Pages

Sunday, August 30, 2015

Attack On Titan(2015) မြန်မာစာတန်းထိုး



ဒီကားကို မကြည့်ခင် အရင် ဆုံးပြောချင်တာက ဇာတ်ကားပြီးလို့ စာတန်းထိုးပြီးတဲ့ထိ ပြီးဆုံးအောင်
ကြည့်ပေးစေချင်ပါတယ်

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ပေါ်လာတဲ့ လူသားစားတဲ့ တိုက်တန်တွေ..
တိုက်တန် တွေကို ကြောက်လို့ နံရံ မြင့်ကြီးတွေ ထဲမှာနေနေရတဲ့ လူသားတွေ..
တိုက်တန်တွေကို အယုံ အကြည် မရှိခဲ့တဲ့ အဲရန် နဲ့
သူငယ်ချင်း လူကြောက်လေး အာမင်..
ပြီးတော့ အဲရန်ပြောသမျှ ယုံကြည်တတ်တဲ့ ကောင်မလေး မီကာဆာတို့ ..
နံရံ ကြီးတွေရဲ့ အပြင် ဘက်ကို ထွက်ဖို့ ကြိုးစားကြတဲ့ တစ်နေ့မှာ....

တိုက်တန်တွေ ပေါ်လာပြီး လူသားတွေ တိုက်ခိုက် ခံကြရပြီးတဲ့ နောက်မှာ
အဲရန် အာမင် နဲ့ မီကာဆာ တို့ ဘာတွေ ပြောင်းလဲ သွားကြမလဲ ဆိုတာရယ်...

တိုက်တန်တွေ ကို တိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေ က တကယ်ကို
ကြည့်လို့ကောင်းပါတယ် (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်  )

ဒီကားဟာ ဂျပန် Animation ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပြီး ဂျပန်မှာလဲ အရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ်
(
ဒီကားကို ရုံတင်တုန်းက လက်မှတ်မရလို့ ရုံးလစ်ပြီးကို သွားကြည့်ပါတယ်  )
Anime
ကြည့်ဖူးသူတွေကတော့ ဒီကားဟာ Anime ကို မမှီဘူးလို့ ပြောကြပါလိမ့်မယ်
Anime
ဗားရှင်းထဲက မီကာဆာရဲ့ ကာရိုက်တာဟာ Live-Action Movie ထဲက ကာရိုက်တာနဲ့ လုံးဝကို ကွဲပြားနေတဲ့ အချက်လဲ ပါပါ လိမ့်မယ်
ဘာပဲဖြစ်ဖြစ် Animated လုပ်ထားကားကို ရုပ်ရှင် ရိုက်ရတာ လွယ်တာတော့ မဟုတ်ပါဘူး
နောက်ပြီး ဒီကားထဲက အဓိက ဖြစ်လာမဲ့ တိုက်တန်ကို သရုပ်ဖော်ထားတာလဲ တော်တော် ကို ကြည့်လို့ ကောင်းတာကို တွေ့ရပါလိမ့်မယ်

Credit to Channelmyanmar
အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်

https://my.pcloud.com/publink/show?code=XZTou0Z3UhLwa9gIeSVIpeajY2rKzpndHfV

1 comment:

  1. ဇတ်ကားနံပတ်၂ထွက်ရင်လည်းတင်ပေးပါအုန်းနော်

    ReplyDelete

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks