Pages

Wednesday, March 11, 2015


၁၈နှစ်အထက်သာ ကြည့်ရတဲ့ဇာတ်ကားတွေနဲ့ နာမည်ရလာတဲ့ ဂျပန်အမျိုးသားရဲ့ ၀င်ငွေဟာ တစ်လကို ဒေါ်လာ ၁၂၈၀၀၀ ရှိ
သူဟာ အများအားကျတဲ့ ကိုယ်လုံးကိုယ်ပေါက် ပိုင်ဆိုင်ထားသူနဲ့ ဗွီဒီယိုဇာတ်ကား ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုမှာ ၁၈ နှစ်အလုပ်လုပ်ပြီး နောက်ပိုင်း ဂျပန်နိုင်ငံမှာ ဂုဏ်သတင်းတစ်ခု ရရှိခဲ့သူလည်းဖြစ်တယ်။
သူက Shimken အဖြစ် လူသိပိုများတဲ့ ဂျပန်နိုင်ငံ porn လောကရဲ့ ဘုရင်တစ်ဆူ အသက် ၃၅ နှစ်အရွယ် Shimuzu ဆိုသူဖြစ်ပါတယ်။ ခန့်မှန်းခြေအနေနဲ့ တစ်ပတ် ယန်း ၂,၈၀၀,၀၀၀ ($32,000) နဲ့အထက်ဝင်ငွေနဲ့ သူဟာ လူကြီး ဗီဒီယိုဇာတ်ကား (adult vedio) ထုတ်လုပ်ဖြန့်ချိတဲ့ ကုမ္ပဏီမှာ အခဲယဉ်းဆုံးအလုပ်ကို လုပ်ကိုင်သူလို့လည်း လူသိများခဲ့ပါတယ်။



သူ့လုပ်သက် ၁၈နှစ်ပြည့်တဲ့အချိန်မှာ အမျိုးသမီးလုပ်ဖော်ကိုဖက် ၇၅၀၀ ကျော်နဲ့ အတူတွဲဖက် လုပ်ကိုင်ခဲ့ဖူးပြီလို့ ဖျော်ဖြေရေး ဝက်ဘ်ဆိုက် Details အရသိရပါတယ်။ ၇နှစ်အတွင်း အားလုပ်လပ်ရက်တစ်ခါမှ မယူဖူးတဲ့ သူဟာ ဇာတ်ကား ၇၀၀၀ ကျော် ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။

အလုပ်များတဲ့ ရက်သတ္တပတ် တစ်ခုဆို အခန်း ၂၁ ပြီးအောင် ရိုက်နိုင်သူဖြစ်ပါတယ်။ ဂျပန်နိုင်ငံက Adult vedio ထုတ်လုပ်ရေးလုပ်ငန်းဟာ ခန့်မှန်းခြေ s$28bn ကြွယ်ဝချမ်းသာပါတယ်။

သူက Audi အပါအဝင် ကား (၅) စီးပိုင်ဆိုင်ပြီး Tokyo မြို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင်တွေမှာ မကြာခဏသွားဖြစ်ပါတယ်။

တစ်နေ့ (၆) ကားအပြီးရိုက်နိုင်ဖို့ လိုအပ်တဲ့ ကြံ့ခိုင်မှု၊ အားအင်ရှိနေဖို့ တစ်နေ့ လေ့ကျင့်ခန်း မိနစ် (၉၀)၊ (၁) ပတ် (၄) ရက်လုပ်ပြီး အလေးမခြင်းနဲ့ ဆောင့်ကြောင့်ထိုင်ခြင်းကို အဓိကဦးစားပေး ဆောင်ရွက်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks