Pages

Thursday, October 1, 2015

San Andreas (2015) - မြန်မာစာတန်းထိုး


Dwyane 'The Rock' Johnson ပါဝင်သရုပ်ဆောင်ထားပြီး
ဇာတ်လမ်းထဲမှာအဓိက သရုပ်ဆောင် The Rock က Firefighter တစ်ဦးဖြစ်ပါတယ်
သူက အာဖဂန်နစ္စတန် မှာတုန်းကလည်း ကယ်ဆယ်ရေးလုပ်ခဲ့ဖူးပြီး ကယ်တင်ရေး ၆၀၀ရာကျော် လုပ်ထားဖူးသူတစ်ဦးဖြစ်ပါတယ်။ သူက အတွေ့အကြုံ ရှိ ကယ်ဆယ်ရေးသမားတစ်ယောက်ဖြစ်ပြီး၊ မိန်းမနဲ့ ကွဲနေပါတယ်။ သူ့မိန်းမက လည်း မီလျံနာ သူဌေးတစ်ယောက်နဲ့ တွဲနေပြီး တူတူနေဖို့လုပ်နေသလို၊ ကွာရှင်းစာချုပ်လည်း ပို့ထားပါတယ်။

ဇာတ်လမ်းအစမှာ California Institute of Technology က Seismologist ငလျင်စောင့်ကြည့်လေ့လာသူ သိပ္ပံပညာရှင် Dr. Kim Park (Will Yun Lee) နဲ့ Lawrence Hayes (Paul Giamatti) တို့က ငလျင် မလှုပ်ခင် ကြိုတင်ခန့်မှန်းပေးနိုင်မယ့် Program နမူနာ အောင်မြင်ထားပေမယ့် လူတွေက ဂရုမစိုက်ကြပါဘူး။ ဒီလိုအချိန်မှာပဲ Kim နဲ့ Lawrence တို့က Hoover Dam  ရေကာထာကြီး နားမှာ ငလျင်အသေးစားလေးတွေ လှုပ်မယ်လို့ သူတို့ ရဲ့ Program က ခန့်မှန်းထားတာကြောင့် သွားလေ့လာနေကြပါတယ်။ ဒီအချိန်မှာ သူတို့ ခန့်မှန်းထားတာမှန်နေတာကိုတွေ့လိုက်ရတဲ့အချိန်မှာပဲ၊ ပရိုဂရမ်က နောက်ထပ် ပြင်းအား ၇.၁ ထပ်လှုပ်မယ်လို့ ပြနေပြီး၊ တကယ်လှုပ်သွားတာကို ကြုံလိုက်ရပါတယ်။ ဒီငလျင်ကြောင့် Hoover Dam ကြီးပျက်ဆီးသွားပြီး Las Vegas မှာလည်း ရေလွှမ်းသွားပါတယ်။ ဒါ့အပြင် Dr. Kim Park ကလည်း ငလျင်လှုပ်နေစဉ်မှာ ကလေးမလေးတစ်ယောက်ကို ကယ်တင်ရာကနေ အသက်ပေးလိုက်ရပါတယ်။ သဲထိတ်ရင်ဖိုစွန့် စားခန်းတွေကို ယုတ္တိရှိရှိရိုက်ပြထားပြီး imbd rating 6.2 ရရှိထားတဲ့ ဇာတ်လမ်းကောင်းကို မိတ်ဆွေများကိုယ်တိုင် ခံစားကြည့်ရှုနိုင်စေရန်အတွက် တင်ဆက်ပေးလိုက်ပါတယ်။

ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက်ကနေ မှီညမ်းတင်ဆက်ထားခြင်းဖြစ်ပါတယ်

Myitkyina
KNT Entertainment Group

File Size 417 MB
https://my.pcloud.com/publink/show?code=XZlDmHZXyRcwyNftOkBa28JW13xqSbB4I7k

File Size  1.3 GB
https://my.pcloud.com/publink/show?code=XZUJmHZ2fS7FhI0bLS6LVoWxNWKuVz76ccV

No comments:

Post a Comment

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks