Pages

Friday, March 13, 2015

Munich

'Munich

၁၉၇၂ ခုႏွစ္က အေနာက္ဂ်ာမနီႏိုင္ငံ၊ ျမဴးနစ္ၿမိဳ႕မွာ ေႏြရာသီအိုလံပစ္ပြဲေတာ္ က်င္းပေနတဲ့အခိုက္ ကမၻာေက်ာ္ အၾကမ္းဖက္မႈႀကီးတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ BSO လို႔အမည္ရတဲ့ Black September Organization အဖြဲ႔က အစၥေရးအားကစားသမား ၁၁ ေယာက္ကို ျပန္ေပးဆြဲ သတ္ျဖတ္ခဲ့မႈပဲ ျဖစ္ပါတယ္။ ကမၻာတစ္ဝွမ္း တုန္လႈပ္ေျခာက္ျခားသြားေစခဲ့တဲ့ ဒီျဖစ္ရပ္ဆိုးႀကီးဟာ Munich Massacre ဆိုတဲ့နာမည္နဲ႔ သမိုင္းတြင္ခဲ့ပါတယ္။

BSO ဟာ ပါလက္စတိုင္း အၾကမ္းဖက္ အဖြဲ႔အစည္းတစ္ခု ျဖစ္ၿပီး ၁၉၇၀ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ အစၥေရးအစိုးရႏွင့္ အစၥေရးျပည္သူေတြကို တိုက္ခိုက္ဖို႔အတြက္ အဓိကရည္ရြယ္ပါတယ္။ BSO ဟာ Munich Massacre အၿပီးမွာ နာမည္အရမ္းႀကီးလာခဲ့ၿပီး အၾကမ္းဖက္တိုက္ခိုက္မႈေတြရဲ႕ ေရွ႕ေဆာင္လမ္းျပ ျဖစ္လာခဲ့ပါတယ္။

BSO ရဲ႕ ျမဴးနစ္တိုက္ခိုက္မႈအၿပီးမွာ ဥေရာပႏိုင္ငံေတြအားလံုးဟာ တန္ျပန္အၾကမ္းဖက္စစ္ဆင္ေရး Counter-Terrorism ကို အေလးေပး ေဆာင္ရြက္လာၾကပါတယ္။ အဲဒိအက်ိဳးဆက္ကေတာ့ ကမၻာတစ္ဝွမ္းမွာ တန္ျပန္အၾကမ္းဖက္တိုက္ဖ်က္တဲ့ အဖြဲ႔အစည္းေတြ အလွ်ိဳလွ်ိဳေပၚလာခဲ့ၿပီး ဥေရာပမွာေတာ့ စစ္တပ္မွေလ့က်င့္ေပးတဲ့၊ လခစားအျဖစ္ ရာသက္ပန္တာဝန္ထမ္းေဆာင္ရတဲ့၊ ပေရာ္ဖက္ရွင္နယ္ တန္ျပန္အၾကမ္းဖက္တိုက္ဖ်က္ေရးသမားေတြပါ ေပၚေပါက္လာခဲ့ပါတယ္။ အဂၤလန္ရဲ႕ နာမည္ေက်ာ္ SAS စစ္သားေတြကိုယ္တိုင္ အသိအမွတ္ျပဳရေလာက္ေအာင္ ထူးခြ်န္ထက္ျမက္လာၾကပါတယ္။

ျမဴးနစ္တိုက္ခိုက္မႈျဖစ္ပြားၿပီး ၂ ရက္အၾကာမွာ Palestine Liberation Organization (PLO) ရဲ႕ အေျခစိုက္စခန္းေတြကို အစၥေရးေလတပ္မွ ဗံုးၾကဲတိုက္ခိုက္ၿပီး လက္စားေခ်ျပခဲ့ပါတယ္။ ထို႔ေနာက္ ျမဴးနစ္အၾကမ္းဖက္မႈကို အဓိကႀကိဳးကိုင္စီစဥ္ခဲ့သူေတြကို သူလွ်ိဳေတြေစလႊတ္ကာ သတ္ျဖတ္ခိုင္းခဲ့ပါတယ္။ သူလွ်ိဳေတြေစလႊတ္ၿပီး လက္စားေခ် တံု႔ျပန္တဲ့ အဲဒိစစ္ဆင္ေရးကို Operation Wrath of God လို႔ လူသိမ်ားပါတယ္။

Operation Wrath Of God ဟာ Covert operation ျဖစ္ပါတယ္။ Covert Operation ဆိုတာက ေသခ်ာ Plan ခ်ၿပီး အေသးစိတ္ အကြက္ခ် စီစဥ္ထားတဲ့ စစ္ဆင္ေရးမ်ိဳးကိုေခၚတာပါ။ Operation Wrath Of God ဟာ Covert စစ္ဆင္ေရးထဲမွာ အေကာင္းဆံုးစစ္ဆင္ေရးေတြထဲက တစ္ခု ျဖစ္ပါတယ္။ စစ္ဆင္ေရးဟာ စုစုေပါင္း ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ ခဲ့ပါတယ္။ ႏွစ္ေပါင္း ၂၀ ေက်ာ္စာကို အေသးစိတ္အကြက္ခ် စီစဥ္ထားဖို႔ဆိုတာ ဘယ္ေလာက္ထိ ခက္ခဲမယ္မွန္း မွန္းစၾကည့္ႏိုင္ပါတယ္။

Operation Wrath Of God မွာ အဖြဲ႔ခြဲေပါင္းမ်ားစြာ ပါဝင္ပါတယ္။ ထူးျခားခ်က္ကေတာ့ အဖြဲ႔သားသူလွ်ိဳေတြအားလံုးဟာ အရပ္သားေတြသာ ျဖစ္ပါတယ္။ စစ္တပ္မွ မဟုတ္ပါဘူး။ စစ္တပ္မွ ေလ့က်င့္ေပးထားတဲ့ ေအးဂ်င့္ေတြလည္း မဟုတ္ပါဘူး။ ဒီစစ္ဆင္ေရးမွာ ပါဝင္ခဲ့သူေတြအားလံုးဟာ သူလွ်ိဳလုပ္ငန္းအေတြ႔အၾကံဳ လံုးဝမရွိသူေတြ ျဖစ္ပါတယ္။ ဒီအခ်က္က covert စစ္ဆင္ေရးေတြထဲမွာ သူမ်ားႏိုင္ငံေတြက စစ္ဆင္ေရးေတြနဲ႔လံုးဝမတူတဲ့ အစၥေရးရဲ႕ ဗ်ဴဟာပါပဲ။ ပိုၿပီးေတာ့ အံ့အားသင့္စရာေကာင္းတာကို ဗဟုသုတအေနနဲ႔ ေျပာျပရမယ္ဆိုရင္ ကမၻာေက်ာ္ အစၥေရးေထာက္လွမ္းေရးအဖြဲ႔အစည္း Mossad တစ္ခုလံုးဟာ အရပ္သားေတြနဲ႔သာ ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အစၥေရးက သူတို႔ေထာက္လွမ္းေရးအဖြဲ႔ကို "ကမၻာေပၚမွာ ျပည္သူအခ်စ္ဆံုး ေထာက္လွမ္းေရးအဖြဲ႔"လို႔ တင္စားေျပာၾကပါတယ္။

Munich ဇာတ္ကားဟာ Operation Wrath Of God ရဲ႕ လုပ္ၾကံမႈ သူလွ်ိဳလုပ္ငန္းေတြကို ရိုက္ျပထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ Mossad ရဲ႕ လႈပ္ရွားပံုေတြ၊ သူလွ်ိဳတစ္ေယာက္ရဲ႕ ဒုကၡဘဝေတြ၊ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ အၿငိဳးေတးထားပံု၊ လက္စားေခ်ပံုေတြ၊ လူ႔အတၱ၊ လူ႔ေဒါသ၊ လူ႔ေမာဟ၊ စတာေတြကို ေတြ႔ျမင္ရမွာပါ။

ဒီဇာတ္ကားကို ဒါရိုက္တာႀကီး  Steven Spielberg က ရိုက္ကူးထားတာ ျဖစ္ၿပီး အဓိကဇာတ္ေဆာင္အျဖစ္ မင္းသား  Eric Bana နဲ႔ အဲဒိတုန္းက ဂ်ိမ္းစ္ဘြန္းမင္းသား မျဖစ္ေသးတဲ့ Daniel Craig တို႔က သရုပ္ေဆာင္ထားပါတယ္။ စတီဗင္စပီးလ္ဘာ့တ္ရဲ႕ လက္ရာေကာင္းတစ္ခုျဖစ္ၿပီး ေဝဖန္ေရးေတြ သိပ္ႀကိဳက္ၾကတဲ့ဇာတ္ကားပါ။ အကယ္ဒမီဆုအတြက္ ဆု ၅ ဆု စကာတင္စာရင္း ဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ဇာတ္ကားရဲ႕ဝင္ေငြကေတာ့ အင္မတန္နည္းပါးခဲ့ပါတယ္။

ဒီဇာတ္ကားဟာ ျဖစ္ရပ္မွန္ကို ျပန္လည္တင္ျပထားတာျဖစ္လို႔ သမိုင္းေၾကာင္း မသိရင္ ၾကည့္ရတာ အရသာေပါ့ေနမွာ အမွန္ပါ။ အဲဒါေၾကာင့္ ေနာက္ခံသမုိင္းကိုပဲ ကြ်န္ေတာ္ ရွင္းျပၿပီး ေရးေပးလိုက္ပါတယ္။ ဇာတ္ကားနဲ႔ပတ္သက္တာ ဘာတစ္ခုမွ ထည့္မေရးထားပါ။ မၾကည့္ရေသးသူေတြၾကည့္ၾကမယ္ဆိုရင္လည္း spoiler မျဖစ္ေတာ့ေအာင္ပါ။

ဇာတ္ကားၾကည့္ေနတုန္းမွာ တစ္ခုေလးကိုပဲ ေသခ်ာသတိထားၿပီး ၾကည့္ေပးပါ။ Spy (သူလွ်ိဳ ) နဲ႔ Informer (သတင္းေပး) ႏွစ္ေယာက္ ေျပာတဲ့ Dialogue ေတြကိုပါ။ မွတ္သားစရာ တအားေကာင္းပါတယ္။

For Unicode Readers

Munich

၁၉၇၂ ခုနှစ်က အနောက်ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ နွေရာသီအိုလံပစ်ပွဲတော် ကျင်းပနေတဲ့အခိုက် ကမ္ဘာကျော် အကြမ်းဖက်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ BSO လို့အမည်ရတဲ့ Black September Organization အဖွဲ့က အစ္စရေးအားကစားသမား ၁၁ ယောက်ကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့မှုပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း တုန်လှုပ်ခြောက်ခြားသွားစေခဲ့တဲ့ ဒီဖြစ်ရပ်ဆိုးကြီးဟာ Munich Massacre ဆိုတဲ့နာမည်နဲ့ သမိုင်းတွင်ခဲ့ပါတယ်။

BSO ဟာ ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ၁၉၇၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးအစိုးရနှင့် အစ္စရေးပြည်သူတွေကို တိုက်ခိုက်ဖို့အတွက် အဓိကရည်ရွယ်ပါတယ်။ BSO ဟာ Munich Massacre အပြီးမှာ နာမည်အရမ်းကြီးလာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်လာခဲ့ပါတယ်။

BSO ရဲ့ မြူးနစ်တိုက်ခိုက်မှုအပြီးမှာ ဥရောပနိုင်ငံတွေအားလုံးဟာ တန်ပြန်အကြမ်းဖက်စစ်ဆင်ရေး Counter-Terrorism ကို အလေးပေး ဆောင်ရွက်လာကြပါတယ်။ အဲဒိအကျိုးဆက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ တန်ပြန်အကြမ်းဖက်တိုက်ဖျက်တဲ့ အဖွဲ့အစည်းတွေ အလျှိုလျှိုပေါ်လာခဲ့ပြီး ဥရောပမှာတော့ စစ်တပ်မှလေ့ကျင့်ပေးတဲ့၊ လခစားအဖြစ် ရာသက်ပန်တာဝန်ထမ်းဆောင်ရတဲ့၊ ပရော်ဖက်ရှင်နယ် တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးသမားတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကျော် SAS စစ်သားတွေကိုယ်တိုင် အသိအမှတ်ပြုရလောက်အောင် ထူးချွန်ထက်မြက်လာကြပါတယ်။

မြူးနစ်တိုက်ခိုက်မှုဖြစ်ပွားပြီး ၂ ရက်အကြာမှာ Palestine Liberation Organization (PLO) ရဲ့ အခြေစိုက်စခန်းတွေကို အစ္စရေးလေတပ်မှ ဗုံးကြဲတိုက်ခိုက်ပြီး လက်စားချေပြခဲ့ပါတယ်။ ထို့နောက် မြူးနစ်အကြမ်းဖက်မှုကို အဓိကကြိုးကိုင်စီစဉ်ခဲ့သူတွေကို သူလျှိုတွေစေလွှတ်ကာ သတ်ဖြတ်ခိုင်းခဲ့ပါတယ်။ သူလျှိုတွေစေလွှတ်ပြီး လက်စားချေ တုံ့ပြန်တဲ့ အဲဒိစစ်ဆင်ရေးကို Operation Wrath of God လို့ လူသိများပါတယ်။

Operation Wrath Of God ဟာ Covert operation ဖြစ်ပါတယ်။ Covert Operation ဆိုတာက သေချာ Plan ချပြီး အသေးစိတ် အကွက်ချ စီစဉ်ထားတဲ့ စစ်ဆင်ရေးမျိုးကိုခေါ်တာပါ။ Operation Wrath Of God ဟာ Covert စစ်ဆင်ရေးထဲမှာ အကောင်းဆုံးစစ်ဆင်ရေးတွေထဲက တစ်ခု ဖြစ်ပါတယ်။ စစ်ဆင်ရေးဟာ စုစုပေါင်း နှစ်ပေါင်း ၂၀ ကျော်ကြာ ခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်စာကို အသေးစိတ်အကွက်ချ စီစဉ်ထားဖို့ဆိုတာ ဘယ်လောက်ထိ ခက်ခဲမယ်မှန်း မှန်းစကြည့်နိုင်ပါတယ်။

Operation Wrath Of God မှာ အဖွဲ့ခွဲပေါင်းများစွာ ပါဝင်ပါတယ်။ ထူးခြားချက်ကတော့ အဖွဲ့သားသူလျှိုတွေအားလုံးဟာ အရပ်သားတွေသာ ဖြစ်ပါတယ်။ စစ်တပ်မှ မဟုတ်ပါဘူး။ စစ်တပ်မှ လေ့ကျင့်ပေးထားတဲ့ အေးဂျင့်တွေလည်း မဟုတ်ပါဘူး။ ဒီစစ်ဆင်ရေးမှာ ပါဝင်ခဲ့သူတွေအားလုံးဟာ သူလျှိုလုပ်ငန်းအတွေ့အကြုံ လုံးဝမရှိသူတွေ ဖြစ်ပါတယ်။ ဒီအချက်က covert စစ်ဆင်ရေးတွေထဲမှာ သူများနိုင်ငံတွေက စစ်ဆင်ရေးတွေနဲ့လုံးဝမတူတဲ့ အစ္စရေးရဲ့ ဗျူဟာပါပဲ။ ပိုပြီးတော့ အံ့အားသင့်စရာကောင်းတာကို ဗဟုသုတအနေနဲ့ ပြောပြရမယ်ဆိုရင် ကမ္ဘာကျော် အစ္စရေးထောက်လှမ်းရေးအဖွဲ့အစည်း Mossad တစ်ခုလုံးဟာ အရပ်သားတွေနဲ့သာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစ္စရေးက သူတို့ထောက်လှမ်းရေးအဖွဲ့ကို "ကမ္ဘာပေါ်မှာ ပြည်သူအချစ်ဆုံး ထောက်လှမ်းရေးအဖွဲ့"လို့ တင်စားပြောကြပါတယ်။

Munich ဇာတ်ကားဟာ Operation Wrath Of God ရဲ့ လုပ်ကြံမှု သူလျှိုလုပ်ငန်းတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Mossad ရဲ့ လှုပ်ရှားပုံတွေ၊ သူလျှိုတစ်ယောက်ရဲ့ ဒုက္ခဘဝတွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အငြိုးတေးထားပုံ၊ လက်စားချေပုံတွေ၊ လူ့အတ္တ၊ လူ့ဒေါသ၊ လူ့မောဟ၊ စတာတွေကို တွေ့မြင်ရမှာပါ။

ဒီဇာတ်ကားကို ဒါရိုက်တာကြီး  Steven Spielberg က ရိုက်ကူးထားတာ ဖြစ်ပြီး အဓိကဇာတ်ဆောင်အဖြစ် မင်းသား  Eric Bana နဲ့ အဲဒိတုန်းက ဂျိမ်းစ်ဘွန်းမင်းသား မဖြစ်သေးတဲ့ Daniel Craig တို့က သရုပ်ဆောင်ထားပါတယ်။ စတီဗင်စပီးလ်ဘာ့တ်ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး ဝေဖန်ရေးတွေ သိပ်ကြိုက်ကြတဲ့ဇာတ်ကားပါ။ အကယ်ဒမီဆုအတွက် ဆု ၅ ဆု စကာတင်စာရင်း ဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ကားရဲ့ဝင်ငွေကတော့ အင်မတန်နည်းပါးခဲ့ပါတယ်။

ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို ပြန်လည်တင်ပြထားတာဖြစ်လို့ သမိုင်းကြောင်း မသိရင် ကြည့်ရတာ အရသာပေါ့နေမှာ အမှန်ပါ။ အဲဒါကြောင့် နောက်ခံသမိုင်းကိုပဲ ကျွန်တော် ရှင်းပြပြီး ရေးပေးလိုက်ပါတယ်။ ဇာတ်ကားနဲ့ပတ်သက်တာ ဘာတစ်ခုမှ ထည့်မရေးထားပါ။ မကြည့်ရသေးသူတွေကြည့်ကြမယ်ဆိုရင်လည်း spoiler မဖြစ်တော့အောင်ပါ။

ဇာတ်ကားကြည့်နေတုန်းမှာ တစ်ခုလေးကိုပဲ သေချာသတိထားပြီး ကြည့်ပေးပါ။ Spy (သူလျှို ) နဲ့ Informer (သတင်းပေး) နှစ်ယောက် ပြောတဲ့ Dialogue တွေကိုပါ။ မှတ်သားစရာ တအားကောင်းပါတယ်။'
၁၉၇၂ ခုႏွစ္က အေနာက္ဂ်ာမနီႏိုင္ငံ၊ ျမဴးနစ္ၿမိဳ႕မွာ ေႏြရာသီအိုလံပစ္ပြဲေတာ္ က်င္းပေနတဲ့အခိုက္ ကမၻာေက်ာ္ အၾကမ္းဖက္မႈႀကီးတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ BSO လို႔အမည္ရတဲ့ Black September Organization အဖြဲ႔က အစၥေရးအားကစားသမား ၁၁ ေယာက္ကို ျပန္ေပးဆြဲ သတ္ျဖတ္ခဲ့မႈပဲ ျဖစ္ပါတယ္။ ကမၻာတစ္ဝွမ္း တုန္လႈပ္ေျခာက္ျခားသြားေစခဲ့တဲ့ ဒီျဖစ္ရပ္ဆိုးႀကီးဟာ Munich Massacre ဆိုတဲ့နာမည္နဲ႔ သမိုင္းတြင္ခဲ့ပါတယ္။
BSO ဟာ ပါလက္စတိုင္း အၾကမ္းဖက္ အဖြဲ႔အစည္းတစ္ခု ျဖစ္ၿပီး ၁၉၇၀ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။ အစၥေရးအစိုးရႏွင့္ အစၥေရးျပည္သူေတြကို တိုက္ခိုက္ဖို႔အတြက္ အဓိကရည္ရြယ္ပါတယ္။ BSO ဟာ Munich Massacre အၿပီးမွာ နာမည္အရမ္းႀကီးလာခဲ့ၿပီး အၾကမ္းဖက္တိုက္ခိုက္မႈေတြရဲ႕ ေရွ႕ေဆာင္လမ္းျပ ျဖစ္လာခဲ့ပါတယ္။
BSO ရဲ႕ ျမဴးနစ္တိုက္ခိုက္မႈအၿပီးမွာ ဥေရာပႏိုင္ငံေတြအားလံုးဟာ တန္ျပန္အၾကမ္းဖက္စစ္ဆင္ေရး Counter-Terrorism ကို အေလးေပး ေဆာင္ရြက္လာၾကပါတယ္။ အဲဒိအက်ိဳးဆက္ကေတာ့ ကမၻာတစ္ဝွမ္းမွာ တန္ျပန္အၾကမ္းဖက္တိုက္ဖ်က္တဲ့ အဖြဲ႔အစည္းေတြ အလွ်ိဳလွ်ိဳေပၚလာခဲ့ၿပီး ဥေရာပမွာေတာ့ စစ္တပ္မွေလ့က်င့္ေပးတဲ့၊ လခစားအျဖစ္ ရာသက္ပန္တာဝန္ထမ္းေဆာင္ရတဲ့၊ ပေရာ္ဖက္ရွင္နယ္ တန္ျပန္အၾကမ္းဖက္တိုက္ဖ်က္ေရးသမားေတြပါ ေပၚေပါက္လာခဲ့ပါတယ္။ အဂၤလန္ရဲ႕ နာမည္ေက်ာ္ SAS စစ္သားေတြကိုယ္တိုင္ အသိအမွတ္ျပဳရေလာက္ေအာင္ ထူးခြ်န္ထက္ျမက္လာၾကပါတယ္။
ျမဴးနစ္တိုက္ခိုက္မႈျဖစ္ပြားၿပီး ၂ ရက္အၾကာမွာ Palestine Liberation Organization (PLO) ရဲ႕ အေျခစိုက္စခန္းေတြကို အစၥေရးေလတပ္မွ ဗံုးၾကဲတိုက္ခိုက္ၿပီး လက္စားေခ်ျပခဲ့ပါတယ္။ ထို႔ေနာက္ ျမဴးနစ္အၾကမ္းဖက္မႈကို အဓိကႀကိဳးကိုင္စီစဥ္ခဲ့သူေတြကို သူလွ်ိဳေတြေစလႊတ္ကာ သတ္ျဖတ္ခိုင္းခဲ့ပါတယ္။ သူလွ်ိဳေတြေစလႊတ္ၿပီး လက္စားေခ် တံု႔ျပန္တဲ့ အဲဒိစစ္ဆင္ေရးကို Operation Wrath of God လို႔ လူသိမ်ားပါတယ္။
Operation Wrath Of God ဟာ Covert operation ျဖစ္ပါတယ္။ Covert Operation ဆိုတာက ေသခ်ာ Plan ခ်ၿပီး အေသးစိတ္ အကြက္ခ် စီစဥ္ထားတဲ့ စစ္ဆင္ေရးမ်ိဳးကိုေခၚတာပါ။ Operation Wrath Of God ဟာ Covert စစ္ဆင္ေရးထဲမွာ အေကာင္းဆံုးစစ္ဆင္ေရးေတြထဲက တစ္ခု ျဖစ္ပါတယ္။ စစ္ဆင္ေရးဟာ စုစုေပါင္း ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ ခဲ့ပါတယ္။ ႏွစ္ေပါင္း ၂၀ ေက်ာ္စာကို အေသးစိတ္အကြက္ခ် စီစဥ္ထားဖို႔ဆိုတာ ဘယ္ေလာက္ထိ ခက္ခဲမယ္မွန္း မွန္းစၾကည့္ႏိုင္ပါတယ္။
Operation Wrath Of God မွာ အဖြဲ႔ခြဲေပါင္းမ်ားစြာ ပါဝင္ပါတယ္။ ထူးျခားခ်က္ကေတာ့ အဖြဲ႔သားသူလွ်ိဳေတြအားလံုးဟာ အရပ္သားေတြသာ ျဖစ္ပါတယ္။ စစ္တပ္မွ မဟုတ္ပါဘူး။ စစ္တပ္မွ ေလ့က်င့္ေပးထားတဲ့ ေအးဂ်င့္ေတြလည္း မဟုတ္ပါဘူး။ ဒီစစ္ဆင္ေရးမွာ ပါဝင္ခဲ့သူေတြအားလံုးဟာ သူလွ်ိဳလုပ္ငန္းအေတြ႔အၾကံဳ လံုးဝမရွိသူေတြ ျဖစ္ပါတယ္။ ဒီအခ်က္က covert စစ္ဆင္ေရးေတြထဲမွာ သူမ်ားႏိုင္ငံေတြက စစ္ဆင္ေရးေတြနဲ႔လံုးဝမတူတဲ့ အစၥေရးရဲ႕ ဗ်ဴဟာပါပဲ။ ပိုၿပီးေတာ့ အံ့အားသင့္စရာေကာင္းတာကို ဗဟုသုတအေနနဲ႔ ေျပာျပရမယ္ဆိုရင္ ကမၻာေက်ာ္ အစၥေရးေထာက္လွမ္းေရးအဖြဲ႔အစည္း Mossad တစ္ခုလံုးဟာ အရပ္သားေတြနဲ႔သာ ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အစၥေရးက သူတို႔ေထာက္လွမ္းေရးအဖြဲ႔ကို "ကမၻာေပၚမွာ ျပည္သူအခ်စ္ဆံုး ေထာက္လွမ္းေရးအဖြဲ႔"လို႔ တင္စားေျပာၾကပါတယ္။
Munich ဇာတ္ကားဟာ Operation Wrath Of God ရဲ႕ လုပ္ၾကံမႈ သူလွ်ိဳလုပ္ငန္းေတြကို ရိုက္ျပထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ Mossad ရဲ႕ လႈပ္ရွားပံုေတြ၊ သူလွ်ိဳတစ္ေယာက္ရဲ႕ ဒုကၡဘဝေတြ၊ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ အၿငိဳးေတးထားပံု၊ လက္စားေခ်ပံုေတြ၊ လူ႔အတၱ၊ လူ႔ေဒါသ၊ လူ႔ေမာဟ၊ စတာေတြကို ေတြ႔ျမင္ရမွာပါ။
ဒီဇာတ္ကားကို ဒါရိုက္တာႀကီး Steven Spielberg က ရိုက္ကူးထားတာ ျဖစ္ၿပီး အဓိကဇာတ္ေဆာင္အျဖစ္ မင္းသား Eric Bana နဲ႔ အဲဒိတုန္းက ဂ်ိမ္းစ္ဘြန္းမင္းသား မျဖစ္ေသးတဲ့ Daniel Craig တို႔က သရုပ္ေဆာင္ထားပါတယ္။ စတီဗင္စပီးလ္ဘာ့တ္ရဲ႕ လက္ရာေကာင္းတစ္ခုျဖစ္ၿပီး ေဝဖန္ေရးေတြ သိပ္ႀကိဳက္ၾကတဲ့ဇာတ္ကားပါ။ အကယ္ဒမီဆုအတြက္ ဆု ၅ ဆု စကာတင္စာရင္း ဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ဇာတ္ကားရဲ႕ဝင္ေငြကေတာ့ အင္မတန္နည္းပါးခဲ့ပါတယ္။
ဒီဇာတ္ကားဟာ ျဖစ္ရပ္မွန္ကို ျပန္လည္တင္ျပထားတာျဖစ္လို႔ သမိုင္းေၾကာင္း မသိရင္ ၾကည့္ရတာ အရသာေပါ့ေနမွာ အမွန္ပါ။ အဲဒါေၾကာင့္ ေနာက္ခံသမုိင္းကိုပဲ ကြ်န္ေတာ္ ရွင္းျပၿပီး ေရးေပးလိုက္ပါတယ္။ ဇာတ္ကားနဲ႔ပတ္သက္တာ ဘာတစ္ခုမွ ထည့္မေရးထားပါ။ မၾကည့္ရေသးသူေတြၾကည့္ၾကမယ္ဆိုရင္လည္း spoiler မျဖစ္ေတာ့ေအာင္ပါ။
ဇာတ္ကားၾကည့္ေနတုန္းမွာ တစ္ခုေလးကိုပဲ ေသခ်ာသတိထားၿပီး ၾကည့္ေပးပါ။ Spy (သူလွ်ိဳ ) နဲ႔ Informer (သတင္းေပး) ႏွစ္ေယာက္ ေျပာတဲ့ Dialogue ေတြကိုပါ။ မွတ္သားစရာ တအားေကာင္းပါတယ္။


FULL MOVIE ကုိေတာ႔ okkalanet ရိွ အသစ္ထြက္ရိွေသာ movie ဇာတ္ကားမ်ား folder ထဲတြင္ ၀င္ေရာက္ၾကည္႔ရႈ႔ႏုိင္ပါသည္

No comments:

Post a Comment

Posts

Blogger Tips and TricksLatest Tips And TricksBlogger Tricks