Pages

Monday, July 6, 2015

A Nightmare On Elm Street ( 2010 ) မြန်မာစာတန်းထိုး

ChannelMyanmar ပရိတ်သတ်တွေအတွက် ဒီတစ်ပတ်ရဲ့ Special Movie ကို တင်ဆက်ပေးလိုက်ပါတယ် A Nightmare On Elm Street ဇာတ်ကားဟာ ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး သရဲ
ဇာတ်ကားတွေထဲမှာ တစ်ကားအပါအ၀င်ဖြစ်ပါတယ်..1984 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကမ္ဘာကျော်
ဇာတ်ကားဟာ 2010 ခုနှစ်မှာပြန် လည်အသက်သွင်းခံရပေမယ့် မူရင်းဇာတ်လမ်းကတော့
ပိုမိုပြီးကြောက်မက်ဖွယ်ကောင်းလှပါတယ်..တစ်ခုကြိုတင်ပြီးသတိပေးထားချင်တာ သင်ဟာ
ကြောက်တတ်တဲ့စိတ်ရှိသူ..အလွန်အမင်း အတွေးလွန်တတ်သူ..နှလုံးရောဂါရှိသူ တစ်ဦးဖြစ်တယ်
ဆိုရင်တော့ ဒီ ဇာတ်ကားကို ကျော်သွားလိုက်ဖို့ပါ

ဇာတ်လမ်းအကျဉ်း :
ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး ကော်ဖီဆိုင်တခုထဲမှာ
အိမ်မက်မက်နေတဲ့ ဒင်းန် တယောက် လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့
ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်..တကယ်လိုခံစားနေရတဲ့အကြောင်း
လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့် သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ
အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး သန့်စင် ခန်းထသွားခဲ့တယ်
တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့ ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ်

နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်..တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့
ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ..ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို
နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့
ဆက်လက်ကြည့်ရှုခံစားကြပါ 
( 720p HD အကြည်ကို ဖိုင်ဆိုဒ် 400MB ကျော်ကျော် 500MB ၀န်းကျင်လောက်နဲ့
တင်ပေးထားပါတယ်..mkv file ဖြစ်လို့ဖွင့်မရဘူးဆိုရင် ဖုန်းမှာဆို MX Player ဖြင့်ကြည့်ပါ
Computer မှာဆိုရင်တော့ VLC Player နဲ့ကြည့်နိုင်ပါတယ် )

credit to channle myanmar

Download ဆွဲပြီးသား full movie ကို okkala ရှိ အသစ်ထွက် ဇာတ်ကားများ folder ထဲတွင် ၀င်ရောက်ရယူနိုင်ပါသည်
https://my.pcloud.com/publink/show?code=XZmnuVZ1nVaJNKgV6SvFrJX6D6yWzTCETjV

No comments:

Post a Comment

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks