Pages

Saturday, November 28, 2015

ကြံကြံဖန်ဖန်ထွင်တဲ့တရုတ်


အလိုလျှောက် သုတ်ပိုးထုတ်ပေးမယ့်စက်ပါ။
ဒီစက်ကို တရုတ်ပြည် ၊ Jiangsu ပြည်နယ်၊ Nanjing က ဆေးရုံတစ်ခုရဲ့ သုတ်ပိုးလှူတဲ့နေရာမှာ စတင်တပ်ဆင်လိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ သုတ်ပိုးတွေကို လွယ်လွယ်ကူကူ လှူနိုင်အောင် လို့ပါတဲ့။ အရင်က သုတ်ပိုးလှူရင် နပ်စ်မချောချောလေးတွေက ၀န်ဆောင်မှုပေးတာ အားလုံးအသိပါ။ ခု ဒီစက်က ဒီနပ်စ်မလေးတွေရဲ့နေရာကို ၀င်ယူမှာ ဖြစ်ပါတယ်။ ဒီစက်ဟာ အသုံးပြုသူရဲ့ အရပ်အနိမ့်အမြင့်အလိုက် အပေါ်အောက်ညှိနိုင်တဲ့အပြင် အမြန်နှုန်း နဲ့ အပူချိန်တို့ကိုလည်း ကိုယ်လိုချင်သလောက် ထိန်းညှိနိုင်မှာဖြစ်ပါတယ်။
" ဒီစက်ဟာ ပုံမှန်မဟုတ်တဲ့ ခေတ်မီတဲ့နည်းနဲ့ လူတွေကိုကူညီဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ နွားမတစ်ကောင်နွားနို့ညှစ်တာနဲ့တူတဲ့
အပြင် ဒီစက်တစ်ခုတည်းကို အခန်းတစ်ခန်းတည်းမှာ လူအများကြီး စပ်တူသုံးရမှာဖြစ်တဲ့အတွက် သိပ်တော့အဆင်မပြေဘူးလို့ထင်ပါတယ်။ ဒါပေမယ့် တီထွင်သူတွေရဲ့ကြိုးစားမှုကိုတော့ ချီးကျူးရမှာပါ။ ဒါကလည်း နည်းပညာတစ်မျိုးပဲမဟုတ်လား " ဟု ဆေးရုံ ဆီးလမ်းကြောင်းဌာနကဒါရိုက်တာက ဆိုပါတယ်။
ကိုရွှေတရုတ်တို့ ထူးထူးဆန်းဆန်းထွင်ထားတဲ့ ဒီစက် ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကိုစိတ်ဝင်စားရင် အောက်ကပေးထား
တဲ့ အေးဆေးရဲ့ယူကျူလင့်ကို နှိပ်ပြီးသွားကြည့်နိုင်ပါတယ်။

No comments:

Post a Comment

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks