
“ဒါဟာ ကျနော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်အလုပ်ပါ။ ၁၇ နှစ်ရှိပြီ ဒီအလုပ် လုပ်တာ၊ ဘယ်တုန်းကမှ ငြီးငွေ့တယ်လို့ မရှိဘူး။ ရုံးမှာအလုပ် လုပ်တာထက် အများကြီးသာတယ်ဗျာ။”လို့ အချိန်ပိုင်း အလေးမသမားလည်းဖြစ်သော ရှီမီကန်က “Sex Instructor”စာတန်းပါ တီရှပ်ကို ချွတ်၍ လက်မောင်း ကြွက်သားများကို တောင့်ပြလေသည်။ အသက် ၁၀၀ အထိတိုင် ဆက်လုပ်သွားမည်ဟုလည်း ပြောပါသည်။
ယောက်ျားသရုပ်ဆောင်အရေအတွက် ဆက်လက် ကျဆင်းနေဦးမည်ဆိုပါက သူ့အနေနှင့် တကယ်ပင် မသေမချင်း ဆက်လုပ်နေရမည့် သဘောရှိပါသည်။
ကိုယ်ကာယကြံ့ ခိုင်မှုကို အရူးတယောက်ကဲ့သို့ ဂရုပြုသူ ရှီမီကန်သည် အစားအသောက်ကိုလည်း အင်မတန် ဂရုစိုက်သူဖြစ်သည်။ သူ့အိတ်ထဲမှ အစားအသောက်များကို ကြည့်ပါ။ အသားဓါတ်အလုံအလောက်ပေးမယ့် protein bar ၊ ကြက်ဥပြုတ်နှင့် ကြက်မိုးခိုသား၊ ဂျပန်သမင်အားတိုးဆေး … နောက် သက်လုံအားကောင်းစေဖို့ မြွေသွေးဖြင့်ဖော်စပ်သည့် ဆေးရည် စသဖြင့် ….။
“Viagra(လိင်အစွမ်းထက်ဆေး)တော့ ကျနော် မသောက်ဘူး။ ခုထက်ထိ ဒါတွေသုံးစွဲဖို့ မလိုသေးဘူး။”ဟု သရဲမရဲစီးသလို အလုပ်လုပ်သော ရှီမီကန် က ပြောသည်။
ရှီမီကန်သည် သူ့၏တန်ဆာကို ကောင်းပေ့ဆိုသည့် မျက်နှာလိမ်းဆေးခရင်မ်များသုံး၍ သ လေ့ရှိပြီး တကြိမ်တွင်တော့ မင်းသမီးတယောက်၏ ဒေါက်မြင့်ဖိနပ်နှင့် ထိခိုက်မိရာမှ အရေးကြီးနေရာတွင် ဒဏ်ရာတခါ ရခဲ့ဖူးသည်။
သူသည် ဂျပန်အပြာကားလောကတွင် ဆိုခဲ့ပြီးကဲ့သို့ စွမ်းသော ဂန္တ၀င်သရုပ်ဆောင်ဖြစ်၍ မင်းသမီးများဆိုလျှင် သူ၏နာမည်ကြားရုံမျှနဲ့ သတိလစ်မတတ် အရူးအမူးဖြစ်ကြသည်။ သို့သော် ဂျပန်နိုင်ငံမှာ အပြာမင်းသားများ အထွက်ကျဲပါးသွားခြင်းမှာ သိပ်မထူးဆန်းဟု တချို့ကပြောသည်။
“သူက တကယ့်စွမ်းတဲ့လူ၊ အံ့ဘွယ်တပါး ပါရမီရှင်ပါ။”ဟု လူကြီးဗွီဒီယိုလောကတွင် ဘုရင်မဖြစ်သူ အန်ရီအိုကိတာ က တိုးတိုးညင်သာ ပြောသည်။
“ယောက်ျားသရုပ်ဆောင်တွေ တဖြေးဖြေး နည်းသွားပြီ။ ဇီဝကမ္မ ပြဿနာပေါ့။ သူတို့လို လုပ်နိုင်ဖို့၊ သူတို့လို သက်လုံနဲ့ နည်းစနစ် ရှိဖို့ဆိုတာ စူပါမင်းပဲ တတ်နိုင်မယ်။ ဂျပန်နိုင်ငံဟာ သူတို့ရှိတဲ့အတွက် ဂုဏ်ယူထိုက်ပါတယ်”ဟု အပြာဘုရင်မ အိုကိတာ က ပြောပါတယ်။
ယောက်ျာသရုပ်ဆောင် နည်းပါးလာခြင်းသည် လူမိသွားမည်ကို စိုးရိမ်ခြင်း၊ ထို့ထက်ပိုဆိုးသည်က လူအများ၏လှောင်ပြောင်မှုခံရမည်ကို ကြောက်ရွံ့ ခြင်းတို့ကြောင့်ဖြစ်သည်ဟု ရှီမီကန်က ရှုမြင်သည်။
“အခုလို လူမှုကွန်ရက်ခေတ်ကြီးမှာ(ကိုယ့်အသိထဲကတယောက်ယောက်က သိသွားရင်) အလျင်အမြန် ပွထသွားနိုင်တယ်လေ။ ပြီးတော့ သရုပ်ဆောင် တယောက်နဲ့တယောက် နှိုင်းယှဉ်ခံရမှာလည်း ကြောက်ကြတယ်။”
သူကိုယ်တိုင်ပင်လျှင် တခါက ကားရိုက်ကွင်းထဲ ၀င်လာသည့်မိခင်နှင့် တည့်တည့်တိုးဖူးကြောင်း ရှီမီကန် က သူ၏အတွေ့အကြုံကို ပြောပြသည်။
ယခုနောက်ပိုင်း ဂျပန်နိုင်ငံတွင် အေးအေးနေပြီး အပြိုင်အဆိုင်နည်းတဲ့ ဘ၀ပုံစံ ခေတ်စားလာနေပြီး “သတ်သတ်လွတ်စားယောက်ျားများ”ဟု စကားဝှက်ဖြင့် ခေါ်တွင်ခြင်းခံရသူအမျိုးသားများ တိုးပွားလာနေသည်။ ထို့ကြောင့် ၎င်းတို့လုပ်ငန်းတွင် ယောက်ျားရှားပါးလာခြင်းဖြစ်ကြောင်း အပြာရုပ်ရှင်လောကသားများက ယူဆသည်။
“ယောက်ျားတွေမှာ စိတ်ဓါတ်ကြံ့ခိုင်မှု ကျဆင်းသွားပြီ။ ယောက်ျားမပီသတော့ဘူး။ လိင်ကိစ္စမှာ အရင်လို အတက်ကြွကြတော့ဘူး။ ယောက်ျားအများစုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိကြတော့တဲ့အတွက် သူတို့ရဲ့ စိတ်ခံစားချက်ကိုလည်း ထုတ်ဖော်မပြကြတော့ဘူး။ ဒါကြောင့်လည်း ဒီလုပ်ငန်းမှာ ယောက်ျားနည်းလာတာပါ။”ဟု အသက် ၃၉ နှစ်အရွယ် အပြာမင်းသမီး ယူကိုရှီရာကိ က ပြောသည်။ သူမသည် အပြာရုပ်ရှင်လောကထဲမ၀င်ခင်က ထရပ်ကားယာဉ်မောင်း လုပ်ခဲ့သူဖြစ်သည်။
“လက်ရှိ အပြာမင်းသားတွေ ၀န်ပိုထမ်းနေရတာ သနားပါတယ်။”ဟုလည်း သူမက ဆိုသည်။
ဂျပန်အမျိုးသားများ ယောက်ျားမပီသတော့ကြောင်းကို နာမည်ကျော် ဒါရိုက်တာ တိုဂျီရိုက သဘောတူသည်။
“ကျနော် ဒီလောကမှာကျင်လည်လာတာ ၂၇ နှစ်ရှိပြီ။ ခင်ဗျားတွေ့တဲ့အတိုင်း သတ်သတ်လွတ်စားယောက်ျားတွေ များလာတယ်။ အရင်လို ကာမဆာလောင်မှု မရှိကြတော့ဘူး။ သူတို့မှာ ကာမဆန္ဒတွေ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆို အကုန်လုံး ခူးပြီးခပ်ပြီးသားလို အသင့်ဖြစ်နေတာကိုး။ ကျနော်တို့ခေတ်နဲ့ မတူတော့ဘူး”ဟု အသက် ၅၈ နှစ်ရှိပြီဖြစ်သော တိုဂျီရိုက ရိုက်ကွင်းတွင်းအင်တာဗျုးတွင် သူ၏အမြင်ကို ပြောပြသည်။
ဆက်လက်ပြီး “ကျနော်တို့ခေတ်တုန်းက ငှက်ပျောသီးတလုံး၊ နာနတ်သီးတလုံးလောက်များရပြီဆိုရင် ပျော်မဆုံး မော်မဆုံး၊ ခုခေတ်ယောက်ျားတွေများကျတော့ အကောင်းဆုံးဆိုတဲ့ ကိတ်မုန့်၊ ကွတ်ကီး ကျွေးလို့တောင် ရင်မခုန်ကြတော့ဘူး။ ကာမကိစ္စမှာလည်း ဒီအတိုင်းပဲ။ အမျိုးသမီးတွေပေါ် တပ်မက်မှုနဲ့ ဖိုမ ဆက်ဆံရေးမှာလည်း ဒီအတိုင်းဖြစ်လာတယ်။ အင်တာနက်ပေါ်မှာ ကလစ်ခေါက်တာနဲ့ပဲ ပြီးနေကြတာလေ။”ဟု ၎င်းက ပြောသည်။
ဂျပန်အမျိုးသားများ၏ ညှို့ငင်အား ကျဆင်းနေချိန်မှာ မမောတမ်းမပန်းတမ်း အလုပ်လုပ်သူ ရှီမီကန်မှာ မျှော်လင့်ချက်ရောင်ခြည်သဖွယ် ဖြစ်လျက်ရှိသည်။
“သံမဏိလူသား၊ လင်းနို့လူသားတို့လို ကျွန်တော် အလေးမတယ်။ ကျွန်တော်ဟာ လိင်လူသားပါ။”ဟု သူ၏ကြွက်သားများကို တောင့်ပြပြီး ရုပ်ပြကာတွန်းသူရဲကောင်းတို့၏ဟန်ဖြင့် မျက်ခုံးတဖက်ကို ပင့်လျက် ပြောသည်။
ရှီမီကန်၏ အာဂစွမ်းပကားနှင့် ၎င်းကဲ့သို့ လိုအပ်သည့်အချိန်မှာ လိုအပ်သလို စွမ်းဆောင်နိုင်ရန် မလွယ်ကူကြောင်း တိုဂျီရို က ထင်သာမြင်သာရှိစေရန် ယခုကဲ့သို့ ဥပမာဆောင်၍ ရှင်းပြသည်။
“စိတ်ဓါတ်ခွန်အားက အရေးကြီးဆုံးပဲ။ ယောက်ျားသရုပ်ဆောင်တွေက ပြင်းထန်လှတဲ့ဖိအားအောက်မှာ သရုပ်ဆောင်ရတာ။ အဲဒီ ဖိအားအကြောင်း ခေါင်းထဲဝင်သွားနဲ့ သွားရောပဲ။ ပွဲပျက်သွားပြီ။ လိင်ကိစ္စဆိုတာ ခက်ခဲပါတယ်။ ဘောလုံးကစားသလိုပါပဲ။ ခင်ဗျား ရိုနယ်ဒို အများကြီး မက်ဆီ အများကြီး မတွေ့နိုင်ဘူးလေ ဟုတ်တယ်မဟုတ်လား။ မက်ဆီသွင်းတဲ့ ဂိုးမျိုး၊ ရိုနယ်ဒိုသွင်းတဲ့ ဂိုးမျိုး တခြားကစားသမားတွေ မသွင်းနိုင်ဘူးဗျ။”လို့ ဂျပန်အပြာကားလောကမှာ နာမည်တလုံးနှင့်နေသော ဒါရိုက်တာကြီး တိုဂျီရို က ပြောပါသည်။
(Japan’s ‘Pornaldo’ keeps scoring as male actors fizzle – The Japan Times)

1 comment:

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks